• Home
  • >>
  • News
  • >>
  • နွေရာသီ အသက် ၁၉နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲ လားရှိုးကိုးကန့် လူငယ်အသင်း တံခွန်စိုက်ဆုဆွတ်ခူး

နွေရာသီ အသက် ၁၉နှစ်အောက် ဘတ်စကတ်ဘောပြိုင်ပွဲ လားရှိုးကိုးကန့် လူငယ်အသင်း တံခွန်စိုက်ဆုဆွတ်ခူး

အားကစားနှင့် ကာယပညာဦးစီးဌာန နှင့် မြန်မာနိုင်ငံဘတ်စကတ်ဘောဖွဲ့ချုပ် တို့ ပူးပေါင်းကျင်းပသည့် နွေရာသီဖိတ်ခေါ် အလွတ်တန်းနှင့် အသက် ၁၉နှစ်အောက် အမျိုးသား အမျိုးသမီး ဘတ်စကတ်ဘော ဗိုလ်လုပွဲပြိုင်ပွဲများ ကို မေလ၁၄ရက်ညနေပိုင်းတွင် ရန်ကုန်မြို့ မိုးလုံလေလုံအောင်ဆန်းအားကစား အားကစားရုံ၌ ကျင်းပရာ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြသည်။

ဗိုလ်လုပွဲတွင် အသက် ၁၉ အောက် အမျိုးသားပြိုင်ပွဲ ၌ လားရှိုးကိုးကန့်လူငယ်သင်းက မွန်လူငယ် အသင်းကို ၆၂ ၆၄ ဖြင့်၎င်း အနိုင်ရရှိသွားပြီး အလွတ်တန်းအမျိုးသားပြိုင်ပွဲ၌ KTA Team (B) အသင်းကို Spit Fireအသင်း က ၅၅ ၆၂ ဖြင့်၎င်း အနိုင်ရရှိသွားသည်။

ဗိုလ်လုပွဲများအပြီးတွင် အသင်းလိုက်အသက် ၁၉ နှစ်အောက် အလွတ်တန်းအမျိုးသား အမျိုးသမီးအသင်း ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အကောင်းဆုံးအမျိုးသား၊ အမျိုးသမီး၊ ဆုရရှိကြသူများအား မြန်မာနိုင်ငံ ဘက်စကတ်ဘောအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌများနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ မှ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။

ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ခဲ့ကြပြီး တံခွန်ဆိုက်ဆုရရှိသွားသည့် လားရှိုးကိုးကန့်အသင်းအား ဆုချီးမြှင့်ပေးသည်။ ယင်းပြိုင်ပွဲကို မေ ၅ရက်နေ့ တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသင်းများ အလွတ်တန်းအသက် ၁၉ နှစ်အောက် အမျိုးသား အမျိုးသမီးအသင်းများ စုစုပေါင်း ၆၇ သင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ယခုလို ငယ်ရွယ်သော လူငယ်လူရွယ် လူရည်ချွန်တွေရဲ့ စည်းလုံး တည်ငြိမ်စွာ ကြိုးစား စွမ်းဆောင်မှုကြောင့် မြန်မာနိုင်ငံရဲ့ အားကစားစွမ်းဆောင်ရည်ပိုင်း ပိုမို တိုးတက်အောင်မြင်လာမှာပဲဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အေးချမ်းတည်ငြိမ်စွာ တိုးတက်အောင်မြင်ဖို့ဟာ ယခုလို အားကစားလူရည်ချွန် လူငယ်လူရွယ်တွေရဲ့ လက်ထဲမှာပဲရှိကြောင်းပြောကြားသွားပါတယ်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant