Zawgyi Version
၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္)သည္ (၁၄-၄-၂၀၂၀) ရက္ေန႔တြင္ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးမွ ေပးပို႔လာေသာ ေစာင့္ၾကည့္လူနာ (၁၁၂) ဦးႏွင့္ အသြား အလာကန႔္သတ္ျခင္း/ တားျမစ္ျခင္း ေဆာင္ရြက္ထားရွိသူ (၂၈၁) ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ား စုစုေပါင္း (၃၉၃)ခုအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ ေဖာ္ျပထားသူ (၁၂)ဦးတို႔၏ ဓာတ္ခြဲနမူနာ မ်ားတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရၿပီး က်န္ (၃၈၁)ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိေၾကာင္း သိရွိရပါသည္။
၂။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-063)၏ သတင္းကို (၁၄-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီသတင္းတြင္ ထုတ္ျပန္ၿပီးျဖစ္ပါသည္။
၃။ သို႔ျဖစ္ရာ (၁၅-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၁၀:၀၀) နာရီအခ်ိန္အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ (၇၄) ဦး ေတြ႕ရွိခဲ့ၿပီးျဖစ္ပါသည္။
၄။ အဆိုပါ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၂) ဦး၏ က်န္းမာေရးအေၿခ အေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိၿပီး ၎တို႔အား သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ ပို႔ေဆာင္၍ လိုအပ္သလို ကုသမႈေပးရန္ စီစဥ္ေဆာင္ရြက္လ်က္ရွိပါသည္။
Unicode Version
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာသော စောင့်ကြည့်လူနာ (၁၁၂) ဦးနှင့် အသွား အလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ (၂၈၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၉၃)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၁၂)ဦးတို့၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၈၁)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။
၂။ ဓာတ်ခွဲအတည်ပြုလူနာ (Case-063)၏ သတင်းကို (၁၄-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
၃။ သို့ဖြစ်ရာ (၁၅-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၇၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။
၄။ အဆိုပါ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၂) ဦး၏ ကျန်းမာရေးအခြေ အနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပြီး ၎င်းတို့အား သက်ဆိုင်ရာဆေးရုံများသို့ ပို့ဆောင်၍ လိုအပ်သလို ကုသမှုပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။