• Home
  • >>
  • News
  • >>
  • ၂၀၁၉−၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အသုံးစရိတ်အများဆုံး သုံးစွဲမည်

၂၀၁၉−၂၀ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ အသုံးစရိတ်အများဆုံး သုံးစွဲမည်

လာမည့် ဘဏ္ဍာနှစ် (၂၀၁၉-၂၀) နိုင်ငံတော် အသုံးစရိတ်တွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွက် စုစုပေါင်း အသုံးစရိတ်၏ ၂၅ ရာခိုင်နှုန်းကျော် သုံးစွဲရန် အစိုးရက လွှတ်တော်သို့ အဆိုပြုတင်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသော ၂၀၁၉-၂၀ ဘဏ္ဍာနှစ်အစိုးရ၏ ဘတ်ဂျက်အ သုံးစရိတ်နှင့် ပတ်သက်၍ အဆို ပြုတင်ပြချက် အနှစ်ချုပ်တွင် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အသုံးစရိတ် ၂၂ ရာခိုင်နှုန်းကျော်ဖြင့် ဒုတိယအများဆုံး ငွေကြေး သုံးစွဲမည့်ကဏ္ဍဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန၏ အသုံးစရိတ်က ၁၀ ရာခိုင်နှုန်း ကျော်ဖြင့် တတိယအများဆုံးဖြစ် ပြီး ပညာရေးအသုံးစရိတ်က ၈ ဒသ မ ၃၉ ရာခိုင်နှုန်းဖြင့် နံပါတ်(၄) နေရာတွင် ရှိနေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသုံးစရိတ်က ၃ ဒသမ ၆၆ ရာ ခိုင်နှုန်းဖြင့် အဆင့်(၇)တွင်ရှိနေ သည်။

အစိုးရ၏ ဘတ်ဂျက်အဆိုပြု လွှာတွင် ပညာရေး၊ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနများ၏ အသုံးစရိတ်က ယခု ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အသုံးစရိတ်ထက် အ နည်းငယ်လျော့နည်းသွားသည်။

ယခုဘဏ္ဍာနှစ် ၂၀၁၈-၁၉ တွင် အစိုးရ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အသုံးစ ရိတ် ဘတ်ဂျက်က စုစုပေါင်း၏ ၄ ဒသမ ၅၈ ရာခိုင်နှုန်း၊ ပညာ ရေးဝန်ကြီးဌာန အသုံးစရိတ်က ၈ ဒသမ ၈ ရာခိုင်နှုန်း ရှိနေပြီး လျှပ် စစ်ကဏ္ဍအတွက် အသုံးစရိတ် ၂၂ ရာခိုင်နှုန်းကျော် ရှိနေသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက အသုံးစရိတ်အများဆုံး ဖြစ်နေခြင်းနှင့်ပတ်သက်၍ ဇွန်လ ၁၇ရက် နိုင်ငံတော်သမ္မတအိမ်တော် ၌ ပြုလုပ်သော ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် သမ္မတဦးဝင်းမြင့်က ‘ပြည်သူများ၏ လူမှုစီးပွားဘ၀ မြှင့်တင်ရေးအတွက် ပြည်သူများကို ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းစေမည့် အသုံးစရိတ်များဖြစ်သည့် လျှပ်စစ်မီးရရှိရေး၊ လမ်းတံတားလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပိုမိုတိုးမြှင့်သုံးစွဲသွားမည်ဖြစ်ပြီး တစ်ဖက်တွင် လည်း နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများတွင်လည်း ယခင်နှစ်များထက်များစွာ ပိုမိုသုံးစွဲသွား မည်ဖြစ်ပါကြောင်း’ ပြောကြား ခဲ့သည်။

လျှပ်စစ်အပါအ၀င် အခြေခံ အဆောက်အအုံပိုင်းတွင် အသုံး စရိတ်တိုးမြှင့်သုံးစွဲခြင်းက လိုအပ် ချက်နှင့် ဖွံ့ဖြိုးရေးကို ထောက်ပံ့ ပေးနိုင်မည်ဟု စီးပွားရေးပညာ ရှင် ဦးဇော်ဖေ၀င်းက ပြောသည်။

‘‘ဒီမှာက လျှပ်စစ်အခက်အ ခဲ ရှိတယ်။ ကျေးလက်တွေမှာဆို လည်း ဖွံ့ဖြိုးရေးက လိုအပ်နေတော့ တိုးသုံးတာ ကောင်းပါတယ်’’ ဟု ဦးဇော်ဖေ၀င်းက ပြောသည်။ အစိုးရအနေဖြင့် သုံးစွဲမှုမြှင့်တင် သကဲ့သို့ အခြားတစ်ဖက်ရငွေပိုင်း တွင်လည်း တိုးမြှင့်ရှာဖွေရန် လို အပ်သည်ဟု ၎င်းကအကြံပြုသည်။ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် အစိုးရလုပ်ငန်းများ အရှိန်အဟုန် မြှင့်တင်နိုင်ရန် လိုငွေနှင့် GDP အချိုးကို ၅ ရာခိုင်နှုန်းကျော်လွန် ခွင့်ပြုထားသည်ဟု သမ္မတက ပြောသည်။

လာမည့် ဘဏ္ဍာနှစ်အတွက် အစိုးရ အသုံးစရိတ်ကို ကျပ် ၃၂,၃၄၀ ဘီလီယံသုံးစွဲရန် လျာ ထားပြီး လက်ရှိဘဏ္ဍာနှစ်အသုံး စရိတ်ထက် ကျပ် ၇,၆၀၀ ဘီလီ ယံကျော် ပိုများသည်။ သုံးငွေပိုင်း တိုးတက်လာသကဲ့သို့ ရငွေပိုင်း တွင်လည်း ကျပ် ၂၅,၃၁၂ ဘီလီ ယံကျော် ရရှိမည်ဟု ခန့်မှန်းထား သဖြင့် လက်ရှိ ဘဏ္ဍာနှစ်ထက် ကျပ်ဘီလီယံ ၅,၃၀၀ ကျော် ပိုများ သည်။ အစိုးရ၏ သုံးစွဲမည့် လျာ ထားချက်က ၀င်ငွေရရှိမည့် လျာ ထားချက်ထက် ကျပ် ၇,၀၂၇ ဘီ လီယံကျော်ရှိပြီး လိုငွေနှင့် ဂျီဒီပီ အချိုးက ၅ ဒသမ ၉ ရာခိုင်နှုန်း ဖြစ်သည်။

#crd

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant