ဒူဘိုင်းကနေပြန်လာတဲ့သားဖြစ်သူကို မတ်လ၁၅ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သွားကြိုခဲ့တဲ့ အသက်၆၃နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ COVID-19ရောဂါပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီအမျိုးသမီးဟာ ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာနေထိုင်သူဖြစ်ပြီး မြောက်ဥက္ကလာမှာခေတ္တတည်းခိုနေထိုင်နေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲ့ဒီလိုတည်းခိုနေထိုင်းရင်း နှစ်ပတ်ကြာမောပန်းမှုခံစားခဲ့ရပြီး မတ်လ၃၀ရက်မှာ ပိုမိုမောပန်းကာ ကိုယ်အပူချိန်မြင့်လာတဲ့အတွက် မတ်လ၃၁ရက်မှာ မြောက်ဥက္ကလာပဆေးရုံကြီးကို တက်ရောက်ကုသတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။
အဲ့ဒီလူနာကိုဝေဘာဂီဆေးရုံကြီးကို ပြောင်းရွှေ့ဖို့လည်း စီစဉ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာCOVID-19ရောဂါပိုးတွေ့ရှိသူ၁၆ဦး ရှိပြီဖြစ်ပြီး အဲ့ဒီလူနာတွေထဲကတစ်ဦးသေဆုံးခဲ့ပါတယ်။