• Home
  • >>
  • News
  • >>
  • ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီ

ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပြီ

မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် သမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်တင်မြှောက်လိုက်ပါပြီ။

လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ကနေ သမ္မတကြီးဦးဝင်းမြင့်ဖြစ်လာခဲ့တာပါ။ ဦးဝင်းမြင့်ဟာ နှစ်ပေါင်း ၆ဝ အတွင်း ဒုတိယမြောက်အရပ်သားသမ္မတအဖြစ်လည်း သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။
ဒီကနေ့ မတ်လ ၂၈ ရက်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ထက်ဝက်ကျော်က ဒီချုပ်ပါတီအမတ်တွေဖြစ် ပါတယ်။
ဒီကနေ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ စုစုပေါင်းပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၆၃၆ ဦးမှာ ၄၀၃ဦးကနေ ဦးဝင်းမြင့်ကို မဲပေး ခဲ့ပြီး မဲအများဆုံးနဲ့ သမ္မတနေရာ ရရှိသွားတာဖြစ်ပါတယ်။

ဒုတိယမဲအများဆုံးရရှိတဲ့ ဦးမြင့်ဆွေ ကတော့ မဲအရေ အတွက်၂၁၁ နဲ့ ဒုသမ္မတ (၁) အဖြစ် လည်းကောင်း၊ တတိယမဲ ၁၈ မဲရရှိခဲ့တဲ့ ဦးဟင်နီရီဗန်ထီးယူကတော့ ဒုသမ္မတ (၂) အဖြစ်လည်းကောင်း အသီးသီးရွေးချယ်တင်မြှောက်ခဲ့တာဖြစ်ပါတယ်။
အရင်သမ္မတဟောင်း ဦးထင်ကျော်ကို သမ္မတအဖြစ်ရွေးချယ်တင်မြှောက်စဉ်တုန်းကတော့ ဦးထင်ကျော်က မဲအ ရေအတွက် ၃၆၀ ရရှိခဲ့ပြီး သမ္မတဖြစ်လာခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ သမ္မတရွေးချယ်ပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က လေ့လာသူအဖြစ်တက် ရောက်ခဲ့ပြီးတော့ ပြည်ထောင်စုအဆင့်ဝန်ကြီးတွေလည်းတက်ရောက်ခဲ့ပါတယ်။

ပီးတော့ ဒီချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်ထဲကတော့ ဦးဝင်းထိန်ဟာ လေ့လာသူအဖြစ်တက် ရောက်ခဲ့တာ တွေ့ရ ပါတယ်။
နိုင်ငံရဲ့ သမိုင်းဝင်နေ့တွေထဲက တစ်ရက်ဖြစ်တဲ့ ၂၀၁၆ မတ်လ ၁၅ ရက်က ပြုလုပ်တဲ့ သမ္မတရွေးပွဲ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ကိုယ်စားတစ်ဦးအနေနဲ့ တက်ရောက်ခဲ့တာဖြစ်ပါတယ်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant