• Home
  • >>
  • News
  • >>
  • ၂၀-၄-၂၀၂၀ ရက်နေ့၊ ည (၁၁:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင...

၂၀-၄-၂၀၂၀ ရက်နေ့၊ ည (၁၁:၀၀)နာရီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Zawgyi Version

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၂၀-၄-၂၀၂၀) ရက္ေန႔၊ (ဒုတိယအသုတ္) စစ္ေဆးခဲ့ေသာ ဓာတ္ခြဲနမူနာ (၂၄၆) ခုအနက္ (၂) ဦး၏ ဓာတ္ခြဲနမူနာတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ၿပီး က်န္ (၂၄၄) ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိ (မေတြ႕ရွိ) ပါ။

၂။ အဆိုပါ လူနာသစ္ (၂) ဦးကို သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ လႊဲေျပာင္း၍ သီးျခားထားရွိကုသမႈ ေပးသြားမည္ ျဖစ္ပါသည္။

၃။ (၂၀-၄-၂၀၂၀) ရက္ေန႔၊ COVID-19 ေရာဂါအတြက္ (ပထမအသုတ္ + ဒုတိယအသုတ္) ဓာတ္ခြဲစစ္ေဆးမႈတြင္ ေတြ႕ရွိခဲ့ေသာ လူနာသစ္ စုစုေပါင္း (၈) ဦးရွိပါသည္။ က်န္ (၄၁၉) ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ ေရာဂါပိုးမေတြ႕ရွိပါ။

၄။ (၂၀-၄-၂၀၂၀) ရက္ေန႔၊ ည (၁၁:၀၀)နာရီ အခ်ိန္အထိ COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ စုစုေပါင္း (၁၁၉) ဦးရွိၿပီျဖစ္ပါသည္။

၅။ ယေန႔ည ထပ္မံထုတ္ျပန္ရန္ ဓာတ္ခြဲအေျဖသတင္းမ်ား မရွိေတာ့ပါ။

Unicode Version

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၂၀-၄-၂၀၂၀) ရက်နေ့၊ (ဒုတိယအသုတ်) စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၂၄၆) ခုအနက် (၂) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ပြီး ကျန် (၂၄၄) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။

၂။ အဆိုပါ လူနာသစ် (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည် ဖြစ်ပါသည်။

၃။ (၂၀-၄-၂၀၂၀) ရက်နေ့၊ COVID-19 ရောဂါအတွက် (ပထမအသုတ် + ဒုတိယအသုတ်) ဓာတ်ခွဲစစ်ဆေးမှုတွင် တွေ့ရှိခဲ့သော လူနာသစ် စုစုပေါင်း (၈) ဦးရှိပါသည်။ ကျန် (၄၁၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် ရောဂါပိုးမတွေ့ရှိပါ။

၄။ (၂၀-၄-၂၀၂၀) ရက်နေ့၊ ည (၁၁:၀၀)နာရီ အချိန်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁၉) ဦးရှိပြီဖြစ်ပါသည်။

၅။ ယနေ့ည ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲအဖြေသတင်းများ မရှိတော့ပါ။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant