How to avoid climate disaster

Bill Gates -How to avoid climate disaster ရာသီဥတုဘေးမှ ဝေးစွရှောင်ရန်

ကျော်ဦး ( မြန်မာပြန် )

Review by …….

မည်မျှပင်စာဖတ်ဝါသနာပါသည်ဆိုစေ မိမိနှင့်မယဉ်ပါးသော၊ မိမိစိတ်မဝင် စားသောအကြောင်းအရာများကိုတော့ ဖတ်လိုကြမည် မဟုတ်ပါ။ သို့သော် စိတ်မဝင်စားသောဖြစ်စဉ်တစ်ခုက မိမိ၏ပတ်ဝန်းကျင်ကို လာရောက် တွေ့ ထိ လွှမ်းမိုးလာပြီဆိုလျှင်တော့ ယင်းဖြစ်စဉ်၏အခြေခံသဘောမျှကို ဖြစ်စေ နားလည်သဘောပေါက်အောင် ကြိုးစားကြရပါမည်။ အဆိုပါ ဖြစ်စဉ်မျိုး များထဲတွင် ရာသီဥတုပြောင်းလဲခြင်းလည်း ပါဝင်ပါသည်။

ရာသီဥတုပြောင်းလဲခြင်းသည် “နေမဝင် ရေပြင်ခဲသည့် မြောက် ဝင်ရိုးစွန်းမှသည် ရေရှားသည့်သဲကန္တာရဆဟာရပါ မရှောင်ကမ္ဘာ့ချောင် ကြိုချောင်ကြားသို့တိုင်သက်ရောက်ကာ အပူလှိုင်းများ၊ မိုးခေါင်ခြင်းများ၊ မုန်တိုင်းထန် ရေကြီးခြင်းများ၊ မြင့်တက်လာသော ပင်လယ်ရေပြင် စသည့် အကျိုးဆက်များကိုဖန်တီးဖြစ်ပေါ်စေလျက်ရှိပါသည်။ ယင်းဖြစ်စဉ်များ၏ ထပ်ဆင့်အကျိုးဆက်အဖြစ် ရေနှင့်စားနပ်ရိက္ခာရှားပါးခြင်းဥစ္စာ ဓန ပျက်စီး ခြင်း၊ အိုးအိမ်ဆုံးရှုံးခြင်း၊ နေရင်းဒေသကို စွန့်ခွာရခြင်းတို့ကို နိုင်ငံတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့ခံစားနေကြရပါပြီ။ အနာဂတ်တွင် ယခု ထက် ပိုဆိုးသောအခြေအနေများနှင့်ရင်ဆိုင်ရဖို့ရှိရာ မြန်မာနိုင်ငံသည် အဆိုးရွားဆုံးခံရမည့်နိုင်ငံထဲတွင် ပါဝင်နေသည်။

လူတိုင်း မပတ်သက်ချင်၍မရသည့် ရာသီဥတုပြောင်းလဲခြင်း အကြောင်းကို ကျွန်တော် စာအုပ်များ ရေးသား ထုတ်ဝေခဲ့ရာ ပထမအုပ်မှာ ‘ဥတုရာသီပြောင်းခဲ့ပြီဖြစ်ပြီး ဒုတိယအုပ်မှာ ကလေးများအတွက် ရည်ရွယ် သည့် “ပြောင်းလဲနေသောရာသီဥတု’ဖြစ်ပါသည်။ ယခုစာအုပ်သည် ရာသီ ဥတုအကြောင်း ကျွန်တော်၏ တတိယစာအုပ်နှင့် ပထမဆုံး ဘာသာပြန် လက်ရာလည်း ဖြစ်ပါသည်။

ဘီလ်ဂိတ်ရေးသားသော How to avoid a Climate Disas- ter စာအုပ် ထွက်နေကြောင်း သိရသည်နှင့် ဖတ်လိုကြောင်း စင်ကာပူနေ မိတ်ဆွေဦးအေးမြင့်ထံပြောလိုက်ရာ ပြောပြီး ငါးရက်မြောက်နေ့တွင် ကျွန်တော့လက်ထဲ အရောက်ပို့ပေးသောကြောင့် ဤစာအုပ်ဖြစ်ပေါ်လာရာ ၌ ဦးအေးမြင့်၏ စေတနာကို ဦးစွာမှတ်တမ်းပြုလိုပါသည်။

မူရင်းရေးသူ ဘီလ်ဂိတ်သည် ကမ္ဘာ့အချမ်းသာဆုံးသူများထဲတွင် ပါသည့် ပရဟိတစိတ်ထက်သန်သူ မိုက်ကရိုဆော့ဖ်သူဌေးဆိုသည်ထက် ပိုမသိခဲ့ပါ။ သို့သော် တစ်ဦးချင်းအနေနှင့်ပြောလျှင် ရာသီဥတုပြောင်းလဲ ခြင်းကို ရင်ဆိုင်ရန် ကြိုးပမ်းရာ၌ သူ့ထက်သာသူမရှိနိုင်တော့ကြောင်းကို ထိုစာအုပ်ကို ဖတ်ပြီးနောက် သိလာရသည်။

ဘီလ်ဂိတ်သည် ရာသီဥတုရေးရာအတွက် လှူဒါန်းခြင်း၊ ရင်းနှီး မြှုပ်နှံခြင်းတို့ကို အမေရိကန်ဒေါ်လာဘီလျံနှင့်ချီ၍ သုံးစွဲသည်။ ထိပ်တန်း ရာသီဥတုပညာရှင်များထံချဉ်းကပ်၍ ဘာသာရပ်အကြောင်း အတွင်းကျကျ လေ့လာကာ ယင်းဖြစ်စဉ်ကို အကောင်းဆုံးမည်သို ့ ရင်ဆိုင်မည်နည်း ဆိုသည်တို့ကိုဖော်ထုတ်သည်။ ယင်းသို့ အားထုတ်ရာ၌ ဘီလ်ဂိတ်သည် ကမ္ဘာ့အဆင်းရဲဆုံးလူသားများဘက်မှ ဦးစားပေး စဉ်းစားကာ သူတို့နှင့် ကိုက်ညီသော နည်းနာများကို ရရှိလာအောင် ကြိုးပမ်းသည်။ သူသည် သူကြွယ်တစ်ဦး ဖြစ်သော်လည်း နည်းပညာ ဆန်းသစ် တီထွင်မှုများအပေါ် အထူးအားထားသည်။ ရာသီဥတုရေးရာ၌ ဆန်းသစ် တီထွင်ရန် ကြိုးပမ်း သော နည်းပညာတစ်မျိုးသည် ဆုံးရှုံးနိုင်ခြေ ရှိနေစေကာမူ အောင်မြင်မှု ရလိုရငြား ဒေါ်လာသန်းပေါင်းများစွာ ထည့်ဝင်ခြင်းဖြင့် အားပေးသည်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပီပီ ရာသီဥတုပြဿနာကို ဖြေရှင်းရာ တွင် စီးပွားရေးရှုထောင့်မှလည်း သုံးသပ်သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် အကျွမ်းဝင်သူဖြစ်၍ သူတို့၏အမြင်နှင့် ပူးပေါင်းမှုကို ရယူသည်။

ရာသီဥတုပြောင်းလဲခြင်းသည် ကျောက်မီးသွေး အဓိကဖြစ်သည့် ရုပ်ကြွင်းလောင်စာများကြောင့် ဖြစ်ကြောင်း၊ ယင်းလောင်စာများ၏ နေရာ တွင် ဆိုလာ လေအားစသည့်ပြန်ပြည့်မြဲစွမ်းအင်များကို အစားထိုး အသုံးပြု ကြရမည် ဖြစ်ကြောင်း၊ ပြန်ပြည့်မြဲစွမ်းအင်များ၏ ကုန်ကျစရိတ်သည် သိပြီးဖြစ်ကြသည်။ ထို့ကြောင့် ရုပ်ကြွင်း လောင်စာများကိုပစ်ပယ်ကာ ယင်းတို့နေရာတွင် ဆိုလာ လေအား စသည် တို့ဖြင့် အစားထိုးကြရန် လိုလားကြသည်။ လှုံ့ဆော်ကြသည်။

မည်မျှ လိုလားလှုံ့ဆော်ကြစေကာမူ လက်တွေ့တွင် ရုပ်ကြွင်း လောင်စာများကို လုံးဝမသုံးဘဲ ပစ်ပယ်ဖို့မဆိုထားဘိ၊ အဓိကနေရာမှပင် ယနေ့ အထိ မဖယ်ရှားနိုင်သေးကြောင်း အထင်အရှားတွေ့နိုင်ကြသည်။ မဖယ်ရှားနိုင်ရခြင်း၏ နောက်ကွယ်တွင် စီးပွားရေး၊ နိုင်ငံရေး၊

လူမှုရေး၊ နည်းပညာစသည့် အကြောင်းရင်းများစွာ ရှိနေသည်။ လူသိလွန် စွာနည်းသည့် အဆိုပါ အကြောင်းရင်းများကား အဘယ်နည်း၊ ယင်းတို့ကို မည်သို့ ကျော်လွှားနိုင်မည်နည်း၊ မည်မျှကြာလျှင်ကျော်လွှားနိုင်မည်နည်း စသည်တို့ကို ဘီလ်ဂိတ်က ထိုစာအုပ်၌ ဖော်ထုတ်ထားသည်။ နက်နဲသော အကြောင်းအရာကို ထဲထဲဝင်ဝင်လေ့လာရေးသားသော်လည်း အများ နား လည်အောင် အားထုတ်နိုင်သဖြင့် ထိုစာအုပ်သည် ၂၀၂၁ ခုနှစ်က နိုင်ငံ တကာ၌ အရောင်းရဆုံးစာအုပ် ဖြစ်ခဲ့သည်။

ရုပ်ကြွင်းလောင်စာများနေရာတွင် ပြန်ပြည့်မြဲစွမ်းအင်များဖြင့် အစားထိုးရန် မည်သည့်အတွက် ခက်ခဲကြန့်ကြာနေရသနည်းဆိုသည်ကို ရှင်းပြသောစာအုပ်ကိုမဆိုထားဘိ၊ ဆောင်းပါးတစ်စောင်တလေကိုမျှ မြန်မာစာပေနယ်၌ မတွေ့ရသေးသဖြင့် ယင်းကွက်လပ်ကို ဖြည့်ဆည်းရန် ဤစာအုပ်ကို ပြန်ဆိုထုတ်ဝေပါသည်။

ဘီလ်ဂိတ်၏ အားထုတ်မှုကို မြန်မာ စာဖတ်ပရိသတ်များ ပိုမို လွယ်ကူစွာ သဘောပေါက်နိုင်ရန် ပညာရပ်ဆိုင်ရာဂေါဟာရ ရှင်းလင်းချက် များ၊ ပြန်ဆိုရာတွင် အသုံးပြုသော မြန်မာ-အင်္ဂလိပ် ဝေါဟာရများကို စာအုပ်နောက်ပိုင်း၌ ဖော်ပြထားပါသည်။

ကျော်ဦး ပါရမီစာပေ

စာအုပ်လေးကို ကြိုက်နှစ်သက်လို့ ဝယ်ယူချင်ပါက…

TRUSTY နဲ့ရှင်းလို့ရတယ် Ko Latt Book Shop မှာဝယ်ယူလိုက်ပါ…

(Ko Latt Book Shop)

အမှတ် ၂၂၀ ၊ မြေညီ ၊ ၃၁ လမ်း အထက်ဘလောက် ၊ ပန်းဘဲတန်းမြို့နယ် ၊ ရန်ကုန်မြို့ ၊ 018390421,

09265020068 , 09965020068 , 09885020068

Write A Comment