Do you love for the rest of my life

ချစ်ရေ…တစ်သက်လုံးချစ်မှာလား

ချစ်ရေ…တစ်သက်လုံးချစ်မှာလား ချမ်းငြိမ်း (ဟံသာဝတီ) Review by ….. ”ချစ်ရေ”…… ကျတော်ဟာလူကြီးစာဖတ်ပရိတ်သတ်များသာမကလူငယ်စာဖတ်ပရိတ်သတ်များအတွက်ပါစာအုပ်များရေးသားလာခဲ့တာဆယ့်တစ်အုပ်ရှိပြီးဖြစ်ပါတယ်။ကျတော့်စိတ်ထဲဆယ့်နှစ်အုပ်မြောက်အဖြစ်ယနေ့ခတ်လူငယ်ချစ်သူစုံတွဲများ၊အိမ်ထောင်ရှင်မောင်နှံများ၊”အချစ်”ဆိုသောအရာကိုတန်ဖိုးထားသောလူငယ်များအတွက်စာအုပ်တစ်အုပ်ရေးချင်နေမိပါတယ်။ လောကလူသားတွေဖြေရှင်းလို့မရသေးတဲ့ပုဒ်စာတွေထဲမှာ ”အချစ်”ဆိုတဲ့အရာဟာထိပ်ဆုံးမှာရှိနေပါတယ်။ အချစ်ဟာစွမ်းအားအပြင်းဆုံးခံစားချက်ဖြစ်လို့ အချစ်အတွက်ကြောင့်ဓားတောင်ကိုကျော်ရဲကြတယ်။ အချစ်အတွက်မီးပင်လယ်ကိုဖြတ်ကူးရဲကြပြန်တယ်။ အချစ်အတွက် ရိုမီယိုနဲ့ဂျူလီယက်လိုသေပွဲဝင်ရဲကြပြီး အချစ်အတွက်နဲ့တိုက်ပွဲဝင်ရဲကြသလို အချစ်အတွက်နဲ့မသတီစရာကောင်းလောက်အောင်သစ္စာဖောက်ရဲကြတယ်။ အချစ်ဆိုဟာကုန်ခမ်းသွားတတ်တဲ့သဘောလည်းရှိတတ်တယ်။ တချို့အချစ်တွေဟာရာသက်ပန်၊ရိုးမြေကျတသွင်တည်းရှိပေမဲ့တချို့အတွက်ကျတော့အချစ်ဟာကာလကြာရင်နွမ်းခြောက်သွားတဲ့ပန်းနှင့်မခြားတဲ့သဘောသဘာဝရှိတယ်။ အဲဒီတော့…..ချစ်တတ်ကြပြီး၊ချစ်နေကြပြီးဆိုရင်သက်ဆုံးအထိချစ်မယ်ရွယ်စူးလား၊ဘဝနောက်တစ်ကွေ့နောက်တစ်လှည့်မှာနောက်အချစ်ကိုတွေ့မလားဆိုပြီးစိတ်ကစားတတ်တဲ့နှလုံးသားတွေရှိတတ်ကြပြန်တယ်။ အိန္ဒိယစာရေးဆရာဖရန်ပီဘာလာရေးသားထားတဲ့A Happy Married Life ကိုဘာသာပြန်ဆိုထားပြီး”ချစ်ရေ…တစ်သက်လုံးချစ်မှာလား”လို့ဘာသာပြန်ဆိုသူကျတော်ကနာမည်ပေးထားပါတယ်။ဒီစာအုပ်ကတော့..တစ်ယောက်ဆိုတစ်ယောက်ကို တစ်သက်လုံး..ချစ်ရေ…ဒါမှမဟုတ်..အချစ်လို့ခေါ်မယ်လို့ရွယ်စူးသူတွေအတွက်ပါ။ ယခုစာအုပ်လေးအားယနေ့ခတ်လူငယ်စုံတွဲချစ်သူတိုင်း၊ အိမ်ထောင်ရှင်တိုင်းထိုထပ်ပို၍”အချစ်”ကိုတန်ဖိုးထားသောလူငယ်တိုင်းဖတ်သင့်သောစာအုပ်လို့ဆိုချင်မိပါတယ်။ ဖတ်ရှုပြီး”အချစ်”အမြင်ထူးနိုင်ကြပါစေ… ချမ်းငြိမ်း(ဟံသာဝတီ) စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက… TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ… (Ko Latt Book Shop) အမှတ်...

326148972_902893167515621_1218707416661161692_n

ဒေါင်းမြရီ

ဒေါင်းမြရီ လင်းရောင်နီ၊စဘေ၊ Review by ….. ဒေါင်းမြရီစာအုပ်လေး ထွက်ပါပြီ ” ဒေါင်းမြရီ ” ဝတ္ထုရှည်ထဲမှာတော့ ” မြရီ ” ဆိုတဲ့ စဘေရွာသူကလေး ဘဝကနေ ” ဒေါင်းမြရီ ” ဆိုတဲ့ ပညာအရှိန်ကျော်စောတဲ့ သဘင်သည်တစ်ယောက် ဖြစ်လာဖို့ ဖြတ်သန်းခဲ့ရပုံ၊ သဘင်သည်အဆင့်ဆင့်ထံ ချဉ်းကပ်ပြီး သဘင်အတတ်ပညာ မင်းသမီးအတတ်ပညာတွေကို သင်ယူအားထုတ်ခဲ့ရပုံ၊ ဆူကြုံနိမ့်မြင့် လောကဓံတရားတွေကို တွေ့ကြုံရင်ဆိုင်ခဲ့ရပုံ၊ “ဒေါင်းမြရီ” ဘဝမှသည် မင်းတိုင်ပင်ရွာမှာ ဇာတ်မြှုပ်နေထိုင်ရင်း “ခင်ထားရီ” ဆိုတဲ့ မိန်းမငယ်လေး(ရန်သူရဲ့သွေး)တစ်ယောက်ကို မွေးမြူခဲ့တဲ့ “ဒေါ်မိန်းကလေး” ဘဝအထိ အမြှုပ်အဖော် အလှည့်အပြောင်းလေးတွေနဲ့...

Dark pink rain clouds

ခရမ်းရင့်ရောင်မိုးတိမ်များ

ခရမ်းရင့်ရောင်မိုးတိမ်များ ခွန်ညိုသွေး (ဖရောဆန်) Review by …… “ရွှေကွန်ရက်နဲ့တူ” —————- မေမီမင်းမြိုင် အိပ်နေရာက ဆောင့်ခနဲ လန့်နိုးလာတယ်။ တကယ့်ကို လန့်နိုးပြီး ဆောင့်ခနဲ ထထိုင်တာ။ တစ်ခုခုကို သတိရသလိုမျိုး အိပ်မက်ဆိုးက နိုးလာသလိုမျိုး။ ရုတ်တရက် ထထိုင်လိုက်ရတာ ခေါင်းမူးသလိုလိုနဲ့ မကြည်မလင်။ အပျိုဘဝတုန်းကဆိုရင်တော့ ဟိုဘက်လှည့် ဒီဘက်လှည့်ပြီး ပြန်နှပ်မိနေဦးမှာ။ ခုက မဖြစ်ရေးချမဖြစ်။ မီးက ၅ နာရီဆို ပျက်မှာလား မသိဘူး။ စိတ်ရဲ့ နှိုးစက်မျိုးစုံကြောင့် ထပြီး ရေချိုးခန်းခဏဝင်၊ မျက်နှာအမြန်သစ်ပြီး ထမင်းအိုး တည်ထားလိုက်တယ်။ ဆယ်တန်းတုန်းက အလင်္ကာမြောက်ကြောင်း အော်ကျက်ခဲ့တဲ့...

business executive quarterly planning system 2

Business Executive quarterly planning system

Business Executive quarterly planning system နိုင်ဝင်းအောင် (CEO Coach) Review by ….. နှစ်သစ် ၂၀၂၃ ကို အကျိုးရှိရှိ ဖြစ်သန်းချင်သူတွေအတွက် စာအုပ်လေးတအုပ် ညွှန်းပေးချင်ပါတယ်။ စာအုပ်နာမည်လေးက Business Executive Quarterly Planning System (QPS) လို့ ခေါ်ပါတယ်။ အဲဒီ QPS စာအုပ်လေးနဲ့ဆိုရင် ကိုယ့်ရဲ့အချိန်ကို လအလိုက်၊ ရက်သတ္တပတ်အလိုက်၊ နေ့အလိုက် အစီအစဥ်ဆွဲပြီး ထိထိရောက်ရောက် အသုံးချပြီး ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။ စာအုပ်ရဲ့အစမှာ Give & Take (အပေးအယူ)...