• Home
  • >>
  • News
  • >>
  • မကာအိုနဂါးလှေဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအသင်း ဒုတိယငွေတံဆိပ်ရရှိ

မကာအိုနဂါးလှေဖိတ်ခေါ်ပြိုင်ပွဲ မြန်မာအသင်း ဒုတိယငွေတံဆိပ်ရရှိ

မြန်မာ့လက်ရွေးစင်အမျိုးသမီးရိုးရာလှေလှော်အသင်းသည် ဇွန် ၇ ရက် မကာအိုစံတော်ချိန် မွန်းလွဲပိုင်းက တရုတ် ပြည်သူ့သမ္မတနိုင်ငံ မကာအို၌ ကျင်းပသော မကာအိုအပြည်ပြည် ဆိုင်ရာရိုးရာနဂါးလှေဖိတ် ခေါ်ပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့ကြောင်း သိရသည်။

မြန်မာလှေအသင်းသည် အိမ်ရှင်တရုတ်အသင်းကို ပွိုင့်စက္ကန့်ဖြင့် ကပ်၍အရေးနိမ့်ကာ ဒုတိယ ဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲတွင် တရုတ်၊ မကာအိုလက်ရွေးစင်၊ ဟောင်ကောင်၊ မြန်မာနှင့် ထိုင်းအသင်း၊ စင်ကာပူတို့မှ လက်ရွေးအသင်းများ ယှဉ်ပြိုင်ခဲ့ရပြီး အိမ်ရှင်တရုတ်အသင်းသည် ၂ မိနစ် ဝ၃ ဒသမ ၄၃၉ စက္ကန့်ဖြင့် ပန်းဝင်ကာ ဗိုလ်စွဲခဲ့သည်။ မြန်မာအသင်းသည် ၂ မိနစ် ဝ၃ ဒသမ ၅၆၁ စက္ကန့်ဖြင့် ဒုတိယရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ အသင်းသည် ပထမရရှိခဲ့သည့် တရုတ်အသင်းနှင့် ဒသမပွိုင့်စက္ကန့်လေးမျှသာ ကွာခြားပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။

ထြိုင်းလက်ရွေးစင်အသင်းမှာ ၂ မိနစ် ဝ၅ ဒသမ ၂၇၁ စက္ကန့်ဖြင့် တတိယဆု ရရှိခဲ့ပြီး စင်ကာပူအသင်းက ၂ မိနစ် ဝ၉ ဒသမ ၂၀၇ စက္ကန့်ဖြင့် စတုတ္ထ၊ မကာအိုအသင်းက ၂ မိနစ် ၁၅ ဒသမ ဝ၅၅ စက္ကန့်ဖြင့် ပဉ္စမ၊ ဟောင်ကောင်တရုတ် နဂါးလှေအသင်းက ၂ မိနစ် ၁၆ ဒသမ ၅၅၉ စက္ကန့်ဖြင့် ဆဋ္ဌမနေရာမှ ပန်းဝင်နိုင်ခဲ့ကြောင်း သိရသည်။

မြန်မာလှေအသင်းတွင် အဖွဲ့ခေါင်းဆောင် – ဦးမျိုးဆွေသိမ်း (အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ)၊ အသင်းအုပ်ချုပ်သူ-ဦးသက်လွင် (အဖွဲ့ချုပ်အတွင်းရေးမှူး)၊ နည်းပြချုပ်- ဦးဝင်းဖေ၊ စကားပြန်-ဒေါ်အေးအေးခိုင် (အတွင်းရေးမှူး၊ Alphanine Co.,Ltd)တို့နှင့်အတူ အားကစားသမားများအဖြစ် စုဝေဖြိုး၊ ဝင်းဝင်းထွေး၊ စော မြတ်သူ၊ မိုးမမ၊ ကြည်လဲ့လဲ့ဝေ၊ ဖြိုးဝေလွင်၊ စိုးစန္ဒာ၊ ဖြူဖြူစိုး၊ ထက်ထက်ဇော်၊ အိအိခိုင်၊ နေ ခြည်နွေး၊ သက်သက်လွင်၊ သက်ဖြိုးနိုင်၊ မြင့်မြင့်စိုး၊ အေးအေးသိန်း၊ လှလှထွေး၊ လင်းလင်းကျော်၊ လင်းလင်းကြွယ်၊ နော်အေးသင်း၊ ခင်စုစုအောင်၊ ခင်ဖြူလှိုင်၊ စုစုလွင်၊ စန်းစန်းမိုး၊ အေးချမ်းရိပ်တို့ ပါဝင်ပြီး ဇွန် ၈ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

#crd

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant