• Home
  • >>
  • News
  • >>
  • Trusty နှင့် JL Family အထပ်သားတို့ ၏ မိုးရာသီအကြို Lucky Draw Event

Trusty နှင့် JL Family အထပ်သားတို့ ၏ မိုးရာသီအကြို Lucky Draw Event

Trusty Ecommerce မန်ဘာဝင်များအားလုံး မင်္ဂလာပါခင်ဗျာ။ Trusty Ecommerce နှင့် JL Family အထပ်သားတို့  ပူးပေါင်း ကျင်းပပေးမည့် မိုးရာသီအကြို Lucky Draw Event ထပ်မံ ကျင်းပပေးအုန်းမှာ ဖြစ်ပါတယ်။ ယခု Lucky Draw ပွဲလေးရဲ့ အဓိက ရည်ရွယ်ချက်များကတော့ ကျနော်တို့ Trusty Ecommerce Member များ နှင့် JL Family အထပ်သား အသုံးပြုသူအားလုံးကို ကံစမ်းမဲများရရှိစေရန်နှင့် ပေါက်မဲများ ဆွတ်ခူးနိုင်စေရန် အဓိက ရည်ရွယ် ပါတယ်ခင်ဗျာ။

ယခု Lucky Draw ပွဲလေးမှာတော့ Family အထပ်သား ပြည်တွင်းအရောင်းဆိုင်များ ၊ Trusty Merchant များ ၊Trusty Cash Counter များ ၊ Trusty Application အသုံးပြုပြီး လစာဝင်ငွေရရှိနေသော ၀န်ထမ်းများ ၊ဇွန်လ အတွင်း Mobile Topup ၂၀၀၀၀ ကျပ် နှင့် အထက် ဖုန်းဘေလ် ဖြည့်သွင်းထားသူများ ၊ Trusty Ecommerce Application အသုံးပြုပြီး Merchant ဆိုင်များတွင် ငွေကျပ် ၂၀၀၀၀ ဖိုးအထက် ငွေပေးချေ မှု ပြုလုပ်ထားပြီးသူများ နှင့် Saving Account ထဲတွင် ငွေကျပ် ၁ သိန်း အထက် ရှိသူများ အားလုံး အနေ ဖြင့် ကံစမ်းမဲ လက်မှတ် ကို ရရှိမှာ ဖြစ်ပါတယ်။

ပါဝင် ကံစမ်းနိုင်မည့် ဆုလက်ဆောင်များ ကို တင်ပြရမယ်ဆိုရင်ဖြင့်

ပထမဆု ( ကျပ်သိန်း ၅၀ ) ( ၁ ) ဆု

ဒုတိယဆု ( ကျပ် ၃ သိန်း ) ( ၁ ) ဆု

တတိယဆု ( ကျပ် ၁ သိန်း ) ( ၁ ) ဆု

စတုတ္ထဆု ( ကျပ် ၅ သောင်း ) ( ၄ ) ဆု

ပဉ္ဇမဆု ( ကျပ် ၂ သောင်း ) ( ၅ ) ဆု

ဆဌမဆု ( ကျပ် ၁ သောင်း ) ( ၂၃၀ ) ဆု

အစရှိသည့် ဆုမဲပေါင်း ၂၄၂ ဆုတိတိ ကို ကံစမ်းမဲ ဖောက်ပေးသွားအုန်းမှာ ဖြစ်ပါတယ်ခင်ဗျာ။

ကျနော်တို့ Trusty Ecommerce နှင့် JL Family အထပ်သား တို့ ပူးပေါင်း ကျင်းပပေးသွားမည့် ယခု Lucky Draw ပွဲလေးမှာ ပါဝင်ကံစမ်းချင်တယ်ဆိုလျှင်တော့ Trusty Ecommerce ရဲ့ Lucky Draw အကောင့် တစ်ခု ဖြစ်တဲ့ Trusty Points ( 0011210030905 ) သို့ ကံစမ်းမဲ လက်မှတ် တစ်စောင် လျှင် ငွေကျပ် ( ၁၀၀၀ ) နှင့် ညီမျှသော ငွေ ပမာဏာ ကို ထည့်သွင်း ငွေလွှဲပေးရမှာ ဖြစ်ပြီး ကံစမ်းမဲ များ ၀ယ်ယူနိုင်သည့် နောက်ဆုံး နေ့ရက်ကတော့ ဇူလိုင်လ ၇ ရက် နေ့  နေ့လည် ( ၁၂ ) နာရီ ပဲ ဖြစ်ပါတယ်ခင်ဗျာ။

ကျနော်တို့ Trusty Ecommerce နှင့် JL Family အထပ်သား တို့  ကျင်းပပေးသည့် ဇူလိုင်လ ၇ရက်နေ့ ( စနေနေ့  ) ယခု Lucky Draw ပွဲ လေး အပြင် အခြားသော ပျော်ရွှင်ဖွယ်ရာ အစီအစဉ်များဖြစ်သည့် Cashless Sales ဈေးရောင်းပွဲကြီးကိုလည်း ခင်းကျင်းပြသပေးထားမှာ ဖြစ်တာကြောင့် Trusty Ecommerce မန်ဘာများ ကို ကံစမ်းမဲ လက်မှတ်လေးများ ၀ယ်ယူပြီး အထူးဆု ငွေကျပ် ( သိန်း ၅၀ ) ဆုကြီးအား ဆွတ်ခူးရရှိနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းဆုခြွေရင်း အားလုံးကို ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။

Social Network Share

Facebook Comments

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant