• Home
  • >>
  • News
  • >>
  • မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ မြန်မာအားကစားသမားများအား ချီးကျူးစကားပြောကြားခြင်း

မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ မြန်မာအားကစားသမားများအား ချီးကျူးစကားပြောကြားခြင်း

မြန်မာအားကစားသမားများသည် ၀ဲဘက်ရင်အုံပေါ်မှ နိုင်ငံတော်အလံကို အလွန်ချစ်ခင် တန်ဖိုးထားသူများဖြစ်ကြောင်း မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ထုတ်ဖော်ချီးကျူးလိုက်သည်။

ဦးသောင်းထိုက်မင်းသည် သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကစံကွင်း အတွင်းမှ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ပြုလုပ်ခဲ့သော ၂၀၁၈ -၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ ရွှေငွေကြေးဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ဆုတံဆိပ်များ ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားတွင် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌများကိုယ်စား ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာ၌ အထက်ပါအတိုင်း ထုတ်ဖော်ချီးကျူးလိုက်ခြင်း ဖြစ်သည်။

‘အခြားပြိုင်ဘက်အားကစားသမားတွေနဲ့ နှိုင်းယှဉ်လိုက်ရင် ပြိုင်ပွဲဝင် ၀တ်စုံကစလို့ အစစအရာရာနီးပါး မျက်နှာ ငယ်စရာဖြစ်ပေမယ့် ကျွန်တော်တို့အားကစားသမားတွေဟာ သူတို့ရဲ့ လက်ဝဲဘက်ရင်အုံပေါ်မှာရှိတဲ့ နိုင်ငံတော်အလံကို အင်မတန်ချစ်ခင်လေးစား တန်ဖိုးထားကြသူတွေ ဖြစ်ပါတယ်။ နိုင်ငံတော်အလံကို လေးစားမှု၊ နိုင်ငံတော်ချစ်ခင်မှုနဲ့ မျက်နှာငယ်စရာတွေကို ချေဖျက်ပြီးနိုင်ငံအတွက် အောင်ပွဲရရှိရေးကိုသာ ရှေးရှုကြိုးစား အားထုတ်ကြသူတွေ ဖြစ်တယ်ဆိုတာ အခုလိုကြုံတုန်းကြုံခိုက်မှာ မြန်မာ့အားကစားသမားတွေအားလုံးကို ကျွန်တော် ဂုဏ်ပြုစကား ဆိုချင်ပါတယ်’ဟုဦးသောင်းထိုက်မင်းက ပြောဆိုခဲ့သည်။

မြန်မာအားကစားသမားများသည် နိုင်ငံနှင့်လူမျိုးအတွက်ဆိုသည့် ခံယူချက်ဖြင့်သာ ကစားတတ်ကြသူများဖြစ်ပြီး အောင်ပွဲရရင် ငါတို့ဘာတွေ ခံစားရမယ်၊ ဘယ်လိုခံစားခွင့်တွေ ရရှိမှသာ အောင်ပွဲရအောင် ငါတို့်ကြိုးစားကြမယ်ဟူသော အခွင့်အရေး ခံစားလိုစိတ်များ မြန်မာ ကစားသမားများ၌ အလျင်းမရှိဘဲ ငါ့သည် နိုင်ငံအတွက်၊ ငါ့အောင်မြင်မှုသည် နိုင်ငံအတွက်ဟူသော စိတ်ထားများသာ ရှိကြသူများဖြစ်ပြီး ယင်းစိတ်ဓာတ်မှာ အလွန်ချစ်ခင်လေးစားစရာကောင်းသည့် စိတ်ထားကောင်းဖြစ်ကြောင်းလည်း ဦးသောင်းထိုက်မင်းက ပြောခဲ့သေးသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant