• Home
  • >>
  • News
  • >>
  • Facility Quarantine (၂၁)ရက် နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း H...

Facility Quarantine (၂၁)ရက် နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ(၇)ရက် ဆောင်ရွက်သွားရေး လိုက်နာဆောင်ရွက်ရန် အသိပေးထုတ်ပြန်ခြင်း

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာမှ လာရောက်သည့် ခရီးသည်များနှင့် COVID-19 ဓါတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့သူများ ထံမှ အခြားသူများသို့ ရောဂါကူးစက်မှု မရှိစေရေးအတွက် လက်ရှိတွင် Facility Quarantine (၁၄)ရက်အား ထားရှိပြီးပါက မိမိနေအိမ်သို့ ပြန်လည်သွားရောက်မည့် သူများအတွက် နောက်ထပ် (၁၄)ရက် နေအိမ်တွင်သီးခြား နေထိုင်ရန် အကြံပြုတိုက်တွန်း ချက်များ ထုတ်ပြန်ထားပြီးဖြစ်ပါသည်။

COVID-19 ရောဂါရှိသူများမှ ရောဂါပိုးစွန့်ထုတ်သည့်ကာလမှာ ရောဂါလက္ခဏာ မပြမီ (၂)ရက်မှ ရောဂါလက္ခဏာပြပြီး (၂၈)ရက် အထိရှိကြောင်းနှင့် အဆိုပါကာလ အတွင်း အခြားသူများသို့ ရောဂါကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန် ထားပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သုတေသနစာတမ်းများ အရ Quarantine (၂၁)ရက် တိတိကျကျနှင့် စနစ်တကျထားရှိပါက ရောဂါကူးစက်မှုအား (၉၈.၇%) အထိ ထိန်းချုပ်နိုင်ကြောင်း လေ့လာတွေ့ရှိရသည့်အပြင် ဒေသတွင်းနိုင်ငံ အချို့တွင်လည်း Quarantine ကာလအား ဆေးရုံ/သတ်မှတ်နေရာများတွင် နေထိုင်ရမည့် ကာလနှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း ကာလစုစုပေါင်းအား (၂၈)ရက် အထိ သတ်မှတ်ထားကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် အထက်ပါ Quarantine (၂၈)ရက် ထားရှိမှုများအား ဓါတ်ခွဲစစ်ဆေးမှုအကန့်အသတ်ဖြင့် ဆောင်ရွက်နိုင်သည့် နိုင်ငံများတွင် ဆောင်ရွက်ကြောင်း တွေ့ရှိရပါသည်။

လက်ရှိအနေဖြင့်လည်း မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါဓါတ်ခွဲအတည်ပြု လူနာ (၃၁)ဦးအနက် နိုင်ငံတကာမှ ပြန်လည်ရောက်ရှိလာသည့်ခရီးသွားများ (Imported cases) များ၊ 4င်းတို့နှင့် အနီးကပ်ထိတွေ့သူများတွင်သာ အဓိကကူးစက်ရောဂါ ဖြစ်ပွား လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဓာတ်ခွဲစစ်ဆေးချက်များနှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် Contact Tracing ဆောင်ရွက်ခဲ့သည့် တွေ့ရှိချက်များအရ အချို့သော Confirmed လူနာများနှင့် အသွား အလာပိတ်ပင်ကန့်သတ်ခြင်းပြီးစီးသည့်နောက် (၁၄)ရက်ကျော်သည်အထိ လူအချို့တွင် ဓါတ်ခွဲစမ်းသပ်စစ်ဆေးရာ ရောဂါပိုးဆက်လက်တွေ့ရှိနေသေးကြောင်း စစ်ဆေးတွေ့ရှိ ရပါသည်။

သို့ဖြစ်၍ နိုင်ငံအတွင်းရောဂါပျံ့နှုံ့မှုအား ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် သေချာ မှုရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ယခင် Facility Quarantine အသွားအလာ ပိတ်ပင်ကန့်သတ်ခြင်း (၁၄)ရက်ကာလအစား ယခု Community Based Facility Quarantine/ Hotel Quarantine (၂၁)ရက်နှင့် မိမိနေအိမ်တွင် သီးခြားနေထိုင်ခြင်း Home Quarantine ကာလ (၇)ရက်၊ စုစုပေါင်း (၂၈)ရက် ဆောင်ရွက်သွားကြပါရန် အသိပေးထုတ်ပြန်အပ်ပါသည်။

#crdကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant