Zawgyi Version
၁။ (၂၅-၄-၂၀၂၀) ရက္ေန႔၊ ညေနတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲ မႈဆိုင္ရာဌာန (ရန္ကုန္) (NHL) မွ ပထမအသုတ္အျဖစ္ ဓာတ္ခြဲစစ္ေဆးၿပီးစီးခဲ့သည့္ ဓာတ္ခြဲနမူနာ (၉၂) ခုႏွင့္ ေဆးသုေတသနဦးစီးဌာန (DMR) မွ စစ္ေဆးၿပီးစီးခဲ့ေသာ ဓာတ္ခြဲနမူနာ (၄၀) ခု စုစုေပါင္း (၁၃၂)ခုတို႔တြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိ (မေတြ႕ရွိ) ရပါ။
၂။ (၂၅-၄-၂၀၂၀)ရက္ေန႔၊ ည (၈:၀၀)နာရီအထိ ျမန္မာနိုင္ငံတြင္ ဓာတ္ခြဲအတည္ျပဳလူနာ (၁၄၄) ဦး ရွိၿပီျဖစ္ပါသည္။
၃။ ျပည္သူ႔ေဆး႐ုံႀကီး၊ ေမာ္လၿမိဳင္ၿမိဳ႕တြင္ ေဆးကုသမႈခံယူလ်က္ရွိေသာ လူနာအမွတ္ (Case-027) သည္ ေရာဂါသက္သာေကာင္းမြန္လ်က္ရွိၿပီး၊ ၎ထံမွ ဓာတ္ခြဲနမူနာမ်ားကို စစ္ေဆးခဲ့ရာ ႏွစ္ႀကိမ္ ဆက္တိုက္ COVID-19 ေရာဂါပိုး မေတြ႕ရွိရေတာ့သျဖင့္ ယေန႔အထိ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ ေရာဂါပိုးကင္းစင္လာသူ (၁၀)ဦး ရွိၿပီ ျဖစ္ပါသည္။ ေသဆုံးသူ (၅) ဦးရွိပါသည္။
၄။ COVID-19 ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာမ်ားအနက္ ေဝဘာဂီအထူး ကုေဆး႐ုံႀကီးတြင္ အထူးၾကပ္မတ္ကုသမႈ ခံယူလ်က္ရွိသူ (၂)ဦးႏွင့္ ေတာင္ဥကၠလာပအထူးကု ေဆး႐ုံတြင္ အထူးၾကပ္မတ္ကုသမႈခံယူလ်က္ရွိသူ (၁)ဦးရွိကာ က်န္လူနာမ်ား၏ က်န္းမာေရး အေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါသည္။
၅။ (၂၄-၄-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၂၅-၄-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၁၁၀)ဦး ရွိပါသည္။
Unicode Version
၁။ (၂၅-၄-၂၀၂၀) ရက်နေ့၊ ညနေတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ရပါ။
၂။ (၂၅-၄-၂၀၂၀)ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၁၄၄) ဦး ရှိပြီဖြစ်ပါသည်။
၃။ ပြည်သူ့ဆေးရုံကြီး၊ မော်လမြိုင်မြို့တွင် ဆေးကုသမှုခံယူလျက်ရှိသော လူနာအမှတ် (Case-027) သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး၊ ၎င်းထံမှ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ နှစ်ကြိမ် ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိရတော့သဖြင့် ယနေ့အထိ ဓာတ်ခွဲအတည်ပြုလူနာများအနက် ရောဂါပိုးကင်းစင်လာသူ (၁၀)ဦး ရှိပြီ ဖြစ်ပါသည်။ သေဆုံးသူ (၅) ဦးရှိပါသည်။
၄။ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာများအနက် ဝေဘာဂီအထူး ကုဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှု ခံယူလျက်ရှိသူ (၂)ဦးနှင့် တောင်ဥက္ကလာပအထူးကု ဆေးရုံတွင် အထူးကြပ်မတ်ကုသမှုခံယူလျက်ရှိသူ (၁)ဦးရှိကာ ကျန်လူနာများ၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၅။ (၂၄-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၂၅-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၁၁၀)ဦး ရှိပါသည်။