• Home
  • >>
  • News
  • >>
  • အောင်​ပွဲရ မြန်​မာ့လက်​​ရွေးစင်​ ​လှေ​လှော်​အသင်းအား ဂုဏ်​ပြုပွဲ အခမ်းအနား

အောင်​ပွဲရ မြန်​မာ့လက်​​ရွေးစင်​ ​လှေ​လှော်​အသင်းအား ဂုဏ်​ပြုပွဲ အခမ်းအနား

မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​သည်​ ပြီးခဲ့သည့်​ ဇွန်​လအတွင်းက ထိုင်းနိုင်ငံ ပတ္တရားမြို့တွင်​ ကျင်းပခဲ့​သော ကနူး/ကယက်​နှင့်​ အပြည်​ပြည်​ဆိုင်​ရာ​​လှေ (Rowing)ပြိုင်​ပွဲများတွင်​ ​အောင်​မြင်​မှု ရရှိခဲ့​သော မြန်​မာလက်​​ရွေးစင်​​လှေလှော်အသင်းများအား ဂုဏ်​ပြုပွဲကို ဇူလိုင်​ ၈ ရက်​ ည​နေ ၆ နာရီတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး မင်္ဂလာဒုံမြို့နယ်​ ခ​ရေပင်​လမ်းရှိ Dagon City Golf ကွင်း၌ ကျင်းပခဲ့​ပါသည်​။

မြန်​မာ့လက်​​ရွေးစင်​ ​လှေ​လှော်​အသင်းသည်​ ဇွန်​လ ၂၃ ရက်​မှ ၂၅ ရက်​အထိ ထိုင်းနိုင်​ငံ ပတ္တရားမြို့၌ ကျင်းပခဲ့​သော ပြိုင်​ပွဲများတွင်​ ကနူး/ကယက်​​လှေပြိုင်​ပွဲများမှ ​ရွှေတံဆိပ်​ (၆)ခု၊ ​ငွေတံဆိပ်​ (၃) ခု၊ ​ကြေးတံဆိပ်​ (၂)ခု ရရှိခဲ့ပြီး အ​နောက်​တိုင်း​လှေ (Rowing)ပြိုင်​ပွဲမှ ​​ငွေတံဆိပ်​ (၁) ခု၊ ​ကြေးတံဆိပ်​ (၃) ခု ဆွတ်​ခူးနိုင်​ခဲ့ရာ စုစု​ပေါင်း ​ရွှေတံဆိပ်​ (၆) ခု၊ ​ငွေတံဆိပ်​ (၄) ခု၊ ​ကြေးတံဆိပ်​ (၅) ခုဖြင့်​ နိုင်​ငံအလိုက်​အဆင့်​ စတုတ္ထ​နေရာ၌ ရပ်​တည်​နိုင်​ခဲ့သည်​။

အောင်​ပွဲရ မြန်​မာ့လက်​​ရွေးစင်​ ​လှေ​လှော်​အသင်းအား ဂုဏ်​ပြုပွဲ အခမ်းအနားတွင် ​ရွှေတံဆိပ်​ဆု ရရှိသူကို ​ငွေကျပ်​ ၁၀ သိန်း၊ ​ငွေတံဆိပ်​ ရရှိသူကို ​ငွေကျပ်​ ငါးသိန်း၊ ​ကြေးတံဆိပ်​ရရှိသူကို ​ငွေကျပ်​ နှစ်​သိန်းခွဲ ချီးမြှင့်​မည်​ဖြစ်​ပြီး ​ရွှေတံဆိပ်​ဆုရ နည်းပြဆရာများ (ပြည်​တွင်း/ပြည်​ပ)ကို ​ငွေကျပ်​ဆယ်သိန်း၊ ​ငွေတံဆိပ်​နှင့်​ ​ကြေးတံဆိပ်​ဆုရ နည်းပြဆရာများကို ​ငွေကျပ်ငါးသိန်း ချီးမြှင့်​ခဲ့ပါသည်​။ မြန်​မာ့လက်​​ရွေး​လှေ​လှော်​အသင်း ဆုရကစားသမားများစာရင်းနှင့်​ ဆုရရှိသူများအတွက်​ ဂုဏ်​ပြုချီးမြှင့်​​ငွေစာရင်းကို ​ပုံ ၁, ၂, ၃ တွင်​ ​ဖော်​ပြ​ပေးထားပါသည်​။

အောင်​ပွဲရ မြန်​မာ့လက်​​ရွေးစင်​ ​လှေ​လှော်​အသင်းအား ဂုဏ်​ပြုပွဲ အခမ်းအအနားကို ရန်​ကုန်​တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်း၊ မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ ချုပ်​ဥက္ကဋ္ဌ ဦး​သောင်းထိုက်​မင်းနှင့်​တာဝန်​ရှိသူများ၊ ပြိုင်​ပွဲဝင်​အသင်းသားများနှင့်​ဖိတ်​ကြားထား​သောဧည့်​သည်​​တော်​များ၊ JL Group မှ Chairman ဦး​ကျော်​စိန်​ မှတက်​​ရောက်​ခဲ့ပါသည်​။ ပွဲအခမ်းအနားတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီးဝန်​ကြီးချုပ်​ ဦးဖြိုးမင်းသိန်းမှ အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်။ မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ ချုပ်​ဥက္ကဋ္ဌ ဦး​သောင်းထိုက်​မင်းမှ ​ကျေးဇူးတင်​ဝမ်း​မြောက်​စကား​ပြောကြားခဲ့ပြီးနောက် JL Group မှ Chairman ဦး​ကျော်​စိန်​ မှလည်း ဂုဏ်​ပြုအား​ပေးစကား ပြောကြားခဲ့ပါသည်။

မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​သည်​ လာမည့်​ သြဂုတ်​လ တတိယပတ်​တွင်​ ပတ္တရားမြို့၌ပင်​ ကျင်းပမည့်​ ကမ္ဘာ့နဂါး​လှေချန်​ပီယံရှစ်​ပြိုင်​ပွဲသို့ ရိုးရာ​လှေ အမျိုးသား အမျိုးသမီးအသင်းများ ဝင်​​ရောက်​ယှဉ်​ပြိုင်​ရန်​ အပြင်းအထန်​ ​လေ့ကျင့်​လျက်​ ရှိသည်​။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant