Zawgyi Version
၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၈-၄-၂၀၂၀) ရက္ေန႔၊ နံနက္ ပိုင္းအထိ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔သတ္ထားသူ စုစုေပါင္း (၃,၈၈၀) ဦး၏ ဓာတ္ခြဲ နမူနာမ်ားကို စစ္ေဆးခဲ့ရာ (၉၄) ဦးတြင္ COVID-19 ေရာဂါ ကူးစက္ခံရေၾကာင္း အတည္ ျပဳနိုင္ခဲ့ၿပီး (၃,၇၈၆) ဦးတြင္ ေရာဂါပိုးမရွိေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။
၂။ ဓာတ္ခြဲအတည္ျပဳလူနာ (၉၄) ဦးအနက္ (၅) ဦးမွာေသဆုံးခဲ့ၿပီး၊ (၂) ဦးမွာ ေဆး႐ုံမွ ဆင္းခြင့္ရရွိခဲ့ၿပီးျဖစ္ပါသည္။
၃။ COVID-9 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၈၄)ဦးအား ေအာက္ပါဇယားအတိုင္း သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ လိုအပ္သလို ကုသမႈေပးလ်က္ရွိၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီး၊ အထူးၾကပ္မတ္ကုသေဆာင္တြင္ လူနာ (၃) ဦးအား ကုသမႈေပးလ်က္ရွိၿပီး က်န္လူနာမ်ား၏ အေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါသည္။
၄။ (၁၇-၄-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၈-၄-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၂၄)ဦး ရွိပါသည္။
၅။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၁၈-၄-၂၀၂၀) ရက္ေန႔၊ ည (၆:၁၅) နာရီအခ်ိန္တြင္ ထုတ္ျပန္ခ်က္အရ ပထမအသုတ္စစ္ေဆးခဲ့ေသာ ဓာတ္ခြဲနမူနာ (၉၁) ခုအနက္ (၂) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိရၿပီး က်န္လူနာ (၈၉) ဦးတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိပါ။
၆။ အဆိုပါလူနာ (၂) ဦးကို သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ လႊဲေျပာင္း၍ သီးျခားထားရွိကုသမႈ ေပးသြားမည္ျဖစ္ပါသည္။
Unicode Version
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၈၈၀) ဦး၏ ဓာတ်ခွဲ နမူနာများကို စစ်ဆေးခဲ့ရာ (၉၄) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည် ပြုနိုင်ခဲ့ပြီး (၃,၇၈၆) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
၂။ ဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦးအနက် (၅) ဦးမှာသေဆုံးခဲ့ပြီး၊ (၂) ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ပါသည်။
၃။ COVID-9 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၄)ဦးအား အောက်ပါဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ဝေဘာဂီအထူးကုဆေးရုံကြီး၊ အထူးကြပ်မတ်ကုသဆောင်တွင် လူနာ (၃) ဦးအား ကုသမှုပေးလျက်ရှိပြီး ကျန်လူနာများ၏ အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၄။ (၁၇-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၈-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၂၄)ဦး ရှိပါသည်။
၅။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၈-၄-၂၀၂၀) ရက်နေ့၊ ည (၆:၁၅) နာရီအချိန်တွင် ထုတ်ပြန်ချက်အရ ပထမအသုတ်စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၉၁) ခုအနက် (၂) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန်လူနာ (၈၉) ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိပါ။
၆။ အဆိုပါလူနာ (၂) ဦးကို သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှု ပေးသွားမည်ဖြစ်ပါသည်။