• Home
  • >>
  • News
  • >>
  • (၁၄) ကြိမ်မြောက် ကမ္ဘာ့ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာနိုင်ငံအသင်း ရွှေတံဆိပ်ဆုရရှိ

(၁၄) ကြိမ်မြောက် ကမ္ဘာ့ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲ မြန်မာနိုင်ငံအသင်း ရွှေတံဆိပ်ဆုရရှိ

(၁၄) ကြိမ်မြောက် ကမ္ဘာ့ နဂါးလှေ ချန်ပီယံရှစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နေတဲ့ လှေလှော်အဖွဲ့ချုပ် ဥက္ကဌ ဦးသောင်းထိုက်မင်း ဦးဆောင်တဲ့ မြန်မာလှေလှော်အဖွဲ့ ဟာ ဒီနေ့ မှာ မြန်မာနိုင်ငံအသင်းအတွက် ရွှေတံဆိပ် (၂) ခုကို ရယူပေးနိုင်ခဲ့ဖြစ်တယ်လို့သိရပါတယ်။
အပြည်ပြည်ဆိုင်ရာ နဂါးလှေအဖွဲ့ချုပ် ( IDBF ) က ကြီးမှူးကျင်းပသည့် အဆိုပါ ပြိုင်ပွဲကို သြဂုတ်လ ၂၀ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ ထိုင်းနိုင်ငံ ပတ္တရားမြို့ မှာ ကျင်းပမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲကို နိုင်ငံပေါင်း ၃၀ မှ ကစားသမားပေါင်း ၄၀၀၀ ခန့် ပါဝင်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။

မြန်မာလှေလှော်အသင်း ရွှေတံဆိပ် ရရှိခဲ့တဲ့ ပြိုင်ပွဲအမျိုးအစား များကတော့ မီတာ ၂၀၀၀ အမျိုးသမီး ပြိုင်ပွဲမှာ ရွှေတံဆိပ် ၁ ခု ၊
မီတာ ၂၀၀၀ အမျိုးသား အမျိုးသမီး ( Mixed ) ပြိုင်ပွဲမှ ရွှေတံဆိပ် ၁ ခု စုစုပေါင်း ရွှေတံဆိပ် (၂) ခု ရယူပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ မီတာ၂၀၀၀ အမျိုးသား ပြိုင်ပွဲမှာတော့ မြန်မာ အသင်းဟာ ငွေတံဆိပ် ဆုကို ရရှိခဲ့ပါတယ်။

မြန်မာအသင်းသည် ၉ မိနစ် ၂၇ ဒသမ ၉၈၀ စက္ကန့် စံချိန်ဖြင့် ပထမဆု ရရှိခဲ့တာဖြစ်ပြီး ယူ ၂၄ အမျိုးသား အမျိုးသမီး အရော ၁၀ တတ်လှော် မီတာ ၂၀၀၀ ပွဲစဉ်တွင် ရရှိခဲ့တာဖြစ်ပါတယ်။
ကနေဒါ အသင်းက ၉ မိနစ် ၃၂ ဒသမ ၈၄၀ စက္ကန့် ဖြင့် ဒုတိယ၊ သြစတြေးလျအသင်းက ၉ မိနစ် ၅၀ဒသမ ၂၂၀ စက္ကန့် ဖြင့် တတိယ ရရှိခဲ့ပါတယ်။
မွန်းလွဲ ၁ နာရီ ၁၈ မိနစ်တွင် ယှဉ်ပြိုင်သော ယူ ၂၄ အမျိုးသမိး ပဲါစဉ်တွင် မြန်မာအမျိုးသမီးလှေလှော်အသင်းက ၁၀ မိနစ် ၂၈ဒသမ ၇၉၇ စက္ကန့် ဖြင့် ရွှေတံဆိပ်ကို ထပ်မံဆွတ်ခူးခဲ့ပြီး ထိုင်းအသင်းက ၁၀ မိနစ် ၃၁ ဒသမ ၈၅၄ စက္ကန့် ဖြင့် ဒုတိယ ၊ အမေရိကန် အသင်းက ၁၀ မိနစ် ၅၁ ဒသမ ၂၇၃ စက္ကန့် ဖြင့် တတိယ ရရှိခဲ့တယ်လို့ သိရပါတယ်။

ယခုကဲ့သို့ ရွှေတံဆိပ်များ ဆွတ်ခူးရရှိအောင်စွမ်းဆောင်ပေးခဲ့ကြသော မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ လှေလှော်အဖွဲ့ အား ကျနော်တို့  Trustyshops မှလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း နှင့် အခြားသော ပြိုင်ပွဲတွေမှာလည်း ဆုတံဆိပ်များ ဆွတ်ခူးရရှိပါစေကြောင်းဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant