အချစ်ရိုင်းရဲ့အရိုင်းချစ် (Leopard in the snow by Anne Mathers)
အချစ်ရိုင်းရဲ့အရိုင်းချစ် (Leopard in the snow by Anne Mathers) တင်မောင်မြင့် (မြန်မာပြန်) Review by ….. Thu_Tayy_Sit Romantic ဖြစ်တဲ့၊ sweet တဲ့ စာအုပ်မျိုး အခုချိန်ဖတ်ချင်တယ်ဆိုရင် ဒါလေးဖတ်ကြည့်ပါ။ သင်ဟာ စာအုပ်ဂိကြီးဖြစ်ပြီး၊ ဗဟုသုတတွေ၊ အချက်အလက်အကြောင်းအရာတွေအများကြီးပါမှ စာအုပ်ကို ဖတ်မယ်ဆိုရင်တော့ ဒါကိုမရွေးပါနဲ့။ ဒါပေမဲ့ ရသစာအုပ်တွေထဲကတစ်အုပ်ဖြစ်တာမို့ စိတ်ခံစားမှုလေး ကောင်းနေချင်တယ်ဆိုရင်တော့ ဒီစာအုပ်ကိုရွေးဖတ်လို့ရပါတယ်။ တစ်ခါတစ်လေမှာလည်း အကြည်ဓာတ်ကလေးတွေ ရတဲ့စာအုပ်မျိုးလေးတွေဖတ်ပေးရတာမျိုးပေါ့။ အမြဲတမ်း လေးလေးပင်ပင်နဲ့ရုန်းကန်လှုပ်ရှား၊ ဒုက္ခတွေကြားထဲဖြတ်သန်းနေရတာတွေချည်းဖတ်နေရလို့ နည်းနည်းအပြောင်းအလဲလေးဖတ်ချင်တယ်ဆိုရင်တော့ သင့်တော်မှာပါ။ ဒီစာအုပ်ဟာ တကယ့်ကိုလူနှစ်ယောက်တွေ့ပြီး ချစ်ကြတာကလွဲလို့ဘာမှမပါပါဘူး။ တချို့လူတွေအတွက်တော့...