• Home
  • >>
  • News
  • >>
  • (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရ...

(၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

Zawgyi Version

၁။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သည္ (၁၅-၄-၂၀၂၀) ရက္ေန႔တြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးမွ ေပးပို႔လာေသာ COVID-19 ေရာဂါ ေစာင့္ၾကည့္လူနာႏွင့္ အသြားအလာ ကန္႔သတ္ျခင္း/ တားျမစ္ျခင္း ေဆာင္ရြက္ထားရွိသူ စုစုေပါင္း (၄၀၀) ဦး၏ ဓာတ္ခြဲ နမူနာမ်ားအား စစ္ေဆးခဲ့ပါသည္။

၂။ အဆိုပါ ဓာတ္ခြဲနမူနာမ်ားအနက္ (၁၂၈) ဦး၏ ဓာတ္ခြဲနမူနာမ်ားတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိရေၾကာင္းကို (၁၅-၄-၂၀၂၀) ရက္ေန႔၊ ည (၈) နာရီ သတင္းတြင္ ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ (၁၆-၄-၂၀၂၀) ရက္ေန႔၊ နံနက္ (၃) နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ က်န္ရွိသည့္ (၂၇၂) ဦး၏ ဓာတ္ခြဲနမူနာမ်ားအနက္ ဇယား (၁) ၌ ေဖာ္ျပထားေသာ (၁၁) ဦးတြင္ COVID-19 ေရာဂါပိုး ေတြ႕ရွိရၿပီး က်န္ (၂၆၁) ဦး၏ ဓာတ္ခြဲနမူနာ မ်ားတြင္ COVID-19 ေရာဂါပိုး မေတြ႕ရွိပါ။

၄။ ျမန္မာနိုင္ငံတြင္ ယခုအခ်ိန္အထိ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၈၅) ဦးရွိၿပီ ျဖစ္ၿပီး ဓာတ္ခြဲအတည္ျပဳလူနာသစ္ (၁၁) ဦးအား သက္ဆိုင္ရာေဆး႐ုံမ်ားသို႔ လႊဲပို႔၍ ကုသမႈေပးသြားမည္ျဖစ္ပါသည္။

Unicode Version

၁။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ပေးပို့လာသော COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် အသွားအလာ ကန့်သတ်ခြင်း/ တားမြစ်ခြင်း ဆောင်ရွက်ထားရှိသူ စုစုပေါင်း (၄၀၀) ဦး၏ ဓာတ်ခွဲ နမူနာများအား စစ်ဆေးခဲ့ပါသည်။

၂။ အဆိုပါ ဓာတ်ခွဲနမူနာများအနက် (၁၂၈) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုး မတွေ့ရှိရကြောင်းကို (၁၅-၄-၂၀၂၀) ရက်နေ့၊ ည (၈) နာရီ သတင်းတွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ (၁၆-၄-၂၀၂၀) ရက်နေ့၊ နံနက် (၃) နာရီအချိန် ထုတ်ပြန်ချက်အရ ကျန်ရှိသည့် (၂၇၂) ဦး၏ ဓာတ်ခွဲနမူနာများအနက် ဇယား (၁) ၌ ဖော်ပြထားသော (၁၁) ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိရပြီး ကျန် (၂၆၁) ဦး၏ ဓာတ်ခွဲနမူနာ များတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

၄။ မြန်မာနိုင်ငံတွင် ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈၅) ဦးရှိပြီ ဖြစ်ပြီး ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) ဦးအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပို့၍ ကုသမှုပေးသွားမည်ဖြစ်ပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant