• Home
  • >>
  • News
  • >>
  • မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ ၂၀၁၉ ခုနှစ် မေလ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၁း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ၏ ၂၀၁၉ ခုနှစ် မေလ (၂) ရက်နေ့ မြန်မာစံတော်ချိန် (၁၁း၀၀) နာရီ အချိန်ထုတ်ပြန်ချက်

တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော အလွန့် အလွန် အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm ) ဖန်နီ ( FANI ) သည် မြောက်-အရှေ့ဘက်မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ပူရီမြို့  ၏ တောင်-အနောက်ဘက် (၂၄၅) မိုင်ခန့် ၊ ဗီဇာကာပတ္တနမ်မြို့ ၏ တောင်-အရှေ့တောင်ဘက် မိုင်(၁၃၀) ခန့် ၊ ဒီဂါမြို့ ၏ တောင်-အနောက်တောင်ဘက် မိုင်(၃၈၀) ခန့်  အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။ အဆိုပါ အလွန့် အလွန် အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်း ဖန်နီ သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွှေ့လျားမည်ဟု ခန့် မှန်းရပါတယ်။

အဆိုပါ မုန်တိုင်း ဖန်နီ ဟာ မြန်မာစံတော်ချိန် (၁၀း၃၀) နာရီ အချိန်တွင် မြောက်လတ္တီကျူ ( ၁၅.၉ ) ဒီဂရီ နှင့် အရှေ့လောင်ဂျီကျူ (၈၄.၅) ဒီဂရိ တွင်ရှိပြီး ဗဟိုချက်လေဖိအား (၉၅၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၁၁၅)မိုင်နှုန်း ဖြစ်ပါတယ်။

အဆိုပါ အလွန့် အလွန်အားကောင်းသော ဆိုက်ကလုန်းမုန်တိုင်း ဖန်နီ ၏ အရှိန်ကြောင့် (၂.၅.၂၀၁၉) ရက်နေ့ မှ (၄.၅.၂၀၁၉ ) ရက်နေ့ အတွင်း စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး ၊ တနင်္သာရီတိုင်းဒေသကြီး ၊ ကချင်ပြည်နယ် ၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ တွင် နေရာစိပ်စိပ် ၊ နေပြည်တော် ၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်းဒေသကြီး ၊ ပဲခူးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ ရှမ်းပြည်နယ် ၊ ရခိုင်ပြည်နယ် နှင့် ကယားပြည်နယ်တို့ တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး ၊ အချို့ နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) မှ (၄၅) မိုင် အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၁၀) ပေ မှ (၁၃) ပေခန့် ရှိနိုင်ပါသည်။

#crd

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant