• Home
  • >>
  • News
  • >>
  • မြန်မာတက္ကသိုလ်အမျိုးသမီးလှေလှော်အသင်း မီတာ ၁၀၀၀ ပွဲစဉ်၌ ရွှေတံဆိပ် ထပ်မံဆွတ်ခူး

မြန်မာတက္ကသိုလ်အမျိုးသမီးလှေလှော်အသင်း မီတာ ၁၀၀၀ ပွဲစဉ်၌ ရွှေတံဆိပ် ထပ်မံဆွတ်ခူး

(၁၉)ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ၏ ရိုးရာလှေလှော်ပွဲစဉ်များ အနက် အမျိုးသမီး (၁၀)တက်လှော် မီတာ ၁၀၀၀ ပွဲစဉ်ကို ဒီဇင်ဘာ ၁၄ နေ့လယ် ပိုင်းက နေပြည်တော်ရှိ ငလိုက်ဆည်၌ ဆက်လက်ကျင်းပရာ မြန်မာတက္ကသိုလ်အမျိုးသမီး ရိုးရာလှေလှော်အသင်း ရွှေတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။

 

အဆိုပါပွဲစဉ်တွင် အိမ်ရှင်မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားအသင်းများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး မြန်မာတက္ကသိုလ်အမျိုးသမီးအသင်းသည် ၅ မိနစ်၊ ၀၄ ဒသမ ၈၄ စက္ကန့်ဖြင့် ပထမနေရာမှ ပန်းဝင်ပြီး ပထမရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ဒုတိယငွေတံဆိပ်ဆုကို ထိုင်းအသင်းက ၅ မိနစ်၊ ၀၉ ဒသမ ၅၀ စက္ကန့်ဖြင့် ရရှိခဲ့ပြီး စင်ကာပူအသင်းက ၅ မိနစ်၊ ၁၅ ဒသမ ၉၂ စက္ကန့်ဖြင့် တတိယ ရရှိခဲ့သည်။ မလေးရှားအသင်းမှာမူ ၆ မိနစ် ၀၆ ဒသမ ၈၇ စက္ကန့်ဖြင့် ပန်းဝင်နိုင်သောကြောင့် စတုတ္ထနေရာသာ ရရှိခဲ့သည်။

မြန်မာတက္ကသိုလ်အမျိုးသမီးအသင်းသည် မီတာ ၅၀၀ ပွဲစဉ်၌လည်း ရွှေတံဆိပ် ရယူနိုင်ခဲ့ပြီး ယခုရွှေတံဆိပ်မှာ ဒုတိယမြောက် ရရှိသည့် ရွှေတံဆိပ် ဖြစ်သည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant