ST Cafe

ST Café သည် ဒီဇင်ဘာလ ၃ ရက် ၊ ၂၀၁၆ တွင်စတင်ဖွင့်လှစ်ခဲ့ပြီး ရွှေတောင်ဟိုတယ်အနီး ၊ ပြည်လမ်း ၊ ၈မိုင် ၊ မရမ်းကုန်း မြို့နယ်တွင် တည်ရှိပါတယ်။
သန့်ရှင်း သပ်ရပ်တဲ့နေရာထိုင်ခင်းများရှိပြီး ဆိုင်တစ်ဆိုင်လုံးကို ဂျပန်ကာတွန်းဇာတ်ကောင် ဒိုရေမွန်အရုပ်များနှင့် အလှဆင်ထားပါတယ်။ ဒိုရေမွန်အရုပ် ကြိုက်နှစ်သက်သူများ အတွက် သဘောကျ နှစ်ခြိုက်စေမယ့်နေရာလေးဖြစ်ပြီး တစ်ဆိုင်လုံးကို ဒိုရေမွန်အရောင်ဖြစ်တဲ့ အပြာရောင် လွှမ်းခြုံနေတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။
အရုပ်များနှင့် လှပတဲ့ ဆိုင်အပြင်အဆင်လေးကြောင့် ဓာတ်ပုံရိုက် ဝါသနာပါသူများ အတွက် အကြိုက်တွေ့စေမှာ ဖြစ်တဲ့အပြင် ဒိုရာမွန်ဝတ်စုံဝတ်ထားတဲ့ ကာတွန်းရုပ်ကြီးနဲ့ ဓာတ်ပုံ အတူတူတွဲရိုက်နိုင်မှာ ဖြစ်ပါတယ်။

ST Café တွင် ဒိုရေမွန် ကာတွန်းရုပ်လေးနဲ့ ပတ်သတ်တဲ့ အသုံးအဆောင် ပစ္စည်းများနှင့် အရုပ်များကို ဈေးနှုန်း သက်သာစွာနဲ့ ရောင်းချပေးပါတယ်။
အစားအသောက်များ အနေနဲ့ ထမင်းကြော် ၊ စပါကတီ ၊ ပန်ကိတ် ၊ ဘာဂါ ၊ ဆန်းဝှစ် ၊ အာလူးချောင်းကြော် ၊ ကော်ဖီ ၊ လက်ဖက်ရည် ၊ သစ်သီးဖျော်ရည်နှင့် အအေးအမျိုးမျိုး၊ ကော့တေး နှင့် အချိုပွဲ အမျိုးမျိုး စသဖြင့် အမျိုးပေါင်း ၅၀ကျော်ခန့် မှ စုံလင်စွာ ရွှေးချယ် သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဈေးနှုန်းများလည်း သင့်တင့်မျှတပြီး တစ်ယောက်စာ Set Menu ကို ၃၅၀၀ ကျပ်ဖြင့် ရရှိနိုင်ပြီး Set Menu ကို မသုံးဆောင်ချင်သူများ အနေဖြင့် Item တစ်ခုခြင်းဆီ မှာယူသုံးဆောင်ပါက ၂၀၀၀ ကျပ်ဝန်းကျင်ခန့် ကျသင့်မှာဖြစ်ပါတယ်။

Free Wifi ပေးထားတာကြောင့် စားသောက်ရင်း အင်တာနက်သုံးနိုင်ပြီး Customer Service မှာလည်း အလွန် ကောင်းမွန်တာကြောင့် သွားရောက်သူတိုင်း စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ST Café သည် ကျယ်ဝန်းပြီး လူဦးရေ ၅၀ ခန့်ဆန့်သောကြောင့် မွေးနေ့ပွဲ ၊ Group Party ပွဲများကျင်းပရန် အတွက်လည်း အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။

ဒါ့အပြင် ST Cafe တွင် ငွေပေးချေရာတွင်လည်း Trusty E-Commerce နဲ့ ငွေပေးချေလို့ရပါတယ်…

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant