• Home
  • >>
  • News
  • >>
  • COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂...

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၂-၆-၂၀၂၀) ရက်နေ့၊ နံနက်(၈:၀၀)နာရီ

၁။ (၂၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –

– အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၅၆၆) ခု နှင့်

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL , Mandalay) မှ ဓာတ်ခွဲနမူနာ (၁၉၅) ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ (၇၆၁) ခုအား ယနေ့၊ နံနက် အစောပိုင်း၌ စစ်ဆေးပြီးစီးခဲ့ရာ –

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိပါ။

၂။ (၂၂-၆-၂၀၂၀)ရက်နေ့၊ နံနက်(၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၉၀)ဦး ရှိပါသည်။

၃။ (၂၁-၆-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် –

– အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL) မှ ဓာတ်ခွဲနမူနာ (၁,၁၃၀) ခု၊

– ဆေးသုတေသနဦးစီးဌာန(DMR) မှ ဓာတ်ခွဲနမူနာ (၂၄၅) ခု နှင့်

– ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး) (PHL , Mandalay) မှ ဓာတ်ခွဲနမူနာ (၁၉၅) ခု၊ စုစုပေါင်း (၁,၅၇၀) ခုအား စစ်ဆေးခဲ့ပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant