• Home
  • >>
  • News
  • >>
  • ဟောင်ကောင်ဇာတ်ကား Line Walker -2 ရုပ်ရှင်ကို မြန်မာနိုင်ငံမှာလာရိုက်မှာကြောင့် မြို့တွင်းလမ်းအချို့ခတ္တေပိတ်ထားမည်

ဟောင်ကောင်ဇာတ်ကား Line Walker -2 ရုပ်ရှင်ကို မြန်မာနိုင်ငံမှာလာရိုက်မှာကြောင့် မြို့တွင်းလမ်းအချို့ခတ္တေပိတ်ထားမည်

၁။ တရုတ်နိုင်ငံ၊ ဟောင်ကောင်မြို့ရှိ Shaw Brother Pictures Internation Ltd rS Line Walker-2 ရုပ်ရှင်ကားအား မြန်မာနိုင်ငံတွင် လာရောက်ရိုက်ကူးစဉ် ရန်ကုန်တိုင်းဒေသကြီးအတွင်း လာရောက်ရိုက်ကူးမည့် နေ့၊ ရက်များ၌ အောက် ဖော်ပြပါလမ်းများအား လမ်းပိတ်/လွှဲများ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

(က) ၁၈-၂-၂၀၁၉ ရက်နေ့ နံနက် ၀၆း၀၀ နာရီမှ ၁၃း၀၀ နာရီအထိ ကြားတောရလမ်းအား ရွှေတိဂုံဘုရား၊ အရှေ့ဘက်မုခ်မှ ရေတာရှည် 

လမ်းအထိ လည်းကောင်း၊

(ခ) အစမ်းလေ့ကျင့်မည့် ၁၇-၂-၂၀၁၉ ရက်နေ့တွင် ၁၁း၀၀ နာရီမှ ၁၆း၀၀ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ City Star ဟိုတယ်အထိ လည်းကောင်း၊ 

(ဂ) ရိုက်ကူးမည့် ၂၁-၂-၂၀၁၉ ရက်နေ့တွင် နံနက် ၀၆း၀၀ နာရီမှ ညနေ၁၈း၀၀ နာရီအထိ၊ မဟာဗန္ဓုလပန်းခြံလမ်းအား အနော်ရထာလမ်းမှ 

City Star ဟိုတယ်အထိ လည်းကောင်း၊

(ဃ) ၂၂-၂-၂၀၁၉ ရက်နေ့မှ ၂၆-၂-၂၀၁၉ ရက်နေ့အထိ၊ နံနက် ၀၆း၀၀ နာရီမှ ညနေ ၁၈း၀၀ နာရီအထိ ဆူးလေဘုရားလမ်းအား 

အနော်ရထာလမ်း လူကူးခုံးကျော်တံတားမှ ဆူးလေဘုရား လူကူးမျဉ်းကျား (မီးသတ် ဘက်အခြမ်း)အထိ လည်းကောင်း လမ်းပိတ် 

လွှဲဆောင်ရွက်မည် ဖြစ်ပါသည်။

 

 

၂။ သို့ဖြစ်ပါ၍ လမ်းပိတ်လွှဲဆောင်ရွက်မည့်နေ့၊ ရက်များတွင် မော်တော်ယာဉ် မောင်းနှင်နေသူများအနေဖြင့် အခြားသင့်လျော်သည့်လမ်းများမှ မောင်းနှင်သွားလာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။ 

 

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant