• Home
  • >>
  • News
  • >>
  • နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ဘယ်လင်း ၁၄၅ မဂ္ဂါဝပ်​ သဘာဝဓတ်​​ငွေ့ သုံး ဓတ်​အား​ပေးစက်​ရုံဖွင့်ပွဲအား တက်​​ရောက်​ဖွင့်​လှစ်

နိုင်​ငံ​တော်​၏အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​ ဘယ်လင်း ၁၄၅ မဂ္ဂါဝပ်​ သဘာဝဓတ်​​ငွေ့ သုံး ဓတ်​အား​ပေးစက်​ရုံဖွင့်ပွဲအား တက်​​ရောက်​ဖွင့်​လှစ်

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မေလ ၁၇ရက်နေ့ မနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ဘယ်လင်း ၂၃၀ ကေဗွီ ဓါတ်အားခွဲစက်ရုံဝင်းအတွင်း၌ တည်ဆောက်ပြီးစီးသည့် ၁၄၅ မဂ္ဂါဝပ် သဘာဝဓါတ်ငွေ့သုံး ဓါတ်အားပေးစက်ရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ပြည်တောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူနှင့် ဦးဝင်းခိုင်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွတ်တော် ဥက္ကဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများ၊ ဘယ်လင်းသဘာဝသုံး ဓါတ်အားပေးစက်ရုံတည်ဆောက်ခဲ့ကြသည့် Powergen Kyaukse Co.,Ltd ဥက္ကဌနှင့် တာဝန်ရှိသူများ၊ ပညာရှင်များ၊ ဝန်ထမ်းများ၊ ဖိတ်ကြားသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “လျှပ်စစ်ဓါတ်အားဟာ နိုင်ငံတော်တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ အိမ်နီးနားချင်းနိုင်ငံ အတော်များများမှာဆိုရင် ၈၀ရာခိုင်နှုန်းကျော်၊ ၉၀ရာခိုင်နှုန်းကျော်၊ ၁၀၀ရာခိုင်နှုန်းပြည့် စသည်ဖြင့် လျှပ်စစ်ဓါတ်အားပေးနိုင်မယ့် ကျွန်မတို့နိုင်ငံမှာ အခုအချိန်အထိ လျှပ်စစ်ဓါတ်အားလိုအပ်ချက်ရဲ့ ၅၀ရာခိုင်နှုန်းတောင် မပြည့်သေးတာကို တွေ့ရတယ်။ ဒါ့ကြောင့်မို့ ကျွန်မတို့နိုင်ငံအတွက် လျှပ်စစ်ဓါတ်အားပိုမိုရရှိဖို့ အများကြီး ကြိုးစားနေဖို့လိုပါတယ်။
လျှပ်စစ်ဓါတ်အားဖြည့်ဆည်းနိုင်ဖို့ အစိုးရအနေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းသစ်တွေ ဖွင့်လှစ်ခြင်း၊ ဓါတ်အားခွဲရုံအသစ်တွေ ဖွင့်လှစ်ခြင်းတွေကို ဆောင်ရွက်လျှက်ရှိပါကြောင်းပြောကြားသွားပါသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘယ်လင်းဓါတ်အားပေးစက်ရုံသို့ တက်ရောက်ရာ လမ်းမကြီးဘေးဘယ်ညာတစ်ဖက်တစ်ချက်ဆီတွင် ဘယ်လင်း Family အထပ်သားစက်ရုံမှ ဝန်ထမ်းများ၊ အနီးအနားမှ ဘယ်လင်းမြို့သူမြို့သားများအား ဝမ်းမြောက်ဝမ်းသာအားပါးတရ ကြိုဆိုကြသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးစက်ရုံများကို တိုးတက်အောင် လျင်မြန်စွာပြုလုပ်ရမည်ဖြစ်ပြီး မြန်မာနိုင်ငံလျှပ်စစ်ဓါတ်အားများ အလေအလွင့်မရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားသွားပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant