• Home
  • >>
  • News
  • >>
  • (ယခင်တရားရုံးသစ်) ယခု Rose Wood Yangon Hotel အား အပြာရောင်ကမ္ပည်းပြား ၃၁ ခုမြောက် တပ်ဆင်

(ယခင်တရားရုံးသစ်) ယခု Rose Wood Yangon Hotel အား အပြာရောင်ကမ္ပည်းပြား ၃၁ ခုမြောက် တပ်ဆင်

၎. ၈. ၂၀၁၉ ရက် ၊ ရန်ကုန်မြို့  ၊ ကျောက်တံတားမြို့ နယ် ၊ ဘဏ်လမ်းရှိ ( ယခင်တရားရုံးသစ်) ယခု ROSE WOOD YANGON HOTEL အား ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) မှ ရှေးဟောင်းမြို့ ပြအမွေအနှစ်အဖြစ်သတ်မှတ်ပြီး (၃၁) ခုမြောက်အပြာရောင်ကမ္ဗည်းပြားတပ်ဆင်ခြင်းအခမ်းအနားကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ဥက္ကဌ ဒေါက်တာသန့်မြင့်ဦးတို့က အမှတ်တရစကား ပြောကြားခဲ့ပြီး Jewellery Luck Group of Companies မှ ဒုဥက္ကဌ ဦးသောင်းထိုက်မင်းမှလည်းတက်ရောက်ခဲ့ပါသည်။

ယခင်တရားရုံးသစ်၊ ယခု ROSE WOOD YANGON HOTEL သည် ရန်ကုန်မြို့ ၌ အထင်ကရ အမွေအနှစ် အဆောက်အအုံပေါင်း ၁၈၉ ခုရှိရာ တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ အလောင်းမင်းတရား လက်ထက်၌ အကောက်ခွန်ဌာန အဖြစ် ပထမဆုံးအုတ်မြစ်ချ တည်ဆောက်ခဲ့ကြောင်း၊ ယင်းနောက် ငလျင်ဒဏ်ကြောင့် ယိုယွင်းပျက်စီးသဖြင့် ၁၈၆၈ ခုနှစ်၌ ပြည်သူ့ဆောက်လုပ်ရေးဌာနမှ အင်ဂျင်နီယာ ဟန်နရီဟွိုင်းဖော့စ်က ပုံစံရေးဆွဲပြီး ပြန်လည်တည်ဆောက်ကာ ခရိုင်တရားရုံးများအဖြစ် အသုံးပြုခဲ့ကြောင်း၊ ၁၉၅၇ ခုနှစ်နောက်ပိုင်း ပြည်သူရဲဌာနချုပ် ၊ လေကြောင်း ဦးစီးဌာနနှင့် အစိုးရဌာနများစွာ ရုံးစိုက်ခဲ့ကြောင်း သိရသည်။

ROSEWOOD YANGON HOTEL ကို အမေရိကန် ဒေါ်လာသန်း ၁၀၀ ကျော် အကုန်အကျ ခံကာ ပြန်လည်ပြုပြင်ပြီး၊ ဟိုတယ်အခန်းပေါင်း ၂၀၅ ခန်းရှိကြောင်း သိရသည်။ ယင်းအဆောက်အအုံကို ရန်ကုန်မြိုပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ရှေးဟောင်းအမွေအနှစ် အဆောက်အအုံ အဖြစ် သတ်မှတ်ပြီး (၃၁)ခုမြောက် အပြာရောင် ကမ္ဗည်းပြား တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant