• Home
  • >>
  • News
  • >>
  • မေလဆန်းထဲ အားကောင်းသောမုန်တိုင်းငယ်တစ်လုံး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမ...

မေလဆန်းထဲ အားကောင်းသောမုန်တိုင်းငယ်တစ်လုံး မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ၀င်ရောက်ရန်ရှိ

Zawgyi Version

ေမလဆန္းထဲ အားေကာင္းေသာမုန္တိုင္းငယ္တစ္လုံး ရခိုင္ကမ္းရိုးတန္း ေျမာက္ပိုင္းျဖတ္ကာ ကုန္းတြင္းပိုင္း ျမန္မာနိုင္ငံအလယ္ပိုင္းေဒသမ်ားအထိ ၀င္ေရာက္ရန္ရွိသည့္အေၾကာင္းအပါအဝင္ မိုးရြာသြန္းနိုင္မႈအေျခအေနႏွင့္ စပ္လ်ဥ္း၍ျပည္သူ႔ထဲသို႔ အႀကံျပဳခ်က္မ်ားအား လူကယ္ျပန္ဝန္ႀကီးဌာနက ယေန႔ ညေနပိုင္းတြင္ သတင္းထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

ထုတ္ျပန္ခ်က္အျပည့္အစုံမွာ-

၁။ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၃) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ (၁၄:၀၀)နာရီအခ်ိန္တြင္ ကပၸလီပင္လယ္ျပင္ႏွင့္ ယင္းႏွင့္ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတို႔တြင္ (၂၈-၄-၂၀၂၀) ရက္ေန႔မွ (၃၀-၄-၂၀၂၀) ရက္ေန႔အတြင္း ေလဖိအားနည္းရပ္ဝန္းတစ္ခု ျဖစ္ေပၚနိုင္ေၾကာင္း ထုတ္ျပန္ထားရွိၿပီးျဖစ္ပါသည္။

၂။ ECMWF/ weather.us မွ ရရွိေသာ အခ်က္အလက္မ်ားအရ ၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ (၂၅) ရက္ေန႔မွ (၂၇) ရက္ေန႔အထိ ကခ်င္ျပည္နယ္၊ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းအထက္ပိုင္းႏွင့္ ေအာက္ပိုင္း၊ မေကြးတိုင္းေဒသႀကီးေျမာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီးတြင္ မိုးရြာသြန္းနိုင္ပါသည္။ ကခ်င္ျပည္နယ္၌ ျမစ္ႀကီးနားၿမိဳ႕၊ ေရႊကူၿမိဳ႕၊ မိုးညႇင္းၿမိဳ႕၊ မိုးေကာင္းၿမိဳ႕၊ ဗန္းေမာ္ၿမိဳ႕၊ ဟိုပင္ၿမိဳ႕၊ ဖားကန္႔ၿမိဳ႕၊ တနိုင္းၿမိဳ႕၊ ဝိုင္းေမာ္ၿမိဳ႕တို႔တြင္လည္းေကာင္း၊ ခ်င္းျပည္နယ္၌ ထန္တလန္ၿမိဳ႕၊ မတူပီၿမိဳ႕၊ မင္းတပ္ၿမိဳ႕၊ ဖလမ္းၿမိဳ႕၊ တီးတိန္ၿမိဳ႕တို႔တြင္လည္းေကာင္း၊ စစ္ကိုင္းတိုင္းေဒသႀကီး၌ ကေလးၿမိဳ႕၊ ပင္လယ္ဘူးၿမိဳ႕၊ ေကာလင္းၿမိဳ႕၊ ကသာၿမိဳ႕၊ သဖန္းဆိပ္ၿမိဳ႕၊ ကန္႔ဘလူၿမိဳ႕တို႔တြင္ လည္းေကာင္း၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသမ်ား၌လည္းေကာင္း မိုးေရခ်ိန္ (၂ လက္မ မွ ၃ လက္မ အတြင္း) ေနရာကြက္၍မိုးႀကီးနိုင္ကာ ဧၿပီလ (၂၆) ရက္ေန႔မွ (၃၀) ရက္ေန႔အတြင္း ျမန္မာနိုင္ငံ တစ္ဝန္းလုံးတြင္ မိုးမ်ားရြာသြန္းနိုင္သည့္ အေျခအေနမ်ားကို ေလ့လာေတြ႕ရွိရပါသည္။

၃။ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ (၁) ရက္ေန႔တြင္ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္း၌ ျဖစ္ေပၚနိုင္ေသာ ေလဖိအားနည္းရပ္ဝန္းသည္‌ ေမလပထမပတ္အတြင္း အားေကာင္းေသာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိလာနိုင္ကာ အက္(ဒ္)မန္ကၽြန္းအနီးမွ ေျမာက္ဘက္သို႔ေရြ႕လ်ားနိုင္ၿပီး ရခိုင္ကမ္းရိုးတန္း ေျမာက္ပိုင္း စစ္ေတြၿမိဳ႕ႏွင့္ ေက်ာက္ျဖဴၿမိဳ႕တို႔ကို ျဖတ္ေက်ာ္ကာ ကုန္းတြင္းသို႔ဝင္ေရာက္လ်က္ ျမန္မာနိုင္ငံအလယ္ပိုင္းေဒသမ်ားအထိ ေရာက္ရွိနိုင္သည္ကို ေတြ႕ရွိရပါသည္။

၄။ သိသာသည့္ မိုးေရခ်ိန္ပမာဏမ်ားရရွိနိုင္ရန္ အလားအလာရွိေနသည့္ ကခ်င္ျပည္နယ္ ခ်င္းျပည္နယ္၊ ရွမ္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသ ႀကီးတို႔တြင္ မိုးႀကီးနိုင္သည့္ အေျခအေနမ်ားျဖစ္ေပၚနိုင္ျခင္း၊ ေလျပင္းတိုက္ခတ္ျခင္း၊ လၽွပ္စီးမိုးႀကိဳး အႏၲရာယ္ျဖစ္နိုင္ျခင္း၊ မိုးသီးေႂကြျခင္းအေျခအေနမ်ားႏွင့္ ျမစ္မ်ား၊ ေခ်ာင္းမ်ားတစ္ေလၽွာက္ႏွင့္ ေျမနိမ့္ေဒသမ်ားတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ လၽွပ္တျပက္ေရႀကီးျခင္းႏွင့္အတူ ေျမၿပိဳျခင္း အႏၲရာယ္မ်ားကိုပါ ၾကဳံေတြ႕ရနိုင္သည္ျဖစ္ရာ မိုးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ အခ်ိန္ႏွင့္ တေျပးညီထုတ္ျပန္ေပးလ်က္ရွိသည့္ မိုးေလဝသ ႀကိဳတင္သတိေပးခ်က္မ်ားအျပင္ မိမိတို႔ပတ္ဝန္းက်င္ရွိ အေျခအေနမ်ားကိုပါ သတိျပဳေနထိုင္ၾကပါရန္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနမွ အႀကံျပဳအပ္ပါသည္။

Unicode Version

မေလဆန်းထဲ အားကောင်းသောမုန်တိုင်းငယ်တစ်လုံး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းဖြတ်ကာ ကုန်းတွင်းပိုင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ၀င်ရောက်ရန်ရှိသည့်အကြောင်းအပါအဝင် မိုးရွာသွန်းနိုင်မှုအခြေအနေနှင့် စပ်လျဉ်း၍ပြည်သူ့ထဲသို့ အကြံပြုချက်များအား လူကယ်ပြန်ဝန်ကြီးဌာနက ယနေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်လိုက်ကြောင်းသိရသည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ-

၁။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၃) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် (၂၈-၄-၂၀၂၀) ရက်နေ့မှ (၃၀-၄-၂၀၂၀) ရက်နေ့အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ကြောင်း ထုတ်ပြန်ထားရှိပြီးဖြစ်ပါသည်။

၂။ ECMWF/ weather.us မှ ရရှိသော အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၂၅) ရက်နေ့မှ (၂၇) ရက်နေ့အထိ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးတွင် မိုးရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၌ မြစ်ကြီးနားမြို့၊ ရွှေကူမြို့၊ မိုးညှင်းမြို့၊ မိုးကောင်းမြို့၊ ဗန်းမော်မြို့၊ ဟိုပင်မြို့၊ ဖားကန့်မြို့၊ တနိုင်းမြို့၊ ဝိုင်းမော်မြို့တို့တွင်လည်းကောင်း၊ ချင်းပြည်နယ်၌ ထန်တလန်မြို့၊ မတူပီမြို့၊ မင်းတပ်မြို့၊ ဖလမ်းမြို့၊ တီးတိန်မြို့တို့တွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၌ ကလေးမြို့၊ ပင်လယ်ဘူးမြို့၊ ကောလင်းမြို့၊ ကသာမြို့၊ သဖန်းဆိပ်မြို့၊ ကန့်ဘလူမြို့တို့တွင် လည်းကောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၌လည်းကောင်း မိုးရေချိန် (၂ လက်မ မှ ၃ လက်မ အတွင်း) နေရာကွက်၍မိုးကြီးနိုင်ကာ ဧပြီလ (၂၆) ရက်နေ့မှ (၃၀) ရက်နေ့အတွင်း မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် မိုးများရွာသွန်းနိုင်သည့် အခြေအနေများကို လေ့လာတွေ့ရှိရပါသည်။

၃။ ၂၀၂၀ ပြည့်နှစ်၊ မေလ (၁) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ ဖြစ်ပေါ်နိုင်သော လေဖိအားနည်းရပ်ဝန်းသည်‌ မေလပထမပတ်အတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိလာနိုင်ကာ အက်(ဒ်)မန်ကျွန်းအနီးမှ မြောက်ဘက်သို့ရွေ့လျားနိုင်ပြီး ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း စစ်တွေမြို့နှင့် ကျောက်ဖြူမြို့တို့ကို ဖြတ်ကျော်ကာ ကုန်းတွင်းသို့ဝင်ရောက်လျက် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ရောက်ရှိနိုင်သည်ကို တွေ့ရှိရပါသည်။

၄။ သိသာသည့် မိုးရေချိန်ပမာဏများရရှိနိုင်ရန် အလားအလာရှိနေသည့် ကချင်ပြည်နယ် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသ ကြီးတို့တွင် မိုးကြီးနိုင်သည့် အခြေအနေများဖြစ်ပေါ်နိုင်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်စီးမိုးကြိုး အန္တရာယ်ဖြစ်နိုင်ခြင်း၊ မိုးသီးကြွေခြင်းအခြေအနေများနှင့် မြစ်များ၊ ချောင်းများတစ်လျှောက်နှင့် မြေနိမ့်ဒေသများတွင် နေထိုင်ကြသူများအနေဖြင့် လျှပ်တပြက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်း အန္တရာယ်များကိုပါ ကြုံတွေ့ရနိုင်သည်ဖြစ်ရာ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့် တပြေးညီထုတ်ပြန်ပေးလျက်ရှိသည့် မိုးလေဝသ ကြိုတင်သတိပေးချက်များအပြင် မိမိတို့ပတ်ဝန်းကျင်ရှိ အခြေအနေများကိုပါ သတိပြုနေထိုင်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ အကြံပြုအပ်ပါသည်။

#crd myanmar harp

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant