• Home
  • >>
  • News
  • >>
  • H1 N1 နှင့် ရာသီတုပ်ကွေး ရောဂါ နှင့် ( ကြိုတင်ကာကွယ်ရန်နည်းလမ်းများ)

H1 N1 နှင့် ရာသီတုပ်ကွေး ရောဂါ နှင့် ( ကြိုတင်ကာကွယ်ရန်နည်းလမ်းများ)

ရာသီတုပ်ကွေးရောဂါ သံသယရှိသူများတွင် အောက်ပါ လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသပြီး ကုသမှု ခံယူကြပါရန်။

၁။ အဖျားကြီးလွန်းခြင်း
၂။ အသက်ရှုကျပ်ခြင်း/ အသက်ရှုခက်ခဲခြင်း
၃။ ဂနာမငြိမ်ဖြစ်ခြင်း
၎။ သတိလစ်ခြင်း
စသည့်လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသပြီး ကုသမှု ခံယူကြပါရန်။

ရာသီတုပ်ကွေး လက္ခဏာရပ်များ
………………………………….
၁။ အဖျားရှိခြင်း ( အပူချိန် 38 ဒီဂရီ နှင့်အထက်)
၂။ နှာရည်ယိုခြင်း၊ နှာချေခြင်း
၃။ ချောင်းခြောက်ဆိုးခြင်း
၎။ လည်ချောင်းနာခြင်း
၅။ ခေါင်းကိုက်ခြင်း
၆။ ကိုယ်လက်ကိုက်ခဲခြင်း၊ နုံးခွေခြင်း
စသည့်လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ပြသပြီး ကုသမှု ခံယူကြပါရန်။

ကြိုတင်ကာကွယ်ရန် နည်းလမ်းများ
……………………………………
၁။ ရာသီတုပ်ကွေးရောဂါပိုးသည် အသက်ရှုလမ်းကြောင်းမှတဆင့် ကူးစက်နိုင်ပါသည်။
၂။ အဆိုပါရောဂါသည် အချို့လူနာများတွင် ရောဂါလက္ခဏာ ပိုမိုပြင်းထန်နိုင်ပါသည်။
၃။ နှာချေတိုင်း၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို သေချာစွာ အုပ်ပြီး နှာချေ ချောင်းဆိုးပါ။ (လက်ကိုင်ပါဝါ၊ တစ်ရှုး၊ တစ်ခါသုံးနှာခေါင်းစည်းများကို အသုံးပြုပါ)
၎။ မိမိအနီးအနားတွင် နှာချေခြင်း၊ ချောင်းဆိုးခြင်း ဖြစ်ပါကလည်း အထက်ပါအတိုင်း ကာကွယ်ပါ။
၅။ နှာချေ၊ ချောင်းဆိုးပြီးချိန်နှင့် ရောဂါရှိသူကို ကိုင်တွယ်ပြီးပါက ဆပ်ပြာနှင့် လက်ကို စင်ကျယ်အောင် ဆေးကြောပါ။
၆။ အပြင်ထွက်လျှင် နှားခေါင်းစည်းများ တပ်ပါ။ အပြင်မှ ပြန်လာပြီးတိုင်း လက်ဆေးပါ။
၇။ မိမိတွင် တုပ်ကွေးရောဂါ ဖြစ်ပွားသည်ဟု သံသယရှိပါက အခြားသူများသို့ ကူစက်ခြင်းမရှိစေရန်အတွက်
– မိသားစုနှင့် နီးကပ်စွာနေထိုင်ခြင်း၊
– ဈေး၊ကျောင်း နှင့် လူထူထပ်သော နေရာများသို့ သွားလာခြင်းတို့ကို ရှောင်ကျဉ်ပါ။

#crd

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant