Zawgyi Version
ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ ကမၻာတဝန္းမွာ ကူးစက္သူေပါင္း(၂) သန္း(၈) သိန္းေက်ာ္လာေနၿပီး၊ ေသဆုံးစုစု ေပါင္း (၂)သိန္းနီးပါး ရွိသြားၿပီလို႔ ဒီကေန႔ Worldometer ဝက္ဘ္ဆိုက္ဒ္က ေဖာ္ျပပါတယ္။
ကမၻာတဝန္းမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ အေမရိကန္နိုင္ငံဟာ ေသဆုံးမႈနဲ႔ ကူးစက္မႈ အေရအတြက္ အမ်ားဆုံးျဖစ္ေနဆဲပါ။ မေန႔ကေဖာ္ျပတဲ့စာရင္းမွာ တစ္ရက္တည္းနဲ႔ ေသဆုံးသူ (၂)ေထာင္ နီးပါးရွိခဲ့ၿပီး၊ ကူးစက္လူနာအသစ္က (၃)ေသာင္း(၉)ေထာင္နီးပါးရွိခဲ့တဲ့အတြက္ ကူးစက္သူနဲ႔ ေသဆုံးသူ စုစုေပါင္း (၉)သိန္းေက်ာ္သြားၿပီျဖစ္ပါတယ္။
ေသဆုံးမႈနဲ႔ကူးစက္မႈ ဒုတိယအမ်ားဆုံးကေတာ့ စပိန္နိုင္ငံပါ။ တစ္ရက္တည္းနဲ႔ ေသဆုံးသူ (၃)ရာေက်ာ္ ရွိခဲ့ၿပီး၊ ကူးစက္တဲ့လူနာအသစ္က (၆)ေထာင္(၇)ရာေက်ာ္ ရွိခဲ့ပါတယ္။ ဒါေၾကာင့္ စပိန္မွာ ကူးစက္သူနဲ႔ ေသဆုံးသူ စုစုေပါင္း (၂)သိန္းေက်ာ္သြားပါၿပီ။
အီတလီနိုင္ငံကေတာ့ တတိယအမ်ားဆုံးနဲ႔ စုစုေပါင္းကူးစက္မႈနဲ႔ ေသဆုံးသူ(၂)သိန္းနီးပါးရွိခဲ့ပါတယ္။ တစ္ရက္တည္းနဲ႔ ေသဆုံးသူအေရအတြက္က (၄)ရာေက်ာ္ရွိခဲ့တဲ့အတြက္ စုစုေပါင္းေသဆုံးသူအေရ အတြက္ ဟာ (၂)ေသာင္း(၆)ေထာင္နီးပါးရွိလာပါတယ္။
ဥေရာပမွာ စပိန္နဲ႔အီတလီထက္ တစ္ရက္အတြင္း ေသဆုံးမႈအမ်ားဆုံးဟာ ၿဗိတိန္နိုင္ငံပါ။ တစ္ရက္ တည္းနဲ႔ ေသဆုံးသူ(၇၇၀)နီးပါးရွိခဲ့ၿပီး၊ ကူးစက္လူနာအသစ္က(၅)ေထာင္ေက်ာ္ရွိခဲ့ပါတယ္။ ကူးစက္မႈနဲ႔ ေသဆုံးမႈအေရအတြက္ဟာ (၁)သိန္း(၄)ေသာင္းေက်ာ္ရွိလာတဲ့အတြက္ ျပင္သစ္နဲ႔ဂ်ာမဏီၿပီးရင္ ကမၻာ့ အမ်ားဆုံး အဆင့္(၆)ကို ေရာက္ေနပါတယ္။
ကိုရိုနာဗိုင္းရပ္စ္စတင္ျဖစ္ပြားတဲ့ တ႐ုတ္နိုင္ငံကေတာ့ ေသဆုံးသူတေယာက္မွမရွိေတာ့ပဲ၊ ကူးစက္လူနာအသစ္(၆)ေယာက္သာရွိပါေတာ့တယ္။ လက္ရွိကုသေနတဲ့လူနာ (၉)ရာေက်ာ္ရွိေနၿပီး၊ အဲဒီအထဲက (၅၇)ေယာက္ဟာ အသဲအသန္ျဖစ္ေနတယ္လို႔ Worldometer ဝက္ဘ္ဆိုက္ဒ္က ေဖာ္ျပထားပါတယ္။
Unicode Version
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းမှာ ကူးစက်သူပေါင်း(၂) သန်း(၈) သိန်းကျော်လာနေပြီး၊ သေဆုံးစုစု ပေါင်း (၂)သိန်းနီးပါး ရှိသွားပြီလို့ ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်ဒ်က ဖော်ပြပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကန်နိုင်ငံဟာ သေဆုံးမှုနဲ့ ကူးစက်မှု အရေအတွက် အများဆုံးဖြစ်နေဆဲပါ။ မနေ့ကဖော်ပြတဲ့စာရင်းမှာ တစ်ရက်တည်းနဲ့ သေဆုံးသူ (၂)ထောင် နီးပါးရှိခဲ့ပြီး၊ ကူးစက်လူနာအသစ်က (၃)သောင်း(၉)ထောင်နီးပါးရှိခဲ့တဲ့အတွက် ကူးစက်သူနဲ့ သေဆုံးသူ စုစုပေါင်း (၉)သိန်းကျော်သွားပြီဖြစ်ပါတယ်။
သေဆုံးမှုနဲ့ကူးစက်မှု ဒုတိယအများဆုံးကတော့ စပိန်နိုင်ငံပါ။ တစ်ရက်တည်းနဲ့ သေဆုံးသူ (၃)ရာကျော် ရှိခဲ့ပြီး၊ ကူးစက်တဲ့လူနာအသစ်က (၆)ထောင်(၇)ရာကျော် ရှိခဲ့ပါတယ်။ ဒါကြောင့် စပိန်မှာ ကူးစက်သူနဲ့ သေဆုံးသူ စုစုပေါင်း (၂)သိန်းကျော်သွားပါပြီ။
အီတလီနိုင်ငံကတော့ တတိယအများဆုံးနဲ့ စုစုပေါင်းကူးစက်မှုနဲ့ သေဆုံးသူ(၂)သိန်းနီးပါးရှိခဲ့ပါတယ်။ တစ်ရက်တည်းနဲ့ သေဆုံးသူအရေအတွက်က (၄)ရာကျော်ရှိခဲ့တဲ့အတွက် စုစုပေါင်းသေဆုံးသူအရေ အတွက် ဟာ (၂)သောင်း(၆)ထောင်နီးပါးရှိလာပါတယ်။
ဥရောပမှာ စပိန်နဲ့အီတလီထက် တစ်ရက်အတွင်း သေဆုံးမှုအများဆုံးဟာ ဗြိတိန်နိုင်ငံပါ။ တစ်ရက် တည်းနဲ့ သေဆုံးသူ(၇၇၀)နီးပါးရှိခဲ့ပြီး၊ ကူးစက်လူနာအသစ်က(၅)ထောင်ကျော်ရှိခဲ့ပါတယ်။ ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက်ဟာ (၁)သိန်း(၄)သောင်းကျော်ရှိလာတဲ့အတွက် ပြင်သစ်နဲ့ဂျာမဏီပြီးရင် ကမ္ဘာ့ အများဆုံး အဆင့်(၆)ကို ရောက်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံကတော့ သေဆုံးသူတယောက်မှမရှိတော့ပဲ၊ ကူးစက်လူနာအသစ်(၆)ယောက်သာရှိပါတော့တယ်။ လက်ရှိကုသနေတဲ့လူနာ (၉)ရာကျော်ရှိနေပြီး၊ အဲဒီအထဲက (၅၇)ယောက်ဟာ အသဲအသန်ဖြစ်နေတယ်လို့ Worldometer ဝက်ဘ်ဆိုက်ဒ်က ဖော်ပြထားပါတယ်။
Soure : world meter, one