• Home
  • >>
  • News
  • >>
  • COVID-19 ကူးစက်ပျံ့နှံ့မှုအား ဆက်လက်ထိန်းချုပ်ရန် လိုအပ်သဖြင့် ထုတ်ပြန...

COVID-19 ကူးစက်ပျံ့နှံ့မှုအား ဆက်လက်ထိန်းချုပ်ရန် လိုအပ်သဖြင့် ထုတ်ပြန်ထားသည့် အမိန့်များအား ဇွန် ၃၀ ရက်အထိ တိုးမြှင့်သတ်မှတ်

Zawgyi Version

COVID-19 ေရာဂါပိုး ကူးစက္ပ်ံ႕ႏွံ့မႈအား ဆက္လက္ထိန္းခ်ဳပ္ရန္ လိုအပ္သျဖင့္ ထုတ္ျပန္ထားသည့္ အမိန႔္မ်ားအား ဇြန္ ၃၀ ရက္အထိ ရက္တိုးျမႇင့္သတ္မွတ္ေၾကာင္း ဇြန္ ၁၂ ရက္ ညပိုင္းတြင္ အသိေပးေၾကညာခ်က္ ထုတ္ျပန္သည္။

အဆိုပါ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ့မႈကို ဆက္လက္ထိန္းခ်ဳပ္ ေဆာင္ရြက္ရန္ လိုအပ္သျဖင့္ ျပည္ေထာင္စုအဆင့္ အဖြဲ႕အစည္းမ်ား၊ ျပည္ေထာင္စုဝန္ႀကီးဌာနမ်ားမွ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ တားဆီးေရးအတြက္ ၂၀၂၀ ခုႏွစ္၊ ဇြန္ ၁၅ ရက္အထိ ထုတ္ျပန္ထားသည့္ ျပည္သူသို႔ ပန္ၾကားခ်က္၊ အမိန႔္၊ အမိန႔္ေၾကာ္ျငာစာ၊ ညႊန္ၾကားခ်က္မ်ား (ေျဖေလ်ာ့ေပးသည့္ ကိစၥရပ္မ်ားမပါ) အား ၂၀၂၀ ျပည့္ႏွစ္ ဇြန္ ၃၀ ရက္အထိ ရက္တိုးျမႇင့္ သတ္မွတ္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

“ဇြန္ ၃၀ အထိ သက္တမ္းတိုးလိုက္တာ ဟုတ္ပါတယ္။ ျပည္သူသို႔ပန္ၾကားခ်က္ထဲမွာ လူစူလူေဝး မလုပ္ဖို႔၊ ဘာသာေရးအခမ္းအနားေတြ မလုပ္ဖို႔ဆိုတာကို ရက္ထပ္တိုးလိုက္တာပါ။ ညမထြက္ရအမိန႔္ကေတာ့ သီးသန႔္အစည္းအေဝး ျပန္လုပ္ရမွာပါ”ဟု ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ လူမူေရးဝန္ႀကီး ဦးနိုင္ငံလင္းက ေျပာၾကားသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ဇြန္ ၁၂ ရက္ ည ၈ နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါ ဓာတ္ခြဲစစ္ေဆးရာတြင္ ရန္ကုန္အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာ (NHL) မွ ပထမအသုတ္ ဓာတ္ခြဲနမူနာ ၄၇၀ ၊ ေဆးသုေတသနဦးစီးဌာန (DMR) မွ ဓာတ္ခြဲနမူနာ ၁၄၅ ခု၊ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (မႏၲေလး) မွ ဓာတ္ခြဲနမူနာ ၂၉၈ ခုႏွင့္ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ေမာ္လၿမိဳင္) မွ ဓာတ္ခြဲနမူနာ ၂၂၄ ခု စုစုေပါင္း ၁,၁၃၇ ခုတြင္ ဓာတ္ခြဲအတည္ျပဳလူနာသစ္ မေတြ႕ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာနိုင္ငံ၌ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ ၂၆၁ ဦးရွိၿပီး ၎တို႔အနက္ ေသဆုံးသူ ေျခာက္ဦးႏွင့္ ၁၆၅ ဦးတြင္ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုး မေတြ႕ရွိေၾကာင္း ဓာတ္ခြဲအေၿဖ ထြက္ထားေၾကာင္း သိရသည္။

အဆိုပါ ႏွစ္ႀကိမ္ဆက္တိုက္ ေရာဂါပိုးမေတြ႕ရွိဟု ျပန္လည္အေျဖထြက္ခဲ့သည့္ ၁၆၅ ဦးအနက္ ၁၅၈ ဦးအား ေဆး႐ုံမွဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ကာ သတ္မွတ္ေနရာမ်ားတြင္ အသြားအလာ ဆက္လက္ကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေၾကာင္း ဇြန္ ၁၂ ရက္ ည ၈ နာရီထုတ္ျပန္မႈအရ သိရသည္။

Unicode Version

COVID-19 ရောဂါပိုး ကူးစက်ပျံ့နှံ့မှုအား ဆက်လက်ထိန်းချုပ်ရန် လိုအပ်သဖြင့် ထုတ်ပြန်ထားသည့် အမိန့်များအား ဇွန် ၃၀ ရက်အထိ ရက်တိုးမြှင့်သတ်မှတ်ကြောင်း ဇွန် ၁၂ ရက် ညပိုင်းတွင် အသိပေးကြေညာချက် ထုတ်ပြန်သည်။

အဆိုပါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထုတ်ပြန်ချက်အရ COVID-19 ရောဂါပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ် ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ၂၀၂၀ ခုနှစ်၊ ဇွန် ၁၅ ရက်အထိ ထုတ်ပြန်ထားသည့် ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျော့ပေးသည့် ကိစ္စရပ်များမပါ) အား ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ထားကြောင်း သိရသည်။

“ဇွန် ၃၀ အထိ သက်တမ်းတိုးလိုက်တာ ဟုတ်ပါတယ်။ ပြည်သူသို့ပန်ကြားချက်ထဲမှာ လူစူလူဝေး မလုပ်ဖို့၊ ဘာသာရေးအခမ်းအနားတွေ မလုပ်ဖို့ဆိုတာကို ရက်ထပ်တိုးလိုက်တာပါ။ ညမထွက်ရအမိန့်ကတော့ သီးသန့်အစည်းအဝေး ပြန်လုပ်ရမှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန် ၁၂ ရက် ည ၈ နာရီအချိန် ထုတ်ပြန်ချက်အရ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် ရန်ကုန်အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာ (NHL) မှ ပထမအသုတ် ဓာတ်ခွဲနမူနာ ၄၇၀ ၊ ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ ၁၄၅ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ ၂၉၈ ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ ၂၂၄ ခု စုစုပေါင်း ၁,၁၃၇ ခုတွင် ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၆၁ ဦးရှိပြီး ၎င်းတို့အနက် သေဆုံးသူ ခြောက်ဦးနှင့် ၁၆၅ ဦးတွင် နှစ်ကြိမ်ဆက်တိုက် ရောဂါပိုး မတွေ့ရှိကြောင်း ဓာတ်ခွဲအဖြေ ထွက်ထားကြောင်း သိရသည်။

အဆိုပါ နှစ်ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိဟု ပြန်လည်အဖြေထွက်ခဲ့သည့် ၁၆၅ ဦးအနက် ၁၅၈ ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ဇွန် ၁၂ ရက် ည ၈ နာရီထုတ်ပြန်မှုအရ သိရသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant