• Home
  • >>
  • News
  • >>
  • နိုင်ငံတကာပြိုင်ပွဲများ၌ ဆုတံဆိပ်ရရှိသောလှေလှော်ကစားသမားများကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း

နိုင်ငံတကာပြိုင်ပွဲများ၌ ဆုတံဆိပ်ရရှိသောလှေလှော်ကစားသမားများကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ခြင်း

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနသည် ၂၀၁၈ -၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲများ၌ ရွှေငွေကြေးဆုတံဆိပ်များ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် အဖွဲ့ချုပ်ဥက္ကဋ္ဌများနှင့် ဆုတံဆိပ်များ ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပွဲရာ အဆိုပါ အခမ်းအနားကို သြဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကစံကွင်း အတွင်းမှ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာအားကစားပြိုင်ပွဲပေါင်း ၄၄ ပွဲတွင် အားကစားနည်း ၂၄ မျိုးဖြင့် ပါဝင်ယှဉ်ခဲ့ရာ၌ ရွှေငွေကြေး စုစုပေါင်း ဆုတံဆိပ် ၃၁၁ ခု ရရှိခဲ့သည့် အားကစားသမားများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ရာ အဆိုပါ ဂုဏ်ပြုချီးမြှင့်ခံခဲ့ရမှု၌ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌနှင့် လှေလှော်ကစားသမားများလည်း ပါဝင်ခဲ့သည်။

အားကစားနှင့် ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပြီး ကစားသမားများအား ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ယင်းတွင် သြဂုတ် ၂၁ ရက်မှ ၂၅ ရက်အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့၌ ပြုလုပ်ခဲ့သော ၁၄ ကြိမ်မြောက် ကမ္ဘာ့နဂါးလှေချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၄ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၅ ခု ဆွတ်ခူးအောင်မြင်ခဲ့သော ရိုးရာလှေလှော်ကစားသမားများအား ကျပ်သိန်း ၂၅၀ ချီးမြှင့်ပေးအပ်ခဲ့သည်။ ဇွန်လအတွင်းက ထိုင်းနိုင်ငံ ပတ္တရားမြို့မှာပင် ပြုလုပ်ခဲ့သော အနောက်တိုင်းလှေနှင့် ကနူး/ကယက်လှေ ဖိတ်ခေါ်ပြိုင်ပွဲများ၌ ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၄ ခုနှင့် ကြေးတံဆိပ် ၅ ခု ရယူဆွတ်ခူးခဲ့သော အနောက်တိုင်းလှေနှင့် ကနူး/ကယက်လှေအားကစားသမားများအား ကျပ် ၉၅ သိန်း ချီးမြှင့်ပေးအပ်ခဲ့သည်။

အားကစားနှင့် ကာယပညာဦးစီးဌာနသည် ယခုကဲ့သို့ ဂုဏ်ပြုဆုချီးမြှင့်ပွဲကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်က ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပြီး ဆုကြေးငွေ ကျပ်သိန်းပေါင်း ၁၉၈၄ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရပြီး ဒုတိယအကြိမ်အဖြစ် ပြုလုပ်သော ယခုဂုဏ်ပြုဆုချီးမြှင့်ပွဲ၌မူ စုစုပေါင်းဆုကြေးငွေ ကျပ်သိန်း ၂၅၆၁ သိန်း ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ ယင်းတွင် မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် အားကစားသမားများက ဆုကြေးငွေပေါင်း ကျပ် ၃၄၅ သိန်း ရရှိခဲ့ခြင်း ဖြစ်သည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant