• Home
  • >>
  • News
  • >>
  • ၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ) ပွဲစဉ် (ရန်ကုန်မြို့) ကို Dagon Golf City ဂေါက်ကွင်းတွင် ဖွင့်ပွဲစတင်ကျင်းပခြင်း

၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ) ပွဲစဉ် (ရန်ကုန်မြို့) ကို Dagon Golf City ဂေါက်ကွင်းတွင် ဖွင့်ပွဲစတင်ကျင်းပခြင်း

မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာဂျီပီအေတို့မှကြီးမှူး၍ Telecom International Myanmar Co.,Ltd (Mytel)မှ အဓိကကူညီပံ့ပိုးမှုဖြင့် ၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ (တတိယ)ပွဲစဉ် (ပထမ)နေ့နှင့် ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက Dagon Golf City ဂေါက်ကွင်း ရန်ကုန်မြို့၌ကျင်းပရာ မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ Telecom International Myanmar Co.,Ltd (Mytel) မှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ပြိုင်ပွဲတွင် အားကစားသမားများသည် သတ်မှတ်တီခုံပေါ်တွင် နေရာယူကြပြီး မြန်မာနိုင်ငံဂေါက်သီးအဖွဲ့ချုပ်နာယက ဦးဝင်းလှိုင်၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း အကြီးတန်းအကြံပေးပုဂ္ဂိုလ် ဦးသန့်ဆွေနှင့် Telecom International Myanmar Co.,Ltd (Mytel)မှ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့မှ အလှည့်ကျ ဂေါက်သီးရိုက်ကာ ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းပြိုင်ပွဲတွင် ပညာရှင်အဆင့် (၃၆)ဦး၊ ဝါသနာရှင်အဆင့်အမျိုးသား (၁၄၂)ဦးနှင့် ဝါသနာရှင်အဆင့်အမျိုးသမီး (၁၅)ဦး စုစုပေါင်းအားကစားသမား (၁၉၃)ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပါသည်။ ၂၀၁၉ခုနှစ် မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် Myanmar Zwe Mann Co.,Ltd၊ MWD Bank၊ Telecom International Myanmar Co.,Ltd (Mytel)၊ SAE PAING Development Ltd၊ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort (Myanmar)နှင့် INNWA Bank တို့မှအဓိကကူညီပံ့ပိုးပေးထားပြီး အားကစားသမားများ သွားလာမှုလွယ်ကူစေရန်အတွက် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီလီမိတက်မှ အခမဲ့ကူညီပံ့ပိုးပေးထားပြီး ပြိုင်ပွဲအား ၂၀၁၉ခုနှစ် စက်တင်ဘာလ ၁၇ရက်နေ့မှ ၂၀ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant