• Home
  • >>
  • News
  • >>
  • Trusty အကောင့်ကို ငွေသွင်း ငွေထုတ် ဘယ်လိုလုပ်မလဲ။...

Trusty အကောင့်ကို ငွေသွင်း ငွေထုတ် ဘယ်လိုလုပ်မလဲ။

Trusty အကောင့်ထဲသို့အောက်ပါနည်းလမ်း 3 ခု ထဲမှ တစ်နည်းနည်းဖြင့် ငွေသွင်း ၊ ငွေထုတ်ပြုလုပ်နိုင်ပါသည်။

  • 1. ကုမ္ပဏီ၏ ရုံးချုပ်ရှိရာ အိုလံပစ်ဟိုတယ်
  • 2. (KBZ, AYA, CB) ဘဏ်များမှ Trusty အကောင့်သို့
  • 3. Merchantဆိုင်များ၏ Cash in/out counter
1. ကုမ္ပဏီ၏ ရုံးချုပ်ရှိရာ အိုလံပစ်ဟိုတယ်

လိပ်စာ – အိုလံပစ်ဟိုတယ်၊မြေညီထပ်၊ အမျိုးသားရေကူးကန်ဝင်း၊ ဦးဝိစာရလမ်း၊ ဒဂုံမြို့နယ်။ Cash OfficeDepartment ၏ counter တွင် ငွေသားပေးပြီး သင့် Trusty အကောင့်နံပါတ်ပေးကာ ငွေသွင်းနိုင်ပါသည်။ ငွေထုတ်လိုပါက ထုတ်လိုသည့်ငွေပမာဏအားသင့် Trusty A/C မှ counter သို့လွှဲကာ ငွေထုတ်နိုင်ပါသည်။

2. (KBZ, AYA, CB) ဘဏ်များမှ Trusty အကောင့်သို့

KBZ ဘဏ်မှ ငွေသွင်းနည်း(၂) နည်းရှိပါသည်။ ပထမတစ်မျိုးမှာkbz bank တွင် Quick pay ဖြင့် Trusty အကောင့်ထဲသို့ငွေသွင်းမည်ဟု ပြော၍ နာမည်၊ ဖုန်းနံပါတ်နှင့် Trusty အကောင့်နံပါတ်ဖြည့်စွက်ပြီးလုပ်ဆောင်နိုင်ပါပြီ။ အသေးစိတ်ပြုလုပ်နည်းကို အောက်ပါလင့်ခ်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ Trusty User များ KBZ Bank တွင် အလွယ်တကူငွေသွင်းနိုင်ပြီ။

ဒုတိယတစ်မျိုးမှာ kbz website မှ Trustyအကောင့်ထဲသို့ငွေသွင်းခြင်းဖြစ်သည်။ https://payment.kbzbank.com/ လင့်ခ် ကိုနှိပ်ပါ ဖုန်းနံပါတ်၊ ငွေပမာဏ၊Trusty အကောင့်နံပါတ်နှင့် အမည်တို့ကို ဖြည့်စွက်ပြီးနောက် လုပ်ဆောင်နိုင်ပါပြီ။ အသေးစိတ်ပြုလုပ်နည်းကိုအောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်

ဘဏ်ထိသွားစရာမလိုဘဲ Trusty account ထဲသို့ ငွေဖြည့်နိုင်ပြီ AYA Bank နှင့်CB Bank တို့မှ Trusty အကောင့်သို့ငွေသွင်းမည်ဆိုပါက အောက်ပါအကောင့်များသို့ငွေသွင်းပြီး Trusty Hotline သို့ဖုန်းဆက်အကြောင်းကြားပေးရပါမည်။

Trusty မှ အခြားဘဏ်အကောင့်များသို့ ငွေလွှဲခြင်း မိမိဖုန်း Trusty A/C မှ A/C No. – 0011610000001, A/C Name – Cash Office Counter(I) သို့ငွေလွှဲပါ။ အသေးစိတ်ပြုလုပ်နည်းကိုအောက်ပါလင့်ခ်တွင် ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ Trusty Account မှ Bank Account များထဲသို့ လွယ်ကူစွာ ငွေသွင်းနိုင်ပြီ

3. Merchantဆိုင်များ၏ Cash in/Out counter

မိမိဖုန်း၏Trusty App ထဲမှ main page ပင်မစာမျက်နှာအောက်တွင် ပြေးနေသောအကွက် slide လေးများ၌ ငွေသွင်း/ငွေထုတ် ပြုလုပ်နိုင်သည့်နေရာများ ဆိုသည့်အကွက်ကို နှိပ်ပါ။Cash in/out counter များ၏ တည်နေရာလိပ်စာ အတိုင်းသွားရောက် ငွေသွင်း/ထုတ် ပြုလုပ်နိုင်ပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant