Zawgyi Version
ျမန္မာနိုင္ငံမွာ COVID -19 တိုက္ဖ်က္ေရးအတြက္ အကူအညီေပးဖို႔ တ႐ုတ္စစ္ဘက္က ေဆးပညာကၽြမ္းက်င္သူေတြနဲ႔ ေဆးဝါးပစၥည္းေတြဟာ ဒီကေန႔ မနက္ပိုင္းက ရန္ကုန္ေလဆိပ္ကို ေရာက္ရွိလာပါၿပီ။
ေဆးပညာရွင္ေတြနဲ႔ ေဆးဝါးပစၥည္းေတြဟာ တ႐ုတ္စစ္ဘက္ ေလယာဥ္နဲ႔ ေရာက္လာတာျဖစ္ပါတယ္။
ဒီလို တ႐ုတ္စစ္ဘက္ေလယာဥ္နဲ႔ ေဆးဝါးပစၥည္းေတြေထာက္ပံ့တာဟာ သုံးႀကိမ္ေျမာက္ရွိၿပီျဖစ္ကာ စစ္ဘက္ေဆးပညာရွင္ေတြကေတာ့ ပထမဆုံးပါဝင္လာတာပါ။
ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ တ႐ုတ္က အရပ္ဘက္ ေဆးပညာရွင္အဖြဲ႕ ျမန္မာနိုင္ငံကိုေရာက္လာၿပီး အကူအညီ လာေရာက္ေပးခဲ့ပါတယ္။ အခုေတာ့ အဲဒီအဖြဲ႕ ျပန္သြားပါၿပီ။
COVID -19 ဟာ တ႐ုတ္နိုင္ငံမွာစတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိ မွာေတာ့ တ႐ုတ္ဟာ နိုင္ငံအတြင္း ေရာဂါျဖစ္ပြားမႈကို ထိန္းထားတဲ့အေျခအေနကိုေရာက္ေနၿပီျဖစ္လို႔ ကပ္ေရာဂါ ဒဏ္သင့္နိုင္ငံေတြကို ကူညီတာေတြ လုပ္ေပးေနတာကိုေတြ႕ရပါတယ္။
Unicode Version
မြန်မာနိုင်ငံမှာ COVID -19 တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ တရုတ်စစ်ဘက်က ဆေးပညာကျွမ်းကျင်သူတွေနဲ့ ဆေးဝါးပစ္စည်းတွေဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပါပြီ။
ဆေးပညာရှင်တွေနဲ့ ဆေးဝါးပစ္စည်းတွေဟာ တရုတ်စစ်ဘက် လေယာဉ်နဲ့ ရောက်လာတာဖြစ်ပါတယ်။
ဒီလို တရုတ်စစ်ဘက်လေယာဉ်နဲ့ ဆေးဝါးပစ္စည်းတွေထောက်ပံ့တာဟာ သုံးကြိမ်မြောက်ရှိပြီဖြစ်ကာ စစ်ဘက်ဆေးပညာရှင်တွေကတော့ ပထမဆုံးပါဝင်လာတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ တရုတ်က အရပ်ဘက် ဆေးပညာရှင်အဖွဲ့ မြန်မာနိုင်ငံကိုရောက်လာပြီး အကူအညီ လာရောက်ပေးခဲ့ပါတယ်။ အခုတော့ အဲဒီအဖွဲ့ ပြန်သွားပါပြီ။
COVID -19 ဟာ တရုတ်နိုင်ငံမှာစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိ မှာတော့ တရုတ်ဟာ နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုကို ထိန်းထားတဲ့အခြေအနေကိုရောက်နေပြီဖြစ်လို့ ကပ်ရောဂါ ဒဏ်သင့်နိုင်ငံတွေကို ကူညီတာတွေ လုပ်ပေးနေတာကိုတွေ့ရပါတယ်။
#crd 7days