• Home
  • >>
  • News
  • >>
  • နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်း ဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရယူဆောင်ရွက်ရန် ညွှန်ကြား

နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်း ဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ နိုင်ငံခြားငွေ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရယူဆောင်ရွက်ရန် ညွှန်ကြား

နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်း ဆောင်ရွက်နေသည့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ လေကြောင်းလိုင်းများ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် ရယူဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း ခရီးသွားလုပ်ငန်းများထံမှ သိရသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ထံသို့ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ လေကြောင်းလိုင်းများတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရယူ ဆောင်ရွက်ရန် အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားငွေ အလွန်အကျွံ သုံးစွဲခြင်း (Dollarlization) ကို ရှောင်ရှားရန်အတွက် ပြည်တွင်း ငွေပေးချေမှုများ ဆောင်ရွက်ရာတွင် မြန်မာကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အကြောင်းကြားခဲ့မှုအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနက အသိပေး အကြောင်းကြားစာ နှစ်စောင်ဖြင့် အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

သို့သော် ဟိုတယ်နှင့် ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းများနှင့် လေကြောင်းလိုင်း အချို့သည် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေဖြင့်သာ လုပ်ငန်းများ ဆောင်ရွက်နေသဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) လျှောက်ထားရယူရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထပ်ဆင့် အကြောင်းကြားလာခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများနှင့် ခရီးသွားလုပ်ငန်းများ၊ လေကြောင်းလိုင်းများ ဆောင်ရွက်နေသော လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံခြားငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံခြားသုံးငွေ စီမံခန့် ခွဲမှု ဥပဒေနှင့်အညီ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့် လိုင်စင် (Money Changer License) လျှောက်ထားရယူရန် နှင့် ပြည်တွင်းပေးချေမှုများအတွက် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဖြင့် တန်ဖိုး သတ်မှတ်ခြင်း၊ ဈေးနှုန်းဖော်ပြခြင်း၊ ပေးချေခြင်း တို့ကို ဆောင်ရွက်ခြင်း မပြုစေရေး ညီနောင်အသင်းများနှင့် လုပ်ငန်းများသို့ ညှိနှိုင်း ဆောင်ရွက် အသိပေးနိုင်ရန် ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနက မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ထံသို့ အသိပေးအ ကြောင်းကြားထားသည်။

#crd Eleven Media

Trusty E-Commerce Software Download

We will inform log in information by SMS after completed. Please download “Trusty E-commerce customer” App in App Store for IOS & in google Play Store, Mi Store, Baidu.com for Andriod Download.
  • Trusty E-commerce For Customer

  • Trusty E-commerce For Merchant