• Home
  • >>
  • News
  • >>
  • အသက်ရှည်ဆေး (သို့မဟုတ်) ကန်စွန်းဥအရွက်

အသက်ရှည်ဆေး (သို့မဟုတ်) ကန်စွန်းဥအရွက်

ဒီအစားအစာကိုစားမယ်ဆိုရင် လူတွေအသက်ပိုရှည်နိုင်မလား?

လူအများစုက ကန်စွန်းဥအရွက်ရဲ့ အာနိသင်ကို သိပ်မသိကြပေ။ လူအများစုက ၎င်းအရွက်ကို ဝက်စာအဖြစ်အသုံးပြုနေကြသည်။ ကန်စွန်းဥ၏အရွက်သည် သာမန်ဟင်းသီးဟင်းရွက်များထက် Antioxidant ဓါတ် ငါးဆမှ ဆယ်ဆအထိပါဝင်ပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသည့်အပြင် ဖျားနာခြင်းနှင့် သွေးအားနည်းရောဂါတို့ကို ကာကွယ်ပေးနိုင်သည်။ ကန်စွန်းဥအရွက် ၃၀၀ ဂရမ်သည် လူတွေအတွက်လို့အပ်သော ဗီတာမင် A၊ C၊ E တို့ကို ဖြည့်တင်းပေးနိုင်သည်။

ကန်စွန်းဥအရွက်၏ ကောင်းကျိုးများမှာ

၁။ ကန်စွန်းဥအရွက်သည် ကလိုရိုဖီလ်များစွာပါရှိသောကြောင့် လူ့ခန္ဓာကိုယ်သွေးသားများ သန့်စင်ပေးက အဆိပ်အတောက်ဖြစ်မှုကိုလည်းကာကွယ်ခြင်း

၂။ ကန်စွန်းဥအရွက်သည် အခြားသော ဟင်းသီးဟင်းရွက်များထက် Antioxidant ဓါတ် ငါးဆမှ ဆယ်ဆအထိပါဝင်သောကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးနိုင်ပြီး ဖျားနာခြင်းများကို ကာကွယ်ပေးနိုင်ခြင်း

၃။ နေ့စဉ်နေ့တိုင်း ကန်စွန်းဥအရွက် ၃၀၀ဂရမ်ကို စားသုံးခြင်းဖြင့် လူခန္ဓာကိုယ်အတွက်နေ့စဉ်လိုအပ်သော သံဓါတ်၊ ဗီတာမင် အေ၊ ဗီတာမင် စီ၊ ဗီတာမင် အီးတို့ကို ဖြည့်စည်းပေးနိုင်ခြင်း

၎။ ကန်စွန်းဥအရွက်သည် ပိုတက်စီယမ်ဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်သွေးဖိအားကို ထိန်းညှိပေးပြီး သွေးတိုးရောဂါကို ကာကွယ်ပေးခြင်း

၅။ ကန်စွန်းဥအရွက်သည် ဖိုင်ဘာဓါတ်ကြွယ်ဝစွာပါဝင်သောကြောင့် အူလမ်းကြောင်းများ၏ စွမ်းဆောင်ရေးများကို မြှင့်တင်ပေးသည့်အပြင် ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါကိုကာကွယ်ပေးနိုင်ခြင်း

၆။ ကန်စွန်းဥအရွက်များသည် Polyphenol ဓါတ်ကြွယ်ဝသောကြောင့် ကင်ဆာရောဂါများကိုကာကွယ်ပေးနိုင်ခြင်း

၇။ ကန်စွန်းဥအရွက်များသည် Alcohol ဓါတ်များလည်းပါဝင်သောကြောင့် ခန္ဓာကိုယ်အတွက်လိုအပ်သော ဟော်မုန်းများတိုးပွားစေခြင်း

၈။ ကန်စွန်းဥအရွက်သည် flavoniod ဓါတ်ပါဝင်သောကြောင့် မိခင်၏နို့ရည်ကိုလည်း ကောင်းမွန်စေခြင်း။ စသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

ကန်စွန်းဥအရွက်၏ အာဟာရတန်ဖိုးကို နန်းတွင်းဘုရင်မကိုယ်တိုင်မှ ချီးမွမ်းထားပြီး ယခု နိုင်ငံတော်တော်များတွင်လည်း အသုံးပြုနေပြီးဖြစ်သည်။ အချို့နိုင်ငံများတွင် ကန်စွန်းဥအရွက်ကို ကျန်းမာရေး ဓါတ်စာအဖြစ်လည်းကောင်း၊ အသက်ရှည်စေသော အစားအစာအဖြစ်လည်းကောင်း စားသုံးနေကြပြီဖြစ်သည်။

Social Network Share

Facebook Comments

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant