• Home
  • >>
  • News
  • >>
  • နိုင်ငံတော်သမ္မတဦးဝင်းမြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယတွင်ပြောကြားသ...

နိုင်ငံတော်သမ္မတဦးဝင်းမြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအခါသမယတွင်ပြောကြားသည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

Zawgyi Version

ျမန္မာသကၠရာဇ္ ၁၃၈၂ ခုႏွစ္၊ ႏွစ္ဆန္း ၁ ရက္ေန႔

(၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၁၇ ရက္)

ခ်စ္ခင္ေလးစားအပ္တဲ့ မိဘျပည္သူမ်ားအားလုံး ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစလို႔ ႏွစ္သစ္မဂၤလာ အခါသမယမွာ ဆုမြန္ေကာင္းေတာင္းရင္း ႏႈတ္ခြန္းဆက္သအပ္ပါတယ္။ ကမၻာလုံးဆိုင္ရာ ကပ္ေရာဂါျဖစ္တဲ့ ကိုရိုနာဗိုင္းရပ္စ္ COVID-19 ေၾကာင့္ ဒီႏွစ္အတာသၾကၤန္မွာ လြတ္လပ္စြာ ေပ်ာ္ရႊင္ခြင့္ မရၾကတာကို မ်ားစြာစိတ္မေကာင္း ျဖစ္ရပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရးလုပ္ငန္းစဥ္ေတြမွာ တာဝန္ေက်ပြန္စြာ ထမ္းေဆာင္ၾကတဲ့ ဝန္ထမ္းမ်ား၊ မိမိတို႔ရဲ့ ေစတနာဆႏၵအရ လႉဒါန္းၾကတဲ့အလႉရွင္မ်ား၊ ပူးေပါင္း ပါဝင္ၾကတဲ့ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ဝိုင္းဝန္းပံ့ပိုးၾကတဲ့ အသိပညာရွင္ အတတ္ပညာရွင္မ်ား၊ ေထာက္ပံ့ကူညီၾကတဲ့ မီဒီယာမ်ား၊ က်န္းမာေရးအသိပညာေပး ႏွိုးေဆာ္ခ်က္မ်ားကို တိက်စြာ လိုက္နာၾကတဲ့ နိုင္ငံသူနိုင္ငံသားမ်ား စတဲ့ လူထုလူတန္းစား အလႊာအသီးသီးက မိဘ ျပည္သူမ်ား အားလုံးကို အထူးေက်းဇူးတင္ရွိေၾကာင္း ေျပာၾကားလိုပါတယ္။ ဒီကမၻာလုံးဆိုင္ရာ ကူးစက္ပ်ံ႕ႏွံ့တဲ့ ကပ္ေရာဂါဆိုးကို အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ တာဝန္ကိုယ္စီ ရွိၾကတဲ့အတြက္ အားလုံး အတူတကြ စည္းလုံး ညီညြတ္စြာနဲ႔ တုံ႔ျပန္ေျဖရွင္းၾကဖို႔ ေမတၱာရပ္ခံပါတယ္။

ခ်စ္ခင္ေလးစားအပ္တဲ့ မိဘျပည္သူမ်ားခင္ဗ်ား –
နိုင္ငံေတာ္အစိုးရအေနနဲ႔ ယခုလို လတ္တေလာျဖစ္ေပၚေနတဲ့ ကိုရိုနာဗိုင္းရပ္စ္ covID-19 ကပ္ေရာဂါဆိုးနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူလူထုရဲ့ က်န္းမာေရးဆိုင္ရာ ကိစၥရပ္ေတြကို ဘက္ေပါင္းစုံမွ ႀကိဳတင္ၿပီး စနစ္တက် စီမံေဆာင္ရြက္လ်က္ရွိပါတယ္။ တစ္ဖက္မွာလည္း မိဘျပည္သူမ်ားရဲ့ဆႏၵ ေမၽွာ္လင့္ခ်က္တို႔နဲ႔ တစ္ထပ္တည္းက်တဲ့ နိုင္ငံေတာ္အစိုးရရဲ့ ဦးတည္ခ်က္ ရည္မွန္းခ်က္မ်ားျဖစ္တဲ့ တရားဥပေဒစိုးမိုးေရး၊ ျပည္သူမ်ားရဲ့ လူမႈစီးပြားဘဝ ျမင့္မားတိုးတက္ေရး၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရးတို႔ကို မဆုတ္မနစ္တဲ့ ဇြဲလုံ႔လဝီရိယတို႔နဲ႔ ဆက္လက္ေဆာင္ရြက္လ်က္ရွိပါတယ္။

နိုင္ငံေတာ္အစိုးရအေနနဲ႔ နိုင္ငံေတာ္ၿငိမ္းခ်မ္းသာယာေရးအတြက္ ျပဳျပင္ေျပာင္းလဲရမယ့္ အေျခအေန ဆိုတာကို နားလည္သေဘာေပါက္သလို ျပဳျပင္ေျပာင္းလဲရမယ့္ အခ်ိန္အခါဆိုတာကိုလည္း သိရွိပါတယ္။ ဒါေၾကာင့္ နိုင္ငံေတာ္အစိုးရအေနနဲ႔ နိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး၊ ပညာေရး၊ က်န္းမာေရးစတဲ့ က႑အသီးသီးမွာ ျပဳျပင္ေျပာင္းလဲမႈမ်ားကို ထုဆစ္ ပုံေဖာ္လ်က္ရွိပါတယ္။ နိုင္ငံေတာ္အစိုးရရဲ့ ေဆာင္ရြက္မႈေတြအေပၚမွာ မိဘျပည္သူမ်ားအေနနဲ႔ ေတြ႕ျမင္ၾကားသိနိုင္တဲ့ ျမင္သာထင္သာတဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ားရွိသလို မေတြ႕ျမင္ မၾကားသိနိုင္တဲ့ ျမင္သာထင္သာ မရွိတဲ့ ျပဳျပင္ေျပာင္းလဲမႈမ်ားလည္း ရွိပါတယ္။

ခ်စ္ခင္ေလးစားအပ္တဲ့ မိဘျပည္သူမ်ားခင္ဗ်ား –
ဂလိုဘယ္လိုက္ေဇးရွင္း ေခတ္သစ္ကမၻာႀကီးမွာ နိုင္ငံေတာ္ၿငိမ္းခ်မ္းသာယာၿပီး ေခတ္မီဖြံ့ၿဖိဳး တိုးတက္ဖို႔ဆိုရင္ ဒီအေျပာင္းအလဲဟာ အခြင့္အလမ္းေကာင္းပဲလို႔ ကၽြန္ေတာ္တို႔ အစိုးရအဖြဲ႕ ယုံၾကည္ ထားပါတယ္။ ျပည္သူလူထု လူမႈစီးပြားဘဝျမင့္မားတိုးတက္ဖို႔ဆိုရင္ (၂၁) ရာစု ေခတ္သစ္ေရစီး အေျပာင္းအလဲဟာ စိုးရိမ္ေၾကာင့္ၾကစရာ မဟုတ္ေၾကာင္း ကၽြန္ေတာ္တို႔ ခံယူထားပါတယ္။ ျပဳျပင္ေျပာင္းလဲမႈဟာ အႏၲရာယ္မဟုတ္ဘဲ နိုင္ငံသူနိုင္ငံသားမ်ားရဲ့ အက်ိဳးစီးပြားအတြက္ျဖစ္ေၾကာင္း ကၽြန္ေတာ္တို႔ နားလည္သေဘာေပါက္ပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စု နိုင္ငံသစ္ကို တည္ေဆာက္ၾကရန္ ကၽြန္ေတာ္တို႔အားလုံး ျပဳျပင္ေျပာင္းလဲလိုစိတ္ လိုလိုလားလား ရွိၾကဖို႔ အဓိကက်ပါတယ္။

ခ်စ္ခင္ေလးစားအပ္တဲ့ မိဘျပည္သူမ်ားခင္ဗ်ား –
ဒီေန႔ဟာ ႏွစ္ေဟာင္းမွ ႏွစ္သစ္သို႔ ကူးေျပာင္းတဲ့ က်က္သေရမဂၤလာအေပါင္းနဲ႔ ျပည့္စုံတဲ့ေန႔တစ္ေန႔ ျဖစ္ပါတယ္။ ကၽြန္ေတာ္တို႔အားလုံးဟာ စိတ္သစ္လူသစ္ ခြန္အားသစ္မ်ားျဖင့္ ႏွစ္သစ္သို႔ ခရီးဆက္ၾက ရမွာ ျဖစ္ပါတယ္။ ထိုနည္းတူနိုင္ငံေတာ္ရဲ့ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ အေတြးအေခၚသစ္၊ အေျမာ္အျမင္သစ္မ်ားျဖင့္ ႏွစ္သစ္ဆီ ခ်င္းနင္း ဝင္ေရာက္ၾကရမွာလည္း ျဖစ္ပါတယ္။

ျပည္သူလူထုရဲ့ ေမၽွာ္လင့္ခ်က္နဲ႔ နိုင္ငံေတာ္အစိုးရရဲ့ ဦးတည္ခ်က္၊ ရည္မွန္းခ်က္ေတြ ထေျမာက္ ေအာင္ျမင္ေရးအတြက္ ကၽြန္ေတာ္တို႔အေနနဲ႔ ျပင္းျပတဲ့ဆႏၵ၊ မေလၽွာ့တဲ့ဝီရိယ၊ ခိုင္မာတဲ့စိတ္ဓာတ္တို႔နဲ႔ ႀကိဳးစားလုပ္ကိုင္လ်က္ ခရီးဆက္ၾကရမွာျဖစ္ပါတယ္။ ႏွစ္ေဟာင္းက အေတြ႕အၾကဳံေတြကို သင္ခန္းစာ ယူၿပီး ႏွစ္သစ္မွာ ပိုမိုေကာင္းမြန္ေအာင္ ႀကိဳတင္ျပင္ဆင္ ႀကိဳးပမ္းေဆာင္ရြက္ၾကမွာ ျဖစ္ပါတယ္။ နိုင္ငံေတာ္နဲ႔ နိုင္ငံသူနိုင္ငံသားေတြရဲ့ ကံၾကမၼာအလွည့္ အေျပာင္းကို ကိုယ္တိုင္ဖန္တီးနိုင္စြမ္းရွိၾကတဲ့ မိဘျပည္သူမ်ားကလည္း အခြင့္အေရးရတုန္းရခိုက္ နိုင္ငံေတာ္အစိုးရနဲ႔ အတူလက္တြဲမျဖဳတ္စတမ္း ပူးေပါင္းပါဝင္ ကူညီေဆာင္ရြက္ေပးၾကပါရန္ အေလးအနက္ ပန္ၾကားအပ္ပါတယ္။

– မိဘျပည္သူမ်ားအားလုံး ကိုယ္က်န္းမာ၊ စိတ္ခ်မ္းသာၾကပါေစ။
– ကပ္ေရာဂါေဘးမွ ကင္းေဝးၾကပါေစ။
– ျပည္ေထာင္စုႀကီး ၿငိမ္းခ်မ္းသာယာၿပီး ဖြံ့ၿဖိဳးတိုးတက္ပါေစလို႔ ဆုမြန္ေကာင္း ေတာင္းအပ္ပါတယ္။
အားလုံးကို ေက်းဇူးတင္ပါတယ္။

Unicode Version

မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်း ၁ ရက်နေ့

(၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၇ ရက်)

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှစ်သစ်မင်္ဂလာ အခါသမယမှာ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့် ဒီနှစ်အတာသင်္ကြန်မှာ လွတ်လပ်စွာ ပျော်ရွှင်ခွင့် မရကြတာကို များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်တွေမှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်ကြတဲ့ ဝန်ထမ်းများ၊ မိမိတို့ရဲ့ စေတနာဆန္ဒအရ လှူဒါန်းကြတဲ့အလှူရှင်များ၊ ပူးပေါင်း ပါဝင်ကြတဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ဝိုင်းဝန်းပံ့ပိုးကြတဲ့ အသိပညာရှင် အတတ်ပညာရှင်များ၊ ထောက်ပံ့ကူညီကြတဲ့ မီဒီယာများ၊ ကျန်းမာရေးအသိပညာပေး နှိုးဆော်ချက်များကို တိကျစွာ လိုက်နာကြတဲ့ နိုင်ငံသူနိုင်ငံသားများ စတဲ့ လူထုလူတန်းစား အလွှာအသီးသီးက မိဘ ပြည်သူများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီကမ္ဘာလုံးဆိုင်ရာ ကူးစက်ပျံ့နှံ့တဲ့ ကပ်ရောဂါဆိုးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် တာဝန်ကိုယ်စီ ရှိကြတဲ့အတွက် အားလုံး အတူတကွ စည်းလုံး ညီညွတ်စွာနဲ့ တုံ့ပြန်ဖြေရှင်းကြဖို့ မေတ္တာရပ်ခံပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျား –
နိုင်ငံတော်အစိုးရအနေနဲ့ ယခုလို လတ်တလောဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် covID-19 ကပ်ရောဂါဆိုးနဲ့ စပ်လျဉ်းပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်တွေကို ဘက်ပေါင်းစုံမှ ကြိုတင်ပြီး စနစ်တကျ စီမံဆောင်ရွက်လျက်ရှိပါတယ်။ တစ်ဖက်မှာလည်း မိဘပြည်သူများရဲ့ဆန္ဒ မျှော်လင့်ချက်တို့နဲ့ တစ်ထပ်တည်းကျတဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက် ရည်မှန်းချက်များဖြစ်တဲ့ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများရဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မဆုတ်မနစ်တဲ့ ဇွဲလုံ့လဝီရိယတို့နဲ့ ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းသာယာရေးအတွက် ပြုပြင်ပြောင်းလဲရမယ့် အခြေအနေ ဆိုတာကို နားလည်သဘောပေါက်သလို ပြုပြင်ပြောင်းလဲရမယ့် အချိန်အခါဆိုတာကိုလည်း သိရှိပါတယ်။ ဒါကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍအသီးသီးမှာ ပြုပြင်ပြောင်းလဲမှုများကို ထုဆစ် ပုံဖော်လျက်ရှိပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ဆောင်ရွက်မှုတွေအပေါ်မှာ မိဘပြည်သူများအနေနဲ့ တွေ့မြင်ကြားသိနိုင်တဲ့ မြင်သာထင်သာတဲ့ ပြုပြင်ပြောင်းလဲမှုများရှိသလို မတွေ့မြင် မကြားသိနိုင်တဲ့ မြင်သာထင်သာ မရှိတဲ့ ပြုပြင်ပြောင်းလဲမှုများလည်း ရှိပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျား –
ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်သစ်ကမ္ဘာကြီးမှာ နိုင်ငံတော်ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ဆိုရင် ဒီအပြောင်းအလဲဟာ အခွင့်အလမ်းကောင်းပဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ ယုံကြည် ထားပါတယ်။ ပြည်သူလူထု လူမှုစီးပွားဘဝမြင့်မားတိုးတက်ဖို့ဆိုရင် (၂၁) ရာစု ခေတ်သစ်ရေစီး အပြောင်းအလဲဟာ စိုးရိမ်ကြောင့်ကြစရာ မဟုတ်ကြောင်း ကျွန်တော်တို့ ခံယူထားပါတယ်။ ပြုပြင်ပြောင်းလဲမှုဟာ အန္တရာယ်မဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားများရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း ကျွန်တော်တို့ နားလည်သဘောပေါက်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံသစ်ကို တည်ဆောက်ကြရန် ကျွန်တော်တို့အားလုံး ပြုပြင်ပြောင်းလဲလိုစိတ် လိုလိုလားလား ရှိကြဖို့ အဓိကကျပါတယ်။

ချစ်ခင်လေးစားအပ်တဲ့ မိဘပြည်သူများခင်ဗျား –
ဒီနေ့ဟာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းတဲ့ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးဟာ စိတ်သစ်လူသစ် ခွန်အားသစ်များဖြင့် နှစ်သစ်သို့ ခရီးဆက်ကြ ရမှာ ဖြစ်ပါတယ်။ ထိုနည်းတူနိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် အတွေးအခေါ်သစ်၊ အမြော်အမြင်သစ်များဖြင့် နှစ်သစ်ဆီ ချင်းနင်း ဝင်ရောက်ကြရမှာလည်း ဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ မျှော်လင့်ချက်နဲ့ နိုင်ငံတော်အစိုးရရဲ့ ဦးတည်ချက်၊ ရည်မှန်းချက်တွေ ထမြောက် အောင်မြင်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ပြင်းပြတဲ့ဆန္ဒ၊ မလျှော့တဲ့ဝီရိယ၊ ခိုင်မာတဲ့စိတ်ဓာတ်တို့နဲ့ ကြိုးစားလုပ်ကိုင်လျက် ခရီးဆက်ကြရမှာဖြစ်ပါတယ်။ နှစ်ဟောင်းက အတွေ့အကြုံတွေကို သင်ခန်းစာ ယူပြီး နှစ်သစ်မှာ ပိုမိုကောင်းမွန်အောင် ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေရဲ့ ကံကြမ္မာအလှည့် အပြောင်းကို ကိုယ်တိုင်ဖန်တီးနိုင်စွမ်းရှိကြတဲ့ မိဘပြည်သူများကလည်း အခွင့်အရေးရတုန်းရခိုက် နိုင်ငံတော်အစိုးရနဲ့ အတူလက်တွဲမဖြုတ်စတမ်း ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးကြပါရန် အလေးအနက် ပန်ကြားအပ်ပါတယ်။

– မိဘပြည်သူများအားလုံး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။
– ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ။
– ပြည်ထောင်စုကြီး ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant