• Home
  • >>
  • News
  • >>
  • ရေပေးဝေမှု ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ရေပေးဝေမှု ခေတ္တပြတ်တောက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသော 33 KV(လှော်ကား-အထယု) ဓာတ်အားလိုင်းအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားလိုင်း အပစ်ဖြစ်ပွားမှု လျော့ကျရေးအတွက် ဓာတ်အားပိတ်၍ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းကို ၂၀၁၉ ခုနှစ် မေလ (၃၀)ရက် နံနက်(၀၉း၀၀)နာရီမှ နေ့လည်(၁၄း၀၀)နာရီ အတွင်းဆောင်ရွက်မည် ဖြစ်ပါသည်။

ထိုသို့ ဆောင်ရွက်စဉ်ကာလအတွင်း စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့အနေဖြင့် ငမိုးရိပ်ရေသန့်စက်ရုံ(အထယု)မှ ရေတွန်းစက်များမောင်းနှင်မှုကို ခေတ္တရပ်နားထားရမည်ဖြစ်ပါ၍ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ သကေတ၊ ဒေါပုံမြို့များနှင့် လှိုင်သာယာစက်မှုဇုံတို့တွင် ရေပေးဝေမှုခေတ္တပြတ်တောက်မည်ဖြစ်ပြီး ကျန်ရှိသောမြို့နယ်များမှာ ရေအားလျော့နည်းမှုများ ဖြစ်ပေါ်နိုင်ပါသဖြင့် ရေကြိုတင်စုဆောင်းသုံးစွဲနိုင်ကြပါရန်နှင့် လိုအပ်ပါက အောက်ပါတယ်လီဖုန်းနံပါတ်များသို့ ဆက်သွယ်၍ ရေသယ်ယာဉ်များ တောင်းခံနိုင်ပါကြောင်း အသိပေး ကြေငြာအပ်ပါသည်

ခရိုင်မှူး(အရှေ့ပိုင်း) 09250283823
ခရိုင်မှူး(အနောက်ပိုင်း) 09250283812
ခရိုင်မှူး(တောင်ပိုင်း) 095054565
ခရိုင်မှူး(မြောက်ပိုင်း) 09253835275

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant