326148972_902893167515621_1218707416661161692_n

ဒေါင်းမြရီ

လင်းရောင်နီ၊စဘေ၊

Review by …..

ဒေါင်းမြရီစာအုပ်လေး ထွက်ပါပြီ

” ဒေါင်းမြရီ ” ဝတ္ထုရှည်ထဲမှာတော့ ” မြရီ ” ဆိုတဲ့ စဘေရွာသူကလေး ဘဝကနေ ” ဒေါင်းမြရီ ” ဆိုတဲ့ ပညာအရှိန်ကျော်စောတဲ့ သဘင်သည်တစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရပုံ၊ သဘင်သည်အဆင့်ဆင့်ထံ ချဉ်းကပ်ပြီး သဘင်အတတ်ပညာ မင်းသမီးအတတ်ပညာတွေကို သင်ယူအားထုတ်ခဲ့ရပုံ၊ ဆူကြုံနိမ့်မြင့် လောကဓံတရားတွေကို တွေ့ကြုံရင်ဆိုင်ခဲ့ရပုံ၊ “ဒေါင်းမြရီ” ဘဝမှသည် မင်းတိုင်ပင်ရွာမှာ ဇာတ်မြှုပ်နေထိုင်ရင်း “ခင်ထားရီ” ဆိုတဲ့ မိန်းမငယ်လေး(ရန်သူရဲ့သွေး)တစ်ယောက်ကို မွေးမြူခဲ့တဲ့ “ဒေါ်မိန်းကလေး” ဘဝအထိ အမြှုပ်အဖော် အလှည့်အပြောင်းလေးတွေနဲ့ ကျွန်တော်တတ်စွမ်းသမျှ အားထုတ်ရေးဖွဲ့ထားတာကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။

သဘင်သည်ကြီးတွေဖြစ်တဲ့ အမေကောလိပ်၊ နံ့သာမြေ ဒေါ်ကျော့မေ၊ အမေသြဇာ တို့ရဲ့ သဘင်ဝမ်းစာ ပြည့်ဝမှု၊ သုခုမအနုပညာအပေါ် တန်ဖိုးထားမှု၊ သဘင်လောကအပေါ် သစ္စာစောင့်သိမှုတို့ကိုလည်း တွေ့မြင်ရမှာဖြစ်သလို၊ ကိုဆောင်ပန်းနဲ့ ကိုကြာမြိုင်ကဲ့သို့သော သဘင့်ကပ်ပါးကောင် သဘင်ဖျက်ပိုးတွေရဲ့ စက်ဆုပ်ဖွယ် စရိုက်၊ သဘင်လောကအပေါ် တန်ဖိုးမထားမှုတို့ကိုလည်း သိရှိရမှာပါ။ မန္တလေးနောက်ခံ သဘင်လောကနဲ့ အိမ်တော်ရာဘုရားပွဲ ကဲ့သို့သော မန်းမြို့ရဲ့အထင်ကရ ပွဲတော်တွေအကြောင်းကိုလည်း တစေ့တစောင်း ထည့်သွင်းရေးဖွဲ့ထားတာမို့၊ တစ်ချိန်က အငြိမ့်ခေတ် သဘင်ခေတ်ကိုလည်း မြင်ယောင် လွမ်းမောစေမှာပါ။ မြန်မာမှု မြန်မာ့ဟန်၊ အညာကျေးလက် ဓလေ့စရိုက်တွေနဲ့ ခေတ်ဟောင်းသဘင်လောကကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

လူပြက် ကိုလေပြေနဲ့ ဒေါင်းမြရီတို့ရဲ့ ကြည်နူးစရာ ချစ်မေတ္တာခန်း၊ မင်းမျက်ရွာသား မောင်စောမောင်နဲ့ မင်းတိုင်ပင်ရွာသူ မျက်မမြင်ဒုက္ခိတမလေး ခင်ထားရီတို့ရဲ့ လွမ်းဆွတ်နာကျင်ဖွယ် ဇာတ်လမ်းဇာတ်ကွက်တို့ကိုလည်း ခံစားရပါလိမ့်မယ်။ အရာရာကိုကို အလေးအနက်မထားဘဲ လျှပ်ပေါ်လော်လည်စွာ ပေါ့ပျက်ပျက် နေထိုင်ခဲ့ပြီး၊ ရည်းစားသနာကို ထိုင်မသိမ်းလဲသလို ထည်လဲထားခဲ့ပေမယ့် ကိုကြာမြိုင်ကိုမှ တစ်ဖက်သက်အရူးအမူး စွဲလမ်းခဲ့ရတဲ့ မင်းသမီးဗေဒါပျံ၊ ဒေါင်းမြရီကို ပိုင်ဆိုင်ခွင့်မရတဲ့အဆုံး ဒေါင်းမြရီရဲ့ဘဝတစ်ခုလုံးကို ထုံးလိုချေရေလိုနှောက်ပြီး ပျက်စီးရာပျက်စီးကြောင်း ကြံစည်ခဲ့တဲ့ မင်းသားကြာမြိုင်•••၊ ဦးသစ်ဆန်းရဲ့ “သဘင်နန်း” အငြိမ့်နဲ့ ကိုကြာမြိုင်ရဲ့ “ပဒုမ္မာသဘင်” တို့ရဲ့ အားပြိုင်မှု•••။

အသိပညာ အတတ်ပညာတွေ၊ မေတ္တာတရားတွေ၊ အမုန်းနဲ့ အာဃာတတွေ၊ လက်စားချေလိုမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဒေါင်းမြရီဆိုတဲ့ သဘင်သည် တစ်ယောက်ရဲ့ ဘဝကို ကျွန်တော်လက်လှမ်းမီသမျှနဲ့ အားထုတ်ဖွဲ့သီခဲ့ပါတယ်။ ပညာတွေ၊ မာနတွေ၊ အတ္တတွေနဲ့ ဖွဲ့တည်ထားတဲ့ ဒီဇာတ်အိမ်ရဲ့ အဆုံးသတ်ဟာ လက်စားချေခြင်းတွေနဲ့လား၊ ခွင့်လွှတ်ခြင်းတွေနဲ့လားဆိုတာကိုတော့•••။

( ဆရာလင်းရောင်နီ-စဘေ၏ အမှာစာမှ )

စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…

TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…

(Ko Latt Book Shop)

အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,

09265020068 , 09965020068 , 09885020068

Our Promotion

TRUSTY နဲ့ Vintage Luxury Yacht Hotel တို့ရဲ့ Valentine Day Promotion
Promotion

TRUSTY နဲ့ Vintage Luxury Yacht Hotel တို့ရဲ့ Valentine Day Promotion

Real Name ဖြစ်ပြီးသူတိုင်း Red Packet ၁၀၀၀ ကျပ်လက်ဆောင်ရယူလိုက်ပါ…
Promotion

Real Name ဖြစ်ပြီးသူတိုင်း Red Packet ၁၀၀၀ ကျပ်လက်ဆောင်ရယူလိုက်ပါ…

TRUSTY က Co-Sponsor ပေးထားတဲ့ Table tennis ပြိုင်ပွဲ
Promotion

TRUSTY က Co-Sponsor ပေးထားတဲ့ Table tennis ပြိုင်ပွဲ

TRUSTY ရဲ့ Times City November ဈေးရောင်းပွဲတော်
Promotion

TRUSTY ရဲ့ Times City November ဈေးရောင်းပွဲတော်

ကော်ဖီလည်းသောက် … ကူပွန်လဲသုံး
Promotion

ကော်ဖီလည်းသောက် … ကူပွန်လဲသုံး

Yadanar Hlaing Tea Shop ရဲ့ One day promotion
Promotion

Yadanar Hlaing Tea Shop ရဲ့ One day promotion

ရင်ခုန်စရာ Lucky 7 ရက်နေ့ကိုစောင့်မျှော်ပါ
Promotion

ရင်ခုန်စရာ Lucky 7 ရက်နေ့ကိုစောင့်မျှော်ပါ

Min Htet Kyaw Tea Shop ရဲ့ One Day Promotion!
Promotion

Min Htet Kyaw Tea Shop ရဲ့ One Day Promotion!

TRUSTY ချစ်သူတို့ အတွက် သတင်းကောင်း…
Promotion

TRUSTY ချစ်သူတို့ အတွက် သတင်းကောင်း…

TRUSTY Member များအတွက် 500 ကျပ်တန် TRUSTY Coupon
Promotion

TRUSTY Member များအတွက် 500 ကျပ်တန် TRUSTY Coupon

Ba Kan Tea Shop ရဲ့ Special Promotion!
Promotion

Ba Kan Tea Shop ရဲ့ Special Promotion!

TRUSTY ရဲ့ ကြီးကျယ်စည်ကားတဲ့ December ဈေးရောင်းပွဲတော်
Promotion

TRUSTY ရဲ့ ကြီးကျယ်စည်ကားတဲ့ December ဈေးရောင်းပွဲတော်

အရသာရှိတဲ့ Takoyaki စားပြီး TRUSTY နဲ့ရှင်းမယ်
Promotion

အရသာရှိတဲ့ Takoyaki စားပြီး TRUSTY နဲ့ရှင်းမယ်

ရေကူးဝါသနာပါသူများအတွက် အထူးသတင်းကောင်း
Promotion

ရေကူးဝါသနာပါသူများအတွက် အထူးသတင်းကောင်း

Handmade လေးတွေကို TRUSTY နဲ့ ဝယ်ရအောင်
Promotion

Handmade လေးတွေကို TRUSTY နဲ့ ဝယ်ရအောင်

TRUSTY နှင့်အတူရှိမယ့် Vintage Luxury Yacht Hotel ရဲ့ V-Bazaar ပွဲတော်
Promotion

TRUSTY နှင့်အတူရှိမယ့် Vintage Luxury Yacht Hotel ရဲ့ V-Bazaar ပွဲတော်

TRUSTY နဲ့ရှင်းလို့ရတဲ့ San Taw Hme Tea Shop ရဲ့ One Day Promotion!
Promotion

TRUSTY နဲ့ရှင်းလို့ရတဲ့ San Taw Hme Tea Shop ရဲ့ One Day Promotion!

TRUSTY နဲ့ရှင်းလို့ရတဲ့ Social Media မှာ trend ဖြစ်နေတဲ့ Barica café
Promotion

TRUSTY နဲ့ရှင်းလို့ရတဲ့ Social Media မှာ trend ဖြစ်နေတဲ့ Barica café

ဘယ်မှာမှ မရနိုင်တဲ့ အခွင့်အရေး…
Promotion

ဘယ်မှာမှ မရနိုင်တဲ့ အခွင့်အရေး…

November 5,6,7ရက်နေ့တွေမှာ TRUSTY နဲ့အတူ ပွဲဈေးလျှောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
Promotion

November 5,6,7ရက်နေ့တွေမှာ TRUSTY နဲ့အတူ ပွဲဈေးလျှောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

{"slide_show":3,"slide_scroll":1,"dots":"false","arrows":"true","autoplay":"true","autoplay_interval":"4000","speed":600,"loop":"true","design":"design-1"}

Write A Comment