• Home
  • >>
  • News
  • >>
  • လူစုလူဝေးပြုလုပ်ခဲ့သူများအားအမှုဖွင့်အရေးယူ...

လူစုလူဝေးပြုလုပ်ခဲ့သူများအားအမှုဖွင့်အရေးယူ

တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြားချက်တွေကို မလိုက်နာဘဲ လူစုလူဝေးပြုလုပ်ခဲ့သူတွေကို ရဲစခန်းနှစ်ခုမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနဲ့ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်အရေးယူထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး Corona Virus Disease 2019 (Covid-19)၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဧပြီ(၁၄)ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။

လူစုလူဝေးပြုလုပ်ခဲ့တဲ့ သင်းအုပ်ဆရာ ဦးစောကွယ်ဝါးနဲ့ အမှုတော်ဆောင် ဦးစောရေဂန်ဒီတို့ကို အင်းစိန်မြို့မရဲစခန်းမှာ (ပ)၇၀၆/၂၀၂၀/၂၀၁၃နဲ့ အမှုဖွင့်ထားပြီး တရားဟောဆရာ ဦးစောဒေးဗစ်(ခ)ဒေးဗစ်လားနဲ့ ဦးဝေထွန်း(နဝရတ်)တေးသံသွင်းတို့ကို မရမ်းကုန်းမြို့မရဲစခန်းမှာ (ပ)၅၈၃/၂၀၂၀နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ထုတ်ပြန်ထားတာပါ။

လက်ရှိမှာလည်း အဲ့ဒီသူတွေ ဦးဆောင်ပြုလုပ်တဲ့ ဘာသာရေးပွဲတော်ကို တက်ရောက်ခဲ့တဲ့ အဆိုတော် မျိုးကြီး၊ ဒရမ်မာဝေထွန်း(နဝရတ်တေးသံသွင်း)တို့အပါအဝင်လူအချို့မှာ COVID-19ရောဂါပိုး တွေ့ရှိနေပြီဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာလည်း COVID-19ရောဂါပိုး အတည်ပြုတွေ့ရှိသူတွေနေထိုင်တဲ့ နေရာ (၁၀)နေရာကိုလည်း Lockdownပြုလုပ်ထားပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ COVID-19ရောဂါပိုးတွေ့ရှိသူ (၆၂)ဦးအထိရှိနေပြီး (၄)ဦးသေဆုံးခဲ့ပါတယ်။

Source- ရန်ကုန်တိုင်းဒေသကြီး Corona Virus Disease 2019 (Covid-19)၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant