Zawgyi Version
က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရး ဥပေဒ ပုဒ္မ ၂၁ ပုဒ္မခြဲ (ခ)ပါ လုပ္ပိုင္ခြင့္ကို က်င့္သုံး၍ ဤအမိန႔္ကို ထုတ္ျပန္လိုက္သည္။
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ (Coronavirus Disease 2019 – COVID-19) ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားကို အခ်ိန္ႏွင့္တစ္ေျပးညီ ေဆာင္ရြက္လ်က္ရွိရာ ေရာဂါကူးစက္ျပန႔္ႏွံ့မႈကို ပိုမိုထိေရာက္စြာ ထိန္းခ်ဳပ္နိုင္ ရန္အတြက္ အခ်ိဳ႕ေသာၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သည့္ ျပည္သူမ်ားအေနျဖင့္ မိမိေနအိမ္တြင္ ေနထိုင္ရန္ (Stay at Home) လိုအပ္ပါသည္။
၂။ သို႔ျဖစ္ပါ၍ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေအာက္ပါၿမိဳ႕နယ္မ်ားတြင္ ေနထိုင္သည့္ ျပည္သူ မ်ားအေနျဖင့္ ေနအိမ္တြင္ ေနထိုင္ေရး (Stay at Home)အစီအစဥ္တြင္ အက်ဳံးဝင္ေၾကာင္း ေၾကညာ လိုက္သည္-
(က) ေတာင္ဥကၠလာပၿမိဳ႕နယ္၊
(ခ) ပန္းဘဲတန္းၿမိဳ႕နယ္၊
(ဂ) ဗဟန္းၿမိဳ႕နယ္၊
(ဃ) မရမ္းကုန္းၿမိဳ႕နယ္၊
(င) အင္းစိန္ၿမိဳ႕နယ္၊
(စ) ေရႊျပည္သာၿမိဳ႕နယ္၊
(ဆ) လွိုင္သာယာၿမိဳ႕နယ္။
၃။ အဆိုပါ ၿမိဳ႕နယ္ ၇ ၿမိဳ႕နယ္ရွိ ေနအိမ္တြင္ ေနထိုင္ေရး (Stay at Home)အစီအစဥ္တြင္ အက်ဳံးဝင္ေသာ ျပည္သူမ်ားသည္ ေအာက္ပါစည္းကမ္းခ်က္မ်ားကို လိုက္နာရမည္-
(က) မိမိေနအိမ္တြင္သာေနထိုင္ရန္ (အစိုးရဌာန၊အဖြဲ႕အစည္းမ်ား၊ ကုမၸဏီ၊ စက္႐ုံ၊ အလုပ္႐ုံ မ်ားတြင္ တာဝန္ထမ္းေဆာင္ရန္ သြားေရာက္သူမ်ား မပါ)
(ခ) မျဖစ္မေန ေဈးဝယ္ရန္အတြက္ တစ္အိမ္လၽွင္ တစ္ဦးသာ သြားေရာက္ရန္၊
(ဂ) ေဆး႐ုံ၊ ေဆးခန္း သြားေရာက္ရန္ရွိပါက တစ္အိမ္လၽွင္ ႏွစ္ဦးသာ သြားေရာက္ရန္၊
(ဃ) ေနအိမ္မွ ျပင္ပသို႔ သြားလာလၽွင္ ပါးစပ္/ ႏွာေခါင္းစည္း (mask) တပ္ရန္၊
(င) တာဝန္ထမ္းေဆာင္ရန္သြားေရာက္/ျပန္လာမည့္သူမ်ားကို ပို႔ေဆာင္မည့္ ယာဥ္မ်ားႏွင့္ ျဖတ္သန္းခြင့္ျပဳထားေသာ ယာဥ္မ်ားကိုသာ ရပ္ကြက္ေက်ာ္လြန္ သြားလာခြင့္ျပဳရန္၊
(စ) ရပ္ကြက္အတြင္း ေဈးဝယ္ျခင္းအတြက္ ယာဥ္ေမာင္းအျပင္ ယာဥ္ေပၚတြင္ တစ္ဦး၊ ေဆး႐ုံ ေဆးခန္းသြားေရာက္ျခင္းအတြက္ ယာဥ္ေမာင္းအျပင္ ယာဥ္ေပၚတြင္ ႏွစ္ဦးသာ သြားေရာက္ရန္၊
။ အပိုဒ္ ၃ အပိုဒ္ခြဲ(ခ)၊ (ဂ) ႏွင့္ (စ) တို႔ပါ ကိစၥရပ္မ်ားတြင္ သတ္မွတ္ဦးေရထက္ ပိုမိုရန္ရွိလၽွင္ ျဖစ္ေစ၊ အျခားအေရးေပၚကိစၥရပ္မ်ားအတြက္ သြားလာရန္ ရွိလၽွင္ျဖစ္ေစ သက္ဆိုင္ရာရပ္ကြက္ အုပ္ခ်ဳပ္ေရးအဖြဲ႕သို႔ သတင္းပို႔၍ ခြင့္ျပဳခ်က္ျဖင့္ သြားလာရန္ႏွင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရး အဖြဲ႕သည္ တာဝန္ရွိသူ၊ တာဝန္ထမ္းေဆာင္ရန္ သြားေရာက္/ျပန္လာသူမ်ားမွအပ ရပ္ကြက္ျပင္ပမွ လည္းေကာင္း၊ ရပ္ကြက္အတြင္းမွလည္းေကာင္း ဝင္/ထြက္ ခြင့္မျပဳရန္ ျဖစ္သည္။
၅။ ဤအမိန႔္ကို လိုက္နာရန္ ပ်က္ကြက္ပါက ကူးစက္ေရာဂါမ်ား ကာကြယ္ႏွိမ္နင္းေရးဥပေဒအရ အေရးယူေဆာင္ရြက္မည္ျဖစ္သည္။
၆။ ဤအမိန႔္သည္ ၁၈-၄-၂၀၂၀ ရက္၊ ညေန ၆ နာရီ အခ်ိန္မွ စတင္သက္ေရာက္သည္။
Unicode Version
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 – COVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင် ရန်အတွက် အချို့သောမြို့နယ်များတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။
၂။ သို့ဖြစ်ပါ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်ပါမြို့နယ်များတွင် နေထိုင်သည့် ပြည်သူ များအနေဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ လိုက်သည်-
(က) တောင်ဥက္ကလာပမြို့နယ်၊
(ခ) ပန်းဘဲတန်းမြို့နယ်၊
(ဂ) ဗဟန်းမြို့နယ်၊
(ဃ) မရမ်းကုန်းမြို့နယ်၊
(င) အင်းစိန်မြို့နယ်၊
(စ) ရွှေပြည်သာမြို့နယ်၊
(ဆ) လှိုင်သာယာမြို့နယ်။
၃။ အဆိုပါ မြို့နယ် ၇ မြို့နယ်ရှိ နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာရမည်-
(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများ မပါ)
(ခ) မဖြစ်မနေ ဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊
(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊
(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း (mask) တပ်ရန်၊
(င) တာဝန်ထမ်းဆောင်ရန်သွားရောက်/ပြန်လာမည့်သူများကို ပို့ဆောင်မည့် ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်၊
(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ ဆေးခန်းသွားရောက်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊
။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ) နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက်/ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက် ခွင့်မပြုရန် ဖြစ်သည်။
၅။ ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်သည်။
၆။ ဤအမိန့်သည် ၁၈-၄-၂၀၂၀ ရက်၊ ညနေ ၆ နာရီ အချိန်မှ စတင်သက်ရောက်သည်။