မြန်မာနှစ်သစ်ကူးပိတ်ရက်စတင်တဲ့ဧပြီ(၁၀)ရက်နေ့မှ စတင်၍မလိုအပ်ပဲ အပြင်မထွက်ဖို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကထုတ်ပြန်ထားတာကြောင့်လမ်းပေါ်မှာသွားလာမှုရှင်းလင်းနေပါတယ်။သို့သော်…ယခုအချိန်တွင် မိမိ၏နိူင်ငံအတွက်၊ မိမိ၏မိသားစုအတွက်၊ မိမိ၏ ကုမ္ပဏီအတွက် ကျရာတာ၀န်နှင့်အလုပ်ထွက်လုပ်နေသူများအားလုံးကိုလည်းလေးစားဂုဏ်ပြုအပ်ပါသည်။ အားလုံးပဲဘေးအန္တရာယ်ကင်းဝေး၍ ရောဂါကပ်ဆိုးကြီးကို အမြန်ဆုံးကျော်ဖြတ်နိူင်စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Corona Virus Disease 2019 (COVID-19) ကာကွယ်ထိန်းချုပ်ရန်အတွက် JL Group of Companies မှ Medical Maskများ၊ လက်သန့်ဆေးရည်များ၊ Dettolပိုးသတ်ဆေးရည်၊ အပူချိန်တိုင်းကိရိယာ၊ PPEဝတ်စုံ၊ ဆေးဖြန်းစက်နှင့် ပိုးသတ်ဆေးရည်များကို ကျန်းမာရေးဌာန ဆေးရုံများ၊ နာရေးကူညီမှအသင်း၊ မြို့နယ်ရဲစခန်းများ၊ မြို့နယ်မီးသတ်ဌာနများ စသော လိုအပ်သော ဌာနများ အသီးသီးသို့ပေးအပ်လှူဒါန်းခဲ့ပါသည်။