Zawgyi Version
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၇-၄-၂၀၂၀) ရက္ေန႔တြင္ တိုင္းေဒသႀကီး/ျပည္နယ္အသီးသီးမွ ေပးပို႔လာ ေသာ ေစာင့္ၾကည့္လူနာ (၁၇၇) ဦးႏွင့္ အသြားအလာကန႔္သတ္ျခင္း/ တားျမစ္ျခင္း ေဆာင္ရြက္ ထားရွိသူ (၂၀၁) ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ား စုစုေပါင္း (၃၇၈)ခုအား စစ္ေဆးခဲ့ရာ (ဇယား-၁) တြင္ ေဖာ္ျပထားသူ (၉)ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိရၿပီး က်န္ (၃၆၉)ဦး တြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိေၾကာင္း သိရွိရပါသည္။
၂။ အဆိုပါ ဓာတ္ခြဲနမူနာမ်ားတြင္ ပထမအသုတ္စစ္ေဆးခဲ့ေသာ (၉၃)ဦးအနက္ (၃)ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိေၾကာင္းႏွင့္ (၉၀)ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုးမေတြ႕ရွိေၾကာင္းကို (၁၇-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီသတင္းတြင္ ထုတ္ျပန္ၿပီးျဖစ္ပါသည္။
၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန(ရန္ကုန္) ၏ (၁၇-၄-၂၀၂၀) ရက္ေန႔၊ ည ဓာတ္ခြဲစစ္ေဆးမႈမ်ားအရ က်န္ရွိသည့္ (၂၈၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားအနက္ (၆) ဦးတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိ၍ (၂၇၉) ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိပါေၾကာင္းအား ယေန႔၊ နံနက္ (၈:၀၀) နာရီတြင္ ကနဦးထုတ္ျပန္ခဲ့ပါသည္။
၄။ သို႔ျဖစ္ရာ (၁၈-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၁၀:၀၀) နာရီအခ်ိန္အထိ ျမန္မာနိုင္ငံတြင္ COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳလူနာ (၉၄) ဦး ေတြ႕ရွိခဲ့ၿပီးျဖစ္ပါသည္။
၅။ (၁၇-၄-၂၀၂၀)ရက္ေန႔တြင္ ဓာတ္ခြဲအတည္ျပဳခဲ့သည့္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးမွ ဓာတ္ခြဲအတည္ျပဳလူနာ (Case-086) အသက္ (၇၈) ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးသည္ ဆီးခ်ိဳေရာဂါႏွင့္ ေသြးတိုးေရာဂါ အခံရွိသူျဖစ္ၿပီး (၁၃-၄-၂၀၂၀) ရက္ေန႔တြင္ ေရာဂါလကၡဏာမ်ားခံစားခဲ့ရသျဖင့္ (၁၅-၄-၂၀၂၀) ရက္ေန႔တြင္ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီး၌ ေစာင့္ၾကည့္လူနာအျဖစ္ ကုသမႈခံယူခဲ့ပါသည္။ ၎အား COVID-19 ေရာဂါဓာတ္ခြဲအတည္ျပဳၿပီးေနာက္ (၁၇-၄-၂၀၂၀)ရက္ေန႔၊ ည (၁၀:၅၀) နာရီ အခ်ိန္၌ ေဝဘာဂီ အထူးကု ေဆး႐ုံႀကီးသို႔လႊဲေျပာင္း၍ အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသမႈေပးခဲ့ရာ (၁၈-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၀၂:၅၅)နာရီအခ်ိန္တြင္ ေသဆုံးခဲ့ပါသည္။ ေသဆုံးရသည့္ အေၾကာင္းရင္းမွာ ျပင္းထန္အဆုတ္ေရာင္ေရာဂါေၾကာင့္ ႐ုတ္တရက္ အသက္ ရႉလမ္းေၾကာင္းပ်က္စီးျခင္းႏွင့္ ေသြးတိုးေရာဂါႏွင့္ အမ်ိဳးအစား (၂) ဆီးခ်ိဳေရာဂါအခံရွိျခင္း တို႔ေၾကာင့္ ျဖစ္ေၾကာင္း သိရွိရပါသည္။
၆။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၂) ဦးအား အထူးၾကပ္မတ္ကုသေဆာင္တြင္ ကုသမႈေပးလ်က္ရွိၿပီး က်န္လူနာမ်ား၏ အေျခအေနမ်ားမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါ သည္။
Unicode Version
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ပေးပို့လာ သော စောင့်ကြည့်လူနာ (၁၇၇) ဦးနှင့် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက် ထားရှိသူ (၂၀၁) ဦးတို့၏ ဓာတ်ခွဲနမူနာများ စုစုပေါင်း (၃၇၈)ခုအား စစ်ဆေးခဲ့ရာ (ဇယား-၁) တွင် ဖော်ပြထားသူ (၉)ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၉)ဦး တွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း သိရှိရပါသည်။
၂။ အဆိုပါ ဓာတ်ခွဲနမူနာများတွင် ပထမအသုတ်စစ်ဆေးခဲ့သော (၉၃)ဦးအနက် (၃)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်းနှင့် (၉၀)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်းကို (၁၇-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီသတင်းတွင် ထုတ်ပြန်ပြီးဖြစ်ပါသည်။
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) ၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ ည ဓာတ်ခွဲစစ်ဆေးမှုများအရ ကျန်ရှိသည့် (၂၈၅) ဦး၏ ဓာတ်ခွဲနမူနာများအနက် (၆) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိ၍ (၂၇၉) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါကြောင်းအား ယနေ့၊ နံနက် (၈:၀၀) နာရီတွင် ကနဦးထုတ်ပြန်ခဲ့ပါသည်။
၄။ သို့ဖြစ်ရာ (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာ (၉၄) ဦး တွေ့ရှိခဲ့ပြီးဖြစ်ပါသည်။
၅။ (၁၇-၄-၂၀၂၀)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြုခဲ့သည့် အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာ (Case-086) အသက် (၇၈) နှစ်အရွယ် အမျိုးသားတစ်ဦးသည် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ အခံရှိသူဖြစ်ပြီး (၁၃-၄-၂၀၂၀) ရက်နေ့တွင် ရောဂါလက္ခဏာများခံစားခဲ့ရသဖြင့် (၁၅-၄-၂၀၂၀) ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီး၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူခဲ့ပါသည်။ ၎င်းအား COVID-19 ရောဂါဓာတ်ခွဲအတည်ပြုပြီးနောက် (၁၇-၄-၂၀၂၀)ရက်နေ့၊ ည (၁၀:၅၀) နာရီ အချိန်၌ ဝေဘာဂီ အထူးကု ဆေးရုံကြီးသို့လွှဲပြောင်း၍ အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးခဲ့ရာ (၁၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၂:၅၅)နာရီအချိန်တွင် သေဆုံးခဲ့ပါသည်။ သေဆုံးရသည့် အကြောင်းရင်းမှာ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် ရုတ်တရက် အသက် ရှူလမ်းကြောင်းပျက်စီးခြင်းနှင့် သွေးတိုးရောဂါနှင့် အမျိုးအစား (၂) ဆီးချိုရောဂါအခံရှိခြင်း တို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။
၆။ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၂) ဦးအား အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုပေးလျက်ရှိပြီး ကျန်လူနာများ၏ အခြေအနေများမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါ သည်။