• Home
  • >>
  • News
  • >>
  • ရန်ကုန်တိုင်းအတွင်း အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချ...

ရန်ကုန်တိုင်းအတွင်း အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့် စက်ရုံ ၁၂၀ ကျော်ရှိလာပြီဖြစ်

Zawgyi Version

ရန္ကုန္တိုင္းေဒသႀကီးအတြင္း စက္မႈ ဇုန္ ၂၉ ဇုန္ႏွင့္ သီလဝါအထူးစီးပြားေရးဇုန္ တစ္ခုရွိသည့္အနက္ စက္႐ုံအၿပီးပိတ္ျခင္း၊ ယာယီပိတ္ျခင္းႏွင့္ လုပ္သားအင္အား ေလၽွာ့ခ်သည့္စက္႐ုံ ၁၂၀ ေက်ာ္အထိ ရွိလာၿပီျဖစ္ေၾကာင္း ဧၿပီ ၃၀ ရက္တြင္ တိုင္းအစိုးရအဖြဲ႕မွ စုံစမ္းသိရသည္။

မတ္လကုန္တြင္ အၿပီးပိတ္ျခင္း၊ ယာယီပိတ္ျခင္းႏွင့္ လုပ္သားအင္အားေလၽွာ့ခ်သည့္ စက္႐ုံ ၅၉ ႐ုံသာရွိၿပီး တစ္လအၾကာတြင္ ႏွစ္ဆေက်ာ္ ပိုမိုမ်ားျပားလာျခင္းျဖစ္သည္။

စက္႐ုံ ၁၂၀ တြင္ အလုပ္လက္မဲ့ျဖစ္သြားသည့္ လူဦးေရအား အတိအက်ေျပာ၍ မရေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအား အရင္းအျမစ္ဝန္ႀကီး ေဒၚမိုးမိုးစုၾကည္က The Daily Eleven သတင္းစာသို႔ ေျပာၾကားသည္။

“ စက္႐ုံအၿပီးပိတ္တာရယ္၊ ယာယီပိတ္တာရယ္၊ အင္အားေလၽွာ့တာရယ္ အားလုံးေပါင္း ၁၂၀ ေက်ာ္ရွိပါတယ္။ အလုပ္လက္မဲ့ကိုေတာ့ ကၽြန္မတို႔ အခုခ်ိန္မွာ မွန္းလို႔မရဘူး။ ပထမပိုင္း COVID-19 စျဖစ္တဲ့အခ်ိန္ကာ လနဲ႔ကိုက္ညီၿပီးရင္ ဘယ္စက္႐ုံက ဘယ္လိုပိတ္လို႔ ဘယ္ေလာက္ေလၽွာ့တယ္ဆိုတာ အတိအက်ေျပာလို႔ရတယ္။ အခုက ပိတ္တဲ့စက္႐ုံေတြပိတ္သလို ျပန္ဖြင့္တဲ့စက္႐ုံေတြမွာ အလုပ္ျပန္ရကုန္တဲ့ ကေလးေတြရွိေနၾကတယ္။ ဒီအေျခအေနေပၚမွာမူတည္ၿပီး ကၽြန္မတို႔ အလုပ္လက္မဲ့ဦးေရကို အတိအက်ေတာ့ မေျပာနိုင္ေတာ့ဘူး။ ဒါေပမဲ့ ဘာပဲေျပာေျပာ ဒီကာလၿပီးအေနအထားအရေတာ့ အင္အားေလၽွာ့တာနဲ႔ နားေနတာနဲ႔ တစ္ေသာင္းေက်ာ္မွာရွိေနမယ္လို႔ ခန႔္မွန္းမိပါတယ္ ’’ ဟု ေဒၚမိုးမိုးစုၾကည္က ေျပာၾကားသည္။

အၿပီးပိတ္ျခင္း၊ ယာယီပိတ္ျခင္းႏွင့္ လုပ္သားေလၽွာ့ခ်သည့္ စက္႐ုံ ၁၂၀ ေက်ာ္တြင္ အလုပ္လက္မဲ့လူဦးေရ မည္မၽွရွိေၾကာင္း မသိရေသာ္လည္း မတ္ ၃၁ ရက္အထိ စက္႐ုံ ၅၉ ႐ုံတြင္ အလုပ္လက္မဲ့ဦးေရခန႔္မွန္း ၁ရဝဝဝခန႔္ရွိေၾကာင္း ဝန္ႀကီးေဒၚမိုးမိုးစုၾကည္က ေျပာၾကားထားသည္။ ယင္းေၾကာင့္ လက္ရွိ အလုပ္လက္မဲ့အလုပ္သမားဦးေရသည္ မတ္လကုန္ အလုပ္လက္မဲ့ဦးေရထက္ ႏွစ္ဆေက်ာ္ ျမင့္တက္လာနိုင္သည္။

စက္႐ုံမ်ားပိတ္ရာတြင္ အလုပ္သမားမ်ား ဥပေဒအတိုင္း အလုပ္ထုတ္နစ္နာေၾကးမ်ားရရွိရန္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာနက ေဆာင္ရြက္ေပးလ်က္ရွိသည္။

လက္ရွိ အလုပ္လက္မဲ့ျဖစ္ေနသာ အလုပ္သမားမ်ား အလုပ္ျပန္လည္ရရွိေစရန္ စက္႐ုံမ်ားတြင္ လူသစ္ေခၚယူျခင္း၊ စက္႐ုံအသစ္ဖြင့္ျခင္းေၾကာင့္ အလုပ္သမားသစ္ လိုအပ္ျခင္းမ်ားရွိလၽွင္ ၿမိဳ႕နယ္အလုပ္သမား႐ုံးမ်ား၌ အလုပ္ေခၚစာမ်ားကပ္၍ အေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

“ အလုပ္လက္မဲ့ျဖစ္သြားတဲ့ တစ္ေသာင္းေက်ာ္ျဖစ္ေစ၊ ဘယ္ေလာက္ျဖစ္ေစ ကိုယ့္ရဲ့ စားဝတ္ေနေရးအတြက္ ကိုယ္ကိုယ္တိုင္ ပါဝင္ေျဖရွင္းရမွာျဖစ္တဲ့အတြက္ ကၽြန္မတို႔က သူတို႔အလုပ္ကေန အနားယူတယ္ဆိုရင္ ပိတ္တဲ့စက္႐ုံဆိုရင္ ဥပေဒနဲ႔အညီေဆာင္ရြက္ေပးရမွာ၊ ဒါက ဌာနေတြရဲ့တာဝန္။ ေရွ႕ဆက္ၿပီး စားဝတ္ေနေရးေျပလည္ေအာင္ ေဆာင္ရြက္ရမွာက သူတို႔တစ္ဦးတစ္ေယာက္ခ်င္းစီ ရဲ့ တာဝန္ကိုယ္စီရွိပါတယ္။ ဒီကာလမွာေခၚတဲ့ စက္႐ုံက မရွိသေလာက္ပါ။ ဒါေပမဲ့ ကၽြန္မတို႔ ျပန္ေခၚလာနိုင္တဲ့ စက္႐ုံေတြ၊ ရွိလာနိုင္တဲ့စက္႐ုံေတြရဲ့ စာရင္းေတြရၿပီဆိုရင္ ေၾကညာကပ္ၿပီး လက္ရွိအင္အားေလၽွာ့ခံလိုက္ရတဲ့ ကေလးေတြ၊ အလုပ္ပိတ္သိမ္းသြားတဲ ့ကေလးေတြကို အခ်ိန္မေရြး ေလဘာကတ္လည္း အခ်ိန္တိုအတြင္း ေဆာင္ရြက္ေပးဖို႔၊ ၿပီးေတာ့ ျပန္လည္ေလၽွာက္နိုင္ဖို႔အတြက္ ဌာနေတြကေန အေၾကာင္းၾကားေပးတာေတြ လုပ္ေပးပါတယ္ ’’ ဟု ဝန္ႀကီးေဒၚမိုးမိုးစုၾကည္က ဆက္လက္ေျပာၾကားသည္။

အၿပီးပိတ္ျခင္း၊ ယာယီပိတ္ျခင္းႏွင့္ လုပ္သားေလၽွာ့ခ်သည့္ စက္႐ုံမ်ားတြင္ အထည္ခ်ဳပ္စက္႐ုံမ်ား အမ်ားဆုံးပါဝင္သည္။ အဆိုပါစက္႐ုံမ်ားတြင္ ကုန္ၾကမ္းျပတ္လပ္ျခင္း၊ နိုင္ငံျခားမွေအာ္ဒါမ်ား မွာယူမႈမရွိေတာ့ျခင္း ေၾကာင့္ ပိတ္ေသာစက္႐ုံအမ်ားဆုံးပါဝင္ၿပီး အျခားအေၾကာင္းအရင္းမ်ားေၾကာင့္ ပိတ္ ေသာစက္႐ုံမ်ားလည္းရွိေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ စက္႐ုံ အလုပ္သမားအမ်ားစုသည္ ျပည္တြင္းရွိ ေဒသအသီးသီးမွ ေရႊ႕ေျပာင္းလုပ္ကိုင္ၾကသူမ်ားျဖစ္ရာ စက္႐ုံမ်ားပိတ္သိမ္းျခင္းေၾကာင့္ မိသားစုစားဝတ္ေနေရးအတြက္ အခက္အခဲမ်ားစြာျဖင့္ ရင္ဆိုင္ေနရေၾကာင္း စုံစမ္းသိရသည္။

Unicode Version

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှု ဇုန် ၂၉ ဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန် တစ်ခုရှိသည့်အနက် စက်ရုံအပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အား လျှော့ချသည့်စက်ရုံ ၁၂၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း ဧပြီ ၃၀ ရက်တွင် တိုင်းအစိုးရအဖွဲ့မှ စုံစမ်းသိရသည်။

မတ်လကုန်တွင် အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားအင်အားလျှော့ချသည့် စက်ရုံ ၅၉ ရုံသာရှိပြီး တစ်လအကြာတွင် နှစ်ဆကျော် ပိုမိုများပြားလာခြင်းဖြစ်သည်။

စက်ရုံ ၁၂၀ တွင် အလုပ်လက်မဲ့ဖြစ်သွားသည့် လူဦးရေအား အတိအကျပြော၍ မရကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

“ စက်ရုံအပြီးပိတ်တာရယ်၊ ယာယီပိတ်တာရယ်၊ အင်အားလျှော့တာရယ် အားလုံးပေါင်း ၁၂၀ ကျော်ရှိပါတယ်။ အလုပ်လက်မဲ့ကိုတော့ ကျွန်မတို့ အခုချိန်မှာ မှန်းလို့မရဘူး။ ပထမပိုင်း COVID-19 စဖြစ်တဲ့အချိန်ကာ လနဲ့ကိုက်ညီပြီးရင် ဘယ်စက်ရုံက ဘယ်လိုပိတ်လို့ ဘယ်လောက်လျှော့တယ်ဆိုတာ အတိအကျပြောလို့ရတယ်။ အခုက ပိတ်တဲ့စက်ရုံတွေပိတ်သလို ပြန်ဖွင့်တဲ့စက်ရုံတွေမှာ အလုပ်ပြန်ရကုန်တဲ့ ကလေးတွေရှိနေကြတယ်။ ဒီအခြေအနေပေါ်မှာမူတည်ပြီး ကျွန်မတို့ အလုပ်လက်မဲ့ဦးရေကို အတိအကျတော့ မပြောနိုင်တော့ဘူး။ ဒါပေမဲ့ ဘာပဲပြောပြော ဒီကာလပြီးအနေအထားအရတော့ အင်အားလျှော့တာနဲ့ နားနေတာနဲ့ တစ်သောင်းကျော်မှာရှိနေမယ်လို့ ခန့်မှန်းမိပါတယ် ’’ ဟု ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့် စက်ရုံ ၁၂၀ ကျော်တွင် အလုပ်လက်မဲ့လူဦးရေ မည်မျှရှိကြောင်း မသိရသော်လည်း မတ် ၃၁ ရက်အထိ စက်ရုံ ၅၉ ရုံတွင် အလုပ်လက်မဲ့ဦးရေခန့်မှန်း ၁ရဝဝဝခန့်ရှိကြောင်း ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ပြောကြားထားသည်။ ယင်းကြောင့် လက်ရှိ အလုပ်လက်မဲ့အလုပ်သမားဦးရေသည် မတ်လကုန် အလုပ်လက်မဲ့ဦးရေထက် နှစ်ဆကျော် မြင့်တက်လာနိုင်သည်။

စက်ရုံများပိတ်ရာတွင် အလုပ်သမားများ ဥပဒေအတိုင်း အလုပ်ထုတ်နစ်နာကြေးများရရှိရန် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ဆောင်ရွက်ပေးလျက်ရှိသည်။

လက်ရှိ အလုပ်လက်မဲ့ဖြစ်နေသာ အလုပ်သမားများ အလုပ်ပြန်လည်ရရှိစေရန် စက်ရုံများတွင် လူသစ်ခေါ်ယူခြင်း၊ စက်ရုံအသစ်ဖွင့်ခြင်းကြောင့် အလုပ်သမားသစ် လိုအပ်ခြင်းများရှိလျှင် မြို့နယ်အလုပ်သမားရုံးများ၌ အလုပ်ခေါ်စာများကပ်၍ အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

“ အလုပ်လက်မဲ့ဖြစ်သွားတဲ့ တစ်သောင်းကျော်ဖြစ်စေ၊ ဘယ်လောက်ဖြစ်စေ ကိုယ့်ရဲ့ စားဝတ်နေရေးအတွက် ကိုယ်ကိုယ်တိုင် ပါဝင်ဖြေရှင်းရမှာဖြစ်တဲ့အတွက် ကျွန်မတို့က သူတို့အလုပ်ကနေ အနားယူတယ်ဆိုရင် ပိတ်တဲ့စက်ရုံဆိုရင် ဥပဒေနဲ့အညီဆောင်ရွက်ပေးရမှာ၊ ဒါက ဌာနတွေရဲ့တာဝန်။ ရှေ့ဆက်ပြီး စားဝတ်နေရေးပြေလည်အောင် ဆောင်ရွက်ရမှာက သူတို့တစ်ဦးတစ်ယောက်ချင်းစီ ရဲ့ တာဝန်ကိုယ်စီရှိပါတယ်။ ဒီကာလမှာခေါ်တဲ့ စက်ရုံက မရှိသလောက်ပါ။ ဒါပေမဲ့ ကျွန်မတို့ ပြန်ခေါ်လာနိုင်တဲ့ စက်ရုံတွေ၊ ရှိလာနိုင်တဲ့စက်ရုံတွေရဲ့ စာရင်းတွေရပြီဆိုရင် ကြေညာကပ်ပြီး လက်ရှိအင်အားလျှော့ခံလိုက်ရတဲ့ ကလေးတွေ၊ အလုပ်ပိတ်သိမ်းသွားတဲ ့ကလေးတွေကို အချိန်မရွေး လေဘာကတ်လည်း အချိန်တိုအတွင်း ဆောင်ရွက်ပေးဖို့၊ ပြီးတော့ ပြန်လည်လျှောက်နိုင်ဖို့အတွက် ဌာနတွေကနေ အကြောင်းကြားပေးတာတွေ လုပ်ပေးပါတယ် ’’ ဟု ဝန်ကြီးဒေါ်မိုးမိုးစုကြည်က ဆက်လက်ပြောကြားသည်။

အပြီးပိတ်ခြင်း၊ ယာယီပိတ်ခြင်းနှင့် လုပ်သားလျှော့ချသည့် စက်ရုံများတွင် အထည်ချုပ်စက်ရုံများ အများဆုံးပါဝင်သည်။ အဆိုပါစက်ရုံများတွင် ကုန်ကြမ်းပြတ်လပ်ခြင်း၊ နိုင်ငံခြားမှအော်ဒါများ မှာယူမှုမရှိတော့ခြင်း ကြောင့် ပိတ်သောစက်ရုံအများဆုံးပါဝင်ပြီး အခြားအကြောင်းအရင်းများကြောင့် ပိတ် သောစက်ရုံများလည်းရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ အလုပ်သမားအများစုသည် ပြည်တွင်းရှိ ဒေသအသီးသီးမှ ရွှေ့ပြောင်းလုပ်ကိုင်ကြသူများဖြစ်ရာ စက်ရုံများပိတ်သိမ်းခြင်းကြောင့် မိသားစုစားဝတ်နေရေးအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။

Source from eleven,myanmar harp

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant