Unicode Version
မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်း ရောဂါ တုန့်ပြန်ရေး လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အတွက် ချေးငွေ အမေရိကန် ဒေါ်လာသန်း ၅၀ အား ကမ္ဘာ့ဘဏ်က ယနေ့မှာ အတည်ပြုလိုက်ပါတယ်။
စီမံကိန်းဟာ အဓိကအားဖြင့် သတ်မှတ်ထားတဲ့ ဆေးရုံတွေရဲ့ အထူးကြပ်မတ်စောင့်ရှောက်မှု ဌာနတွေကို အဆင့်မြှင့်တင်သွားရန် ဖြစ်ပြီး ကျန်းမာရေး ၀န်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့နဲ့ ရပ်ရွာလူထုအသိပေးလုပ်ငန်းတွေကို တစ်နိုင်ငံလုံးတွင် တိုးမြှင့်ဆောင်ရွက်သွားနိုင်ဖို့ အဓိက ရည်ရွယ်ထားတယ်လို့ World Bank Myanmar က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
စီမံကိန်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးရှိ ဗဟိုအဆင့် ဆေးရုံ ရှစ်ရုံနဲ့ တိုင်းဒေသကြီးပြည်နယ်အဆင့် ဆေးရုံ ၄၃ ရုံ ပါ၀င်မှာ ဖြစ်ပါတယ်။
လုပ်ငန်းတွေကို အပိုင်းလိုက် ဆောင်ရွက်သွားမှာဖြစ်လို့ အရေးပေါ် အလိုအပ်ဆုံး ဖြစ်တဲ့ ဒေသတွေ ဥပမာအနေနဲ့ လူဦးရေ ထူထပ်တဲ့ ဒေသ၊ ခရီးသွားလာသူများနဲ့ ရွှေ့ပြောင်း လုပ်သား အများအပြားရှိတဲ့ ဒေသတွေမှာ ဦးစားပေး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
Zawgyi Version
ျမန္မာနိုင္ငံတြင္ ကိုဗစ္နိုင္တင္း ေရာဂါ တုန႔္ျပန္ေရး လုပ္ငန္းေတြ ေဆာင္ရြက္နိုင္ဖို႔ အတြက္ ေခ်းေငြ အေမရိကန္ ေဒၚလာသန္း ၅၀ အား ကမၻာ့ဘဏ္က ယေန႔မွာ အတည္ျပဳလိုက္ပါတယ္။
စီမံကိန္းဟာ အဓိကအားျဖင့္ သတ္မွတ္ထားတဲ့ ေဆး႐ုံေတြရဲ့ အထူးၾကပ္မတ္ေစာင့္ေရွာက္မႈ ဌာနေတြကို အဆင့္ျမႇင့္တင္သြားရန္ ျဖစ္ၿပီး က်န္းမာေရး ၀န္ထမ္းမ်ား စြမ္းေဆာင္ရည္ ျမႇင့္တင္ေပးဖို႔နဲ႔ ရပ္ရြာလူထုအသိေပးလုပ္ငန္းေတြကို တစ္နိုင္ငံလုံးတြင္ တိုးျမႇင့္ေဆာင္ရြက္သြားနိုင္ဖို႔ အဓိက ရည္ရြယ္ထားတယ္လို႔ World Bank Myanmar က ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
စီမံကိန္းမွာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အသီးသီးရွိ ဗဟိုအဆင့္ ေဆး႐ုံ ရွစ္႐ုံနဲ႔ တိုင္းေဒသႀကီးျပည္နယ္အဆင့္ ေဆး႐ုံ ၄၃ ႐ုံ ပါ၀င္မွာ ျဖစ္ပါတယ္။
လုပ္ငန္းေတြကို အပိုင္းလိုက္ ေဆာင္ရြက္သြားမွာျဖစ္လို႔ အေရးေပၚ အလိုအပ္ဆုံး ျဖစ္တဲ့ ေဒသေတြ ဥပမာအေနနဲ႔ လူဦးေရ ထူထပ္တဲ့ ေဒသ၊ ခရီးသြားလာသူမ်ားနဲ႔ ေရႊ႕ေျပာင္း လုပ္သား အမ်ားအျပားရွိတဲ့ ေဒသေတြမွာ ဦးစားေပး ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။