Zawgyi Version
၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ (၁၇-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၂)နာရီအခ်ိန္ ထုတ္ျပန္ခ်က္ျဖင့္ (၁၆-၄-၂၀၂၀)ရက္ေန႔တြင္ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးမွ ေပးပို႔လာ ေသာ COVID-19 ေရာဂါ ေစာင့္ၾကည့္လူနာ (၁၁၀)ဦးႏွင့္ အသြားအလာကန္႔သတ္ထားသူ (၁၅၉)ဦး၊ စုစုေပါင္း (၂၆၉) ဦးတို႔၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိေၾကာင္း သတင္း ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါသည္။
၂။ သို႔ျဖစ္ပါ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၇-၄-၂၀၂၀) ရက္ေန႔၊ နံနက္ပိုင္းအထိ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာကန္႔သတ္ထားသူ စုစုေပါင္း (၃,၅၀၅) ဦး၏ ဓာတ္ခြဲနမူနာမ်ားကို စစ္ေဆးခဲ့ရာ (၈၅) ဦးတြင္ COVID-19 ေရာဂါ ကူးစက္ခံရေၾကာင္း အတည္ျပဳနိုင္ခဲ့ၿပီး (၃,၄၂၀) ဦးတြင္ ေရာဂါပိုးမရွိေၾကာင္း ေတြ႕ရွိခဲ့ရပါသည္။
၃။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၈၅)ဦး ေတြ႕ရွိခဲ့သည့္အနက္ (၇၉)ဦးအား ေအာက္ပါ ဇယားအတိုင္း သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ လိုအပ္သလို ကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္ေကာင္းမြန္လ်က္ရွိပါသည္။
၄။ ဓာတ္ခြဲအတည္ျပဳလူနာမ်ားအနက္ (၂) ဦးမွာ ေရာဂါပိုးကင္းစင္ၿပီး ျဖစ္သျဖင့္ ေနအိမ္ႏွင့္ သက္ဆိုင္ရာေနရာတို႔တြင္ အသြားအလာ ကန္႔သတ္ျခင္း/ တားျမစ္ျခင္းအား ရက္သတၱ (၂)ပတ္ခန္႔ ဆက္လက္ေဆာင္ရြက္ထားရွိပါသည္။ ယေန႔အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား အနက္မွ ေသဆုံးသူ (၄) ဦးရွိခဲ့ပါသည္။
Unicode Version
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက် (၂)နာရီအချိန် ထုတ်ပြန်ချက်ဖြင့် (၁၆-၄-၂၀၂၀)ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ပေးပို့လာ သော COVID-19 ရောဂါ စောင့်ကြည့်လူနာ (၁၁၀)ဦးနှင့် အသွားအလာကန့်သတ်ထားသူ (၁၅၉)ဦး၊ စုစုပေါင်း (၂၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သတင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
၂။ သို့ဖြစ်ပါ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၇-၄-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းအထိ စောင့်ကြည့်လူနာနှင့် အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၃,၅၀၅) ဦး၏ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာ (၈၅) ဦးတွင် COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး (၃,၄၂၀) ဦးတွင် ရောဂါပိုးမရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
၃။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅)ဦး တွေ့ရှိခဲ့သည့်အနက် (၇၉)ဦးအား အောက်ပါ ဇယားအတိုင်း သက်ဆိုင်ရာ ဆေးရုံများတွင် လိုအပ်သလို ကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်လျက်ရှိပါသည်။
၄။ ဓာတ်ခွဲအတည်ပြုလူနာများအနက် (၂) ဦးမှာ ရောဂါပိုးကင်းစင်ပြီး ဖြစ်သဖြင့် နေအိမ်နှင့် သက်ဆိုင်ရာနေရာတို့တွင် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်းအား ရက်သတ္တ (၂)ပတ်ခန့် ဆက်လက်ဆောင်ရွက်ထားရှိပါသည်။ ယနေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ အနက်မှ သေဆုံးသူ (၄) ဦးရှိခဲ့ပါသည်။