Keco Hot Pot

Keco Hot Pot ဆိုင်သည် ရွှေတိဂုံဘုရားအနောက်ဘက်၊ ဦးဝိစာရလမ်းပေါ်ရှိ Myanmar Culture Valley တွင် တည်ရှိပါသည်။
မြေနီကုန်းကားမှတ်တိုင်မှ လမ်းလျှောက်လျှင် 15 မိနစ်ခန့် အကွာအဝေးတွင် တည်ရှိပါသည်။
ရွှေတိဂုံဘုရားနှင့်နီးသည့်အတွက် သူငယ်ချင်းတွေ၊ မိသားစုတွေနှင့်အတူတူ သွားနိုင်သည့်နေရာကောင်းလေးဖြစ်ပါသည်။

Keco Hotpotကို 2014 ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။
ဆိုင်ခွဲနှစ်ဆိုင်ရှိပြီ ဖြစ်ပြီး နောက်တစ်ဆိုင်သည် ကုန်သည်လမ်းနဲ့ 44 လမ်းထောင့်၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် တည်ရှိပါသည်။ ဆိုင်ဖွင့်ချိန်ကတော့ မနက် 11:30 မှည 10 နာရီအထိဖြစ်ပါသည်။
ဧည့်သည်အယောက် 120 ခန့်တစ်ချိန်တည်းတွင် စားနိုင်ပါသည်။ တရုတ်စားသောက်ဆိုင်ဖြစ်ပြီး အတွင်းပိုင်းအပြင်အဆင်သည်လည်း တရုတ်စတိုင် ဖြစ်ပါသည်။
ထိုင်ခုံနှင့်ကုလားထိုင်များစွာရှိပြီး ပရိဘောဂနှင့်အပြင်အဆင်များကို တရုတ်စတိုင် ခေတ်မှီလှပစွာ ပြင်ဆင်ထားပါတယ်။
ကိုယ်ပိုင်အခန်း 3 ခန်းရှိသည့်အတွက် ဧည့်သည်များအနေဖြင့် မိသားစုတွေ့ဆုံပွမျြားနှင့် အလုပ်ညစာစားပွဲများကို အသုံးပြုနိုင်ပါသည်။
Keco Hotpot ဆိုင်သည် မိသားစုများလာရောက် စားသုံးရန် သင့်လျှော်သောဆိုင်လည်းဖြစ်ပါသည်။

ဆိုင်ရဲ့အဓိကဟင်းလျာများကတော့ Hot Pot နှင့်တရုတ်အစားအစာများဖြစ်ပြီး အသီးမျိုးစုံနှင့် ထမင်း၊ အသားများ၊ ပင်လယ်စာနှင့် ခေါက်ဆွဲများရရှိနိုင်ပါတယ်။ တစ်ယောက်ကို ပျမ်းမျှအနေဖြင့် နေ့လည်စာရောညစာရော 3000 မှ 15000 ကျသင့်မှာဖြစ်ပါသည်။
သန့်ရှင်းလတ်ဆတ်သောပစ္စည်းများကို အသုံးပြုပီး အဓိကအားဖြင့် အမဲသားကို USA မှတင်သွင်းထားပါသည်။
ဆော့စ်အမျိုးအစားများစွာရှိပြီး မှိုဆော့စ်၊ အမဲသားဆော့စ်၊ ပင်လယ်စာဆော့စ် တို့ဖြစ်ပါသည်။ ဆော့စ်အားလုံးသည် ကိုယ်ပိုင်ပြုလုပ်ထားသော ဆော့စ်များဖြစ်ပါသည်။
အဓိကဟင်းလျာကတော့ ဘဲလျှာနှင့် အသားတို့ဖြစ်ပါသည်။
ကားပတ်ကင်လည်းရှိပြိး အနားယူအပန်းဖြေလို့ကောင်းသည့်နေရာလေးဖြစ်ပါသည်။ အစားအသောက်ဈေးနှုန်းများကသင့်တင့်ပြီး ၀န်ထမ်းများအားလုံးသည် ပျုငှာကြပါသည်။
Keco Hot Pot မှာ စားသမျှကိုလည်း Trusty E-Commerce နဲ့ ငွေပေးချေလို့ရပါတယ်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant