• Home
  • >>
  • News
  • >>
  • အာဆီယံတက္ကသိုလ်​များ အားကစားပြိုင်​ပွဲ မီတာ ၅၀၀ အမျိုးသမီးပွဲစဉ်​၌ မြန်​မာတက္ကသိုလ်​ အမျိုးသမီးအသင်း ​ရွှေတံဆိပ်​ဆွတ်​ခူး

အာဆီယံတက္ကသိုလ်​များ အားကစားပြိုင်​ပွဲ မီတာ ၅၀၀ အမျိုးသမီးပွဲစဉ်​၌ မြန်​မာတက္ကသိုလ်​ အမျိုးသမီးအသင်း ​ရွှေတံဆိပ်​ဆွတ်​ခူး

(၁၉)ကြိမ်​​မြောက်​ အာဆီယံတက္ကသိုလ်​များ အားကစားပြိုင်​ပွဲ၏ ရိုးရာ​လှေ​လှော်​ပွဲစဉ်​များ အနက်​ မီတာ ၅၀၀ (၁၀)တက်​​လှော်​ ရိုးရာ​လှေပွဲစဉ်​များကို ဒီဇင်​ဘာ ၁၃ ရက်​ (ယ​နေ့) နံနက်​ ၉ နာရီတွင်​ ​နေပြည်​​တော်​ရှိ ငလိုက်​ဆည်​၌ စတင်​ ကျင်းပရာ မြန်​မာတက္ကသိုလ်​အမျိုးသမီးအသင်းက ပထမ​ရွှေတံဆိပ်​ဆုကို ဆွတ်​ခူးရရှိခဲ့သည်​။

အဆိုပါ အမျိုးသမီးမီတာ ၅၀၀ ပွဲစဉ်​၌ မြန်​မာ တက္ကသိုလ်​အမျိုးသမီးအသင်းသည်​ ၂ မိနစ်​၊ ၂၃ ဒသမ ၉၅ စက္ကန့်​ဖြင့်​ ထိုင်းတက္ကသိုလ်​အမျိုးသမီးအသင်းကို ​ကျော်​ဖြတ်​ကာ ပထမ​ရွှေတံဆိပ်​ဆုကို ဆွတ်​ခူးနိုင်​ခဲ့ခြင်းဖြစ်​ပြီး ထိုင်းအသင်းမှာ ၂ မိနစ်​၊ ၂၅ ဒသမ ၀၀ စက္ကန့်​ဖြင့််​ ဒုတိယဆု ရခဲ့ခြင်း ဖြစ်​သည်​။ တတိယဆုကို စင်​ကာပူအမျိုးသမီးအသင်းက ၂ မိနစ်​၊ ၂၉ ဒသမ ၁၉ စက္ကန့်​ဖြင့်​ ရှိခဲ့သည်​။ ၂ မိနစ်​ ၅၂ ဒသမ ၅၇ စက္ကန့်​ဖြင့်​ ပန်းဝင်​ခဲ့​သော မ​လေးရှားအသင်းမှာ စတုတ္ထ​နေရာ၌သာ ရပ်​တည်​နိုင်​ခဲ့သည်​။

အမျိုးသား မီတာ ၅၀၀ (၁၀)တက်​​လှော်​ပွဲစဉ်​တွင်​မူ မြန်​မာတက္ကသိုလ်​ အမျိုးသားအသင်းမှာ ၂ မိနစ်​ ၁၆ ဒသမ ၃၈ စက္ကန့်​သာ ရခဲ့​သော​ကြောင့်​ ဒုတိယ​ငွေတံဆိပ်​ဆုဖြင့်​သာ ​ကျေနပ်​ခဲ့ရပြီး ထိုင်းတက္ကသိုလ်​အမျိုးသားအသင်းက ၂ မိနစ်​ ၁၄ ဒသမ ၅၅ စက္ကန့်​ဖြင့်​ ပထမ​ရွှေတံဆိပ်​ဆုကို ဆွတ်​ခူးရရှိသွားသည်​။ တတိယဆုကို စင်​ကာပူတက္ကသိုလ်​အသင်းက ၂ မိနစ်​၊ ၂၀ ဒသမ ၆၇ စက္ကန့်​ဖြင့်​ ရရှိသည်​။ မ​လေးရှားအသင်းမှာ ၂ မိနစ်​ ၂၄ ဒသမ ၀၄ စက္ကန့်​ဖြင့်​ စတုတ္ထ​နေရာမှသာ ပန်းဝင်​နိုင်​ခဲ့သည်​။

အမျိုးသားနှင့်​ အမျိုးသမီးအ​ရော မီတာ ၅၀၀ (၁၀)တက်​​လှော်​ပြိုင်​ပွဲတွင်​လည်း မြန်​မာတက္ကသိုလ်​အသင်းမှာ ၂ မိနစ်​ ၂၃ ဒသမ ၃၂ စက္ကန့်​သာ ရ​သော​ကြောင့်​ ဒုတိယ ​ငွေတံဆိပ်​ဖြင့်​သာ ​ကျေနပ်​ရပြီး ထိုင်းအသင်းက ၂ မိနစ်​၊ ၂၁ ဒသမ ၃၇ စက္ကန့်​ဖြင့်​ ပထမ​ရွှေတံဆိပ်​ဆုကို ဆွတ်​ခူးခဲ့သည်​။ တတိယဆုကို စင်​ကာပူအသင်းက ၂ မိနစ်​၊ ၂၅ ဒသမ ၀၃ စက္ကန့်​ဖြင့်​ ရရှိခဲ့သည်​။ ၂ မိနစ်​၊ ၃၄ ဒသမ ၃၆ စက္ကန့်​ ရရှိ​သော မ​လေးရှားအသင်းမှာ စတုတ္ထ​နေရာသာ ရရှိခဲ့သည်​။

ရိုးရာ​လှေ မီတာ ၅၀၀ ပြိုင်​ပွဲတွင်​ ထိုင်းအသင်းက ​ရွှေတံဆိပ်​ နှစ်​ခု၊ ​ငွေတံဆိပ်​တစ်​ခုဖြင့်​ ဦး​ဆောင်​​နေပြီး မြန်​မာတက္ကသိုလ်​အသင်းက ​ရွှေတံဆိပ်​တစ်​ခု၊ ​ငွေတံဆိပ်​ နှစ်​ခုဖြင့်​ ဒုတိယလိုက်​​နေသည်​။

ရိုးရာ​လှေပြိုင်​ပွဲများနှင့်​ အ​နောက်​တိုင်း​လှေပြိုင်​ပွဲများကို ဒီဇင်​ဘာ ၁၄ (မနက်​ဖြန်​)မှ ၁၆ ရက်​အထိ ဆက်​လက်​ကျင်းပသွားမည်​ ဖြစ်​သည်​။

မြန်​မာနိုင်​ငံ​လှေ​လှော်​အဖွဲ့ချုပ်​သည်​ ​အာဆီယံ တက္ကသိုလ်​များ အားကစားပြိုင်​ပွဲ ​လှေ​လှော်​ပွဲစဉ်​များ၌ ​ရွှေတံဆိပ်​ရရှိပါက ဆု​ကြေး​ငွေ ကျပ်​ သိန်း ၃၀၊ ​ငွေတံဆိပ်​ ရရှိခဲ့ပါက ကျပ်​ သိန်း ၂၀၊ ​ကြေးတံဆိပ်​ ရရှိခဲ့ပါက ကျပ်​ ၁၀ သိန်း ဆုချီးမြှင့်​မည်​ ဖြစ်​သည်​။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant