Zawgyi Version
၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၁၉-၄-၂၀၂၀) ရက္ေန႔ ပထမအသုတ္စစ္ေဆးခဲ့ေသာ ဓာတ္ခြဲနမူနာ (၁၈၈) ခုအနက္ (၁) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၁၈၇) ဦးတြင္ COVID-19 ေရာဂါ ပိုးမေတြ႕ရွိ (မေတြ႕ရွိ) ပါ။
၂။ အဆိုပါလူနာ (၁) ဦးကို သက္ဆိုင္ရာေဆး႐ုံသို႔ လႊဲေျပာင္း၍ သီးျခားထားရွိကုသမႈေပး သြားမည္ျဖစ္ပါသည္။
၃။ COVID-19 ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ ေဆးကုသမႈခံယူလ်က္ ရွိေသာ Case-011 သည္ ေရာဂါသက္သာေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ တတိယအႀကိမ္ဓာတ္ခြဲ နမူနာႏွင့္ စတုတၱအႀကိမ္ ဓာတ္ခြဲနမူနာတို႔အားလည္းေကာင္း၊ Case-015 သည္ ေရာဂါသက္သာ ေကာင္းမြန္လ်က္ရွိၿပီး ၎ထံမွ ဒုတိယအႀကိမ္ဓာတ္ခြဲနမူနာႏွင့္ တတိယအႀကိမ္ ဓာတ္ခြဲနမူနာ အား လည္းေကာင္းရယူ၍ ထပ္မံစစ္ေဆးခဲ့ရာ (၂)ႀကိမ္လုံး တြင္ COVID -19 ေရာဂါပိုး မေတြ႕ရွိေတာ့ပါ။
၄။ ထို႔ေၾကာင့္ ယခုအခါ ဓာတ္ခြဲနမူနာမ်ားတြင္ (၂) ႀကိမ္ဆက္တိုက္ COVID-19 ေရာဂါပိုး မေတြ႕ရွိသည့္လူနာ စုစုေပါင္း (၇) ဦးရွိၿပီးျဖစ္ပါသည္။ ၎တို႔မွာ Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012, Case-11, Case-15 တို႔ျဖစ္ပါသည္။ ၎တို႔ (၇) ဦးအနက္ Case-004 ႏွင့္ Case-007 တို႔သည္ ေဆး႐ုံမွဆင္းခြင့္ရရွိၿပီး ၎တို႔ကို ဆက္လက္၍ အသြားအလာကန႔္သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိပါသည္။ က်န္ (၅) ဦးကို ေဆး႐ုံမွ မၾကာမီဆင္းနိုင္ရန္ စီစဥ္ေဆာင္ရြက္ လ်က္ရွိပါသည္။
၅။ ယခုအထိ COVID-19 လူနာ (၁၀၈) ဦးရွိၿပီျဖစ္ပါသည္။
၆။ (၁၈-၄-၂၀၂၀) ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီမွ (၁၉-၄-၂၀၂၀)ရက္ေန႔၊ ေန႔လယ္ (၁၂:၀၀) နာရီအတြင္း ေတြ႕ရွိရေသာ ေစာင့္ၾကည့္လူနာအသစ္ (၈၉) ဦး ရွိပါသည္။
Unicode Version
၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၉-၄-၂၀၂၀) ရက်နေ့ ပထမအသုတ်စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၁၈၈) ခုအနက် (၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၁၈၇) ဦးတွင် COVID-19 ရောဂါ ပိုးမတွေ့ရှိ (မတွေ့ရှိ) ပါ။
၂။ အဆိုပါလူနာ (၁) ဦးကို သက်ဆိုင်ရာဆေးရုံသို့ လွှဲပြောင်း၍ သီးခြားထားရှိကုသမှုပေး သွားမည်ဖြစ်ပါသည်။
၃။ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက် ရှိသော Case-011 သည် ရောဂါသက်သာကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ တတိယအကြိမ်ဓာတ်ခွဲ နမူနာနှင့် စတုတ္တအကြိမ် ဓာတ်ခွဲနမူနာတို့အားလည်းကောင်း၊ Case-015 သည် ရောဂါသက်သာ ကောင်းမွန်လျက်ရှိပြီး ၎င်းထံမှ ဒုတိယအကြိမ်ဓာတ်ခွဲနမူနာနှင့် တတိယအကြိမ် ဓာတ်ခွဲနမူနာ အား လည်းကောင်းရယူ၍ ထပ်မံစစ်ဆေးခဲ့ရာ (၂)ကြိမ်လုံး တွင် COVID -19 ရောဂါပိုး မတွေ့ရှိတော့ပါ။
၄။ ထို့ကြောင့် ယခုအခါ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် COVID-19 ရောဂါပိုး မတွေ့ရှိသည့်လူနာ စုစုပေါင်း (၇) ဦးရှိပြီးဖြစ်ပါသည်။ ၎င်းတို့မှာ Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012, Case-11, Case-15 တို့ဖြစ်ပါသည်။ ၎င်းတို့ (၇) ဦးအနက် Case-004 နှင့် Case-007 တို့သည် ဆေးရုံမှဆင်းခွင့်ရရှိပြီး ၎င်းတို့ကို ဆက်လက်၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။ ကျန် (၅) ဦးကို ဆေးရုံမှ မကြာမီဆင်းနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
၅။ ယခုအထိ COVID-19 လူနာ (၁၀၈) ဦးရှိပြီဖြစ်ပါသည်။
၆။ (၁၈-၄-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၉-၄-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၈၉) ဦး ရှိပါသည်။