• Home
  • >>
  • News
  • >>
  • COVID-19 ကြောင့် လူ ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့်အား...

COVID-19 ကြောင့် လူ ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်

Zawgyi Version

COVID-19 ေၾကာင့္ လူ ၅ ဦးထက္ ပိုမိုစုေဝးျခင္းမျပဳရန္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ယေန႔ (ဧၿပီ ၁၆ ရက္) ညပိုင္းတြင္ ျမန္မာ့အသံႏွင့္႐ုပ္ျမင္သံၾကားမွတစ္ဆင့္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထုတ္ျပန္ခ်က္တြင္ ျပည္ေထာင္စုျမန္မာနိုင္ငံ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္ႏွင္းေရး ဥပေဒပုဒ္မ ၂၁ ပုဒ္မခြဲ (ခ) ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ အမိန႔္ကိုထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။ ထုတ္ျပန္ခ်က္တြင္ COVID 19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္နိင္ေရးအတြက္ လူ ၅ ဦး ျဖစ္ေစ၊ ၅ ဦးအထက္ ျဖစ္ေစ စုေဝးျခင္းမျပဳရဟု ထုတ္ျပန္ခဲ့သည္။

ထုတ္ျပန္ရာတြင္ (က) အစိုးရအဖြဲ႕မ်ား တာဝန္ထမ္းေဆာင္ရန္ လုပ္ငန္းခြင္သို႔ သြားေရာက္ျခင္း၊ လုပ္ငန္းခြင္မွ ျပန္ျခင္း၊ (ခ) ကုမၸဏီ စက္႐ုံ အလုပ္႐ုံမ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ လုပ္ငန္းခြင္သို႔ သြားေရာက္ျခင္း၊ လုပ္ငန္းခြင္မွ ျပန္ျခင္း၊ (ဂ) ခြင့္ျပဳခ်က္ ရရွိထားေသာ ေစ်း၊ ကုန္တိုက္မ်ားတြင္ ေစ်းေရာင္းေစ်းဝယ္ျပဳျခင္း (ဃ) ခြင့္ျပဳခ်က္ရရွိထားတဲ့ ကုန္စည္သယ္ယူပို႔ေဆာင္ေရး ေဆာင္ရြက္ျခင္း၊ (င) တရားစီရင္ေရးဆိုင္ရာကိစၥရပ္မ်ား ေဆာင္ရြက္ျခင္း၊ (စ) ခြင့္ျပဳခ်က္ႏွင့္အညီ COVID-19 ကာကြယ္၊ ႏွိမ္နင္းေရးလုပ္ငန္းမ်ား ေဆာင္ရြက္ျခင္း၊ (ဆ) အေရးေပၚကယ္ဆယ္ေရးလုပ္ငန္းႏွင့္ အေရးေပၚ ကိစၥရပ္မ်ား ေဆာင္ရြက္ျခင္း၊ (ဇ) က်န္းမာေရးႏွင့္ စပ္လ်ဥ္း၍ ေဆး႐ုံေဆးခန္းသို႔ သြားေရာက္ျခင္း (ဈ) နာေရးကိစၥေဆာင္ရြက္ျခင္းတို႔ကို ေဆာင္ရြက္ရန္ ထုတ္ျပန္ထားသည္။

ထုတ္ျပန္ထားသည့္ ထုတ္ျပန္ေၾကျငာခ်က္မ်ားကို မလိုက္နာပါက ကူးစက္ေရာဂါကာကြယ္ႏွိမ္နင္းေရး ဥပေဒအရ အေရးယူေဆာင္ရြက္မည္ဟု ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အမိန႔္အမွတ္ ၃၇/၂၀၂၀ အရ လတ္မွတ္ေရးထိုး ထုတ္ျပန္ထားသည္။

Unicode Version

COVID-19 ကြောင့် လူ ၅ ဦးထက် ပိုမိုစုဝေးခြင်းမပြုရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ (ဧပြီ ၁၆ ရက်) ညပိုင်းတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထုတ်ပြန်ချက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အမိန့်ကိုထုတ်ပြန်ခဲ့ကြောင်း သိရသည်။ ထုတ်ပြန်ချက်တွင် COVID 19 ရောဂါ ကာကွယ်ထိန်းချုပ်နိင်ရေးအတွက် လူ ၅ ဦး ဖြစ်စေ၊ ၅ ဦးအထက် ဖြစ်စေ စုဝေးခြင်းမပြုရဟု ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ရာတွင် (က) အစိုးရအဖွဲ့များ တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်ခြင်း၊ (ခ) ကုမ္ပဏီ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့ သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှ ပြန်ခြင်း၊ (ဂ) ခွင့်ပြုချက် ရရှိထားသော စျေး၊ ကုန်တိုက်များတွင် စျေးရောင်းစျေးဝယ်ပြုခြင်း (ဃ) ခွင့်ပြုချက်ရရှိထားတဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်း၊ (င) တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ (စ) ခွင့်ပြုချက်နှင့်အညီ COVID-19 ကာကွယ်၊ နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ (ဆ) အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့် အရေးပေါ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ (ဇ) ကျန်းမာရေးနှင့် စပ်လျဉ်း၍ ဆေးရုံဆေးခန်းသို့ သွားရောက်ခြင်း (ဈ) နာရေးကိစ္စဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ရန် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ထားသည့် ထုတ်ပြန်ကြေငြာချက်များကို မလိုက်နာပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမိန့်အမှတ် ၃၇/၂၀၂၀ အရ လတ်မှတ်ရေးထိုး ထုတ်ပြန်ထားသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant