• Home
  • >>
  • News
  • >>
  • ပြည်သူများထံသို့အသိပေးပန်ကြားခြင်း

ပြည်သူများထံသို့အသိပေးပန်ကြားခြင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ၆၆ ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ မိုးဦးကာလလျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက်ဟောင်းနွမ်း၍၀န်အားမနိုင်တော့သော၁၁ကေဗွီဓာတ်အားလိုင်းကြိုးများအားလျှပ်ကာပါသောဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများကို မေ ၁၅ ရက် (အဂါင်္နေ့) နှင့် မေ၁၇ ရက် (ကြာသာပတေးနေ့) တို့တွင်နံနက်၉နာရီမှ၁၂နာရီအထိဆောင်ရွက်သွားမည်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ

  • အင်းစိန်၊
  • မင်္ဂလာဒုံ၊
  • လှိုင်သာယာ၊
  • ရွှေပြည်သာ၊
  • လှည်းကူး၊
  • မှော်ဘီ၊
  • တိုက်ကြီး၊
  • ထောက်ကြန့်၊
  • ဥက္ကံ၊
  • ဒါးပိန်၊
  • ဗိုလ်တထောင်၊
  • ပုဇွန်တောင်၊
  • ရွှေပေါက္ကံ၊
  • တောင်ဥက္ကလာပ၊
  • ဒဂုံဆိပ်ကမ်း၊
  • သင်္ဃန်းကျွန်း၊
  • ရန်ကင်း၊
  • ဒဂုံမြို့သစ်(မြောက်ပိုင်း)၊
  • တာမွေ၊
  • အင်းတိုင်၊
  • မြောင်းတကာ၊
  • ရွှေလင်ဗန်း၊
  • ထန်းတပင်၊
  • မြောက်ဥက္ကလာပ၊
  • မရမ်းကုန်း၊
  • လှိုင်မြို့နယ်များရှိ

ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌အချိန်ပိုင်းဓာတ်အားပြတ် တောက်မှု အနည်းငယ်ရှိနိုင်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှုလျော့နည်းစေရန် အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့်ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများပေါ်ပေါက် လာနိုင်မှုများအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အများပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant